Thursday, September 26, 2013
ကမ္ဘာတွင် ပုစွန်ပို့ကုန် အများဆုံး တင်ပို့သည့် နိုင်ငံများအနက်
တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားအများဆုံး
လုပ်ခနည်းပါးစွာဖြင့် ခေါင်းပုံ ဖြတ်ခံနေရသည့် ပုစွန်စက်ရုံများနှင့်
မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် လုပ်သားများ အရေးကို
ဖြေရှင်းပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို နိုင်ငံတကာ အလုပ်သမား အခွင့်အရေး ဖိုရမ်က တောင်းဆိုလိုက်သည်။
ရေထွက်ကုန် ပစ္စည်းများ အကောင်းဆုံး ထုတ်လုပ်နိုင်သည့် (Best Aquaculture
Practices) လက်မှတ်ရ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပုစွန်လုပ်ငန်း
စက်ရုံခုနစ်ရုံကို သုတေသန ပြုချက်အရ ကလေးငယ်များနှင့် ရွှေ့ပြောင်းလုပ်သား
အခွင့်အရေး ချိုးဖောက်ခံရမှုများကို တွေ့ရှိခဲ့သဖြင့် ယင်းသို့
တောင်းဆိုခြင်း ဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား အခွင့်အရေး ဖိုရမ်
(International Labor Rights Forum-ILRF) စက်တင်ဘာလ ၂၄ ရက်နေ့တွင်
ထုတ်ပြန်သည်။ အဆိုပါ စက်ရုံများရှိ ရွှေ့ပြောင်း
လုပ်သားများအရေးကို ဆောင်ရွက်ပေးရေး အပြင် ထိုင်းနိုင်ငံ၏ အလုပ်သမားဆိုင်ရာ
ဥပဒေများကို ပြင်ဆင်ရေး၊ ရွှေ့ပြောင်း လုပ်သားများ၏ တုံ့ပြန်သံများကို
နားထောင်ကာ အခွင့်အရေး ကာကွယ်ရေး၊ ထိုင်း ပုစွန်စက်ရုံများက
လုပ်သားများအတွက် ပွင့်လင်း မြင်သာစွာနှင့် တာဝန်ယူမှု ရှိရှိ
အုပ်ချုပ်ရေးတို့ကို လုပ်ဆောင်ပေးရန် ILRF ၏ တောင်းဆိုချက်အရ သိရှိရသည်။
ထိုင်းတွင် ရွှေ့ပြောင်း လုပ်သားများသည် လွတ်လပ်စွာ အသင်းအပင်း
ဖွဲ့စည်းခွင့် မရသည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီး ထိုင်းအစိုးရကလည်း ILO
အသင်းအပင်း ဖွဲ့စည်းခွင့် ပြဋ္ဌာန်းချက်ကို လက်မှတ် မထိုးထားကြောင်း၊
ထိုင်းနိုင်ငံ၏ ရှိရင်းစွဲ ဥပဒေများက ရွှေ့ပြောင်း လုပ်သားများကို ခွဲခြားရာ
ရောက်ကြောင်း ILRF ထုတ်ပြန်ထားသည်။
အာဆီယံနိုင်ငံများရှိ
ရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် အာဆီယံစံနှုန်းအဖြစ်
သတ်မှတ်မည့် စာချုပ်စာတမ်းတစ်ခု ရေးဆွဲနေရာ အာဆီယံနိုင်ငံများက
ရွှေ့ပြောင်း လုပ်သားများသည် ဒေသတွင်း နိုင်ငံများတွင် ပြဋ္ဌာန်းထားသည့်
ဥပဒေပါ အခြေခံအခွင့်အရေး များကို ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း
ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ခြင်းနှင့်
မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ ကော်မတီ၏ ကိုးကြိမ်မြောက်အဖြစ်
မြန်မာနိုင်ငံတွင် ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲ သဘောတူညီချက်အရ
သိရှိရသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများကို
ဂရုစိုက် စောင့်ရှောက်ပေးသဖြင့် အသိအမှတ် ပြုသည်ဟု ပြည်ထောင်စု လွှတ်တော်
နာယက သူရဦးရွှေမန်း၏ စက်တာဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ သွားရောက်သည့်
ခရီးစဉ်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ကို
ပြောဆိုကြောင်း ထိုင်းအစိုးရ သတင်းဌာန တစ်ခုဖြစ်သည့် Thai News Agency တွင်
ဖော်ပြသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment