Monday, September 23, 2013

ကန့်ဘလူ တပ်သိမ်းမြေများ ပြန်ပေးရန် စိစစ်ပြီးဟုဆို

Monday, September 23, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း တပ်သိမ်းမြေဧက တစ်သောင်းကျော်ကို မူလလယ်ပိုင် ရှင်များကို ပြန်လည် ပေးအပ်နိုင်ရန် အတွက် လယ်မြေတိုင်းတာ စိစစ်မှုများပြီး စီးသွားပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် မြေစာရင်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမင်း က ပြောကြားသည်။“မြေတိုင်းတာတွေနဲ့ အမှုတွဲ တည်ဆောက်တာတွေ အကုန်ပြီးစီးလို့ အထက်ကို တင်ပြ ထားတယ်။ အထက်က ပြန်ကျလာရင် ပေးရုံပဲ ရှိတော့တယ်” ဟု၎င်းကဆိုသည်။ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း ကျေးရွာရှိ ကြံစိုက်ပျိုးရေးတပ် (ကစရ) မှ သိမ်းယူထားသော လယ်မြေဧက ၅၀၀၀ ကျော်နှင့် ရေရှင်ကျေးရွာရှိ လယ်မြေဧက ၁၀,၇၀၀ ကို မြေတိုင်းတာမှုများ၊ မြေပုံ ထုတ်ခြင်းများနှင့် အမှန်တကယ် ဆုံးရှုံးနစ်နာခဲ့ကြသည့် တောင်သူများကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လယ်ယာမြေ များ ပြန်လည် လွှဲပြောင်းရန်အတွက် မြေလွှဲ အမှုတွဲ တည်ဆောက်မှုများ ပြီးသွား၍ အထက်သို့ တင်ပြ ထားေ ကြာင်း လက်ထောက် ညွန်ကြားရေးမှူးက ပြောကြားသည်။ငှက်ပျောတိုင်း ကျေးရွာရှိ တပ်သိမ်း မြေများကို မြို့နယ် မြေစာရင်း ဦးစီးဌာနက ဇွန်လအတွင်းမှ စတင်၍ မြေတိုင်းတာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မူလတောင်သူများကို ပြန်လည် ပေးအပ်ခြင်း မရှိသေးကြောင်းနှင့် အဆိုပါ လယ်မြေများကို သီးစားချထားခြင်း ခံရသူများက ဆက်လက်လုပ်ကိုင်လျက် ရှိကြောင်းလယ်မြေဧက ၁၂၀ သိမ်းယူခြင်း ခံခဲ့ရသော ငှက်ပျောတိုင်း ကျေးရွာ တောင်သူ ဦးကျော်ထွန်းနိုင် က ဆိုသည်။ရွှေဘိုခရိုင် အတွင်းရှိ ခင်ဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်များ အတွင်းရှိ တပ်သိမ်း လယ်ယာမြေ များကို တိုင်းတာစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကြောင်း ရွှေဘိုခရိုင် မြေစာရင်းဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List