Monday, September 23, 2013

ဒီဗီဒီခွေကူးစက်များဖမ်းဆီးရမိ

Monday, September 23, 2013
၂၂.၉.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဧရာဝဏ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် ဆင်ဆာမဲ့ခွေများခိုးကူးနေကြောင်း သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅) ရပ်ကွက်၊ ရွှေမဉ္ဇူလမ်းနေ မလှလှရီ၊ (ဘ)ဦးပေါ်ထွန်း၏နေအိမ်သို့ သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေရာ နေအိမ်နောက်ဖေးခန်းအတွင်းမှ e.copy ဒီဗီဒီခွေကူးစက် ဘောက်(၁၀)ဘောက်ပါ (၂)လုံး၊ e.copy ဒီဗီဒီခွေကူးစက် ဘောက်(၈)ဘောက်ပါ (၁)လုံးနှင့်ဆက်စပ်ကြိုးများ ၊ နိုင်ငံခြားဒီဗီဒီဇာတ်လမ်းခွေ (၂၅၄၀)ချပ်၊ ဒီဗီဒီခွေအလွတ် (၁၀၀၀)ချပ်၊ ပလပ်စတစ်အိတ်ထုပ်(၄)ထုပ်၊ ပလပ်စတစ်ခြင်း(၇)ခြင်း၊SVC စာတမ်းပါအင်ဗာတာ(၁)လုံး၊ခိုးကူးခွေစာရင်းရေးမှတ်ထား သည့် ဘောင်ချာစာရွက်(၄)ရွက်နှင့်စာအုပ်(၇)အုပ်၊ 
 ဘောလ်ပင်(၁) ချောင်း၊ ငွေကျပ် (၂၀၀၀၀)တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် ဒဂုံတောင်မြို့မ ရဲစခန်း(ပ)၇၉၁/၂၀၁၃၊ ဗီဒီယိုဥပဒေ ပုဒ်မ ၃၂(က)(ခ)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Photo: ဒီဗီဒီခွေကူးစက်များဖမ်းဆီးရမိ
Monday, September 23, 2013

၂၂.၉.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဧရာဝဏ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့ခွေများ
ခိုးကူးနေကြောင်း သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅)ရပ်ကွက်၊ ရွှေမဉ္ဇူလမ်းနေ မလှလှရီ၊ (ဘ)ဦးပေါ်ထွန်း၏နေအိမ်သို့ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ နေအိမ်နောက်ဖေးခန်း
အတွင်းမှ e.copy ဒီဗီဒီခွေကူးစက် ဘောက်(၁၀)ဘောက်ပါ (၂)လုံး၊ e.copyဒီဗီဒီခွေကူးစက် ဘောက်(၈)ဘောက်ပါ (၁)လုံးနှင့်
ဆက်စပ်ကြိုးများ ၊ နိုင်ငံခြားဒီဗီဒီဇာတ်လမ်းခွေ (၂၅၄၀)ချပ်၊ ဒီဗီဒီခွေအလွတ် (၁၀၀၀)ချပ်၊ ပလပ်စတစ်အိတ်ထုပ်(၄)ထုပ်၊ ပလပ်စတစ်ခြင်း(၇)ခြင်း၊ SVC စာတမ်းပါအင်ဗာတာ(၁)လုံး၊ ခိုးကူးခွေစာရင်းရေးမှတ်ထားသည့် ဘောင်ချာစာရွက်(၄)ရွက်နှင့်
စာအုပ်(၇)အုပ်၊ ဘောလ်ပင်(၁) ချောင်း၊ ငွေကျပ် (၂၀၀၀၀)တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် ဒဂုံတောင်မြို့မရဲစခန်း(ပ)၇၉၁/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(က)(ခ)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
Yangon Police

No comments:

Post a Comment

My Blog List