Monday, September 23, 2013

မန္တလေး-မူဆယ် လမ်း ကြောင်းမှ တစ်ပတ်အတွင်း တရားမဝင် ကုန်ပစ္စည်း ကျပ် ၂၁၇၅ သိန်းဖိုး ဖမ်းဆီးရမိ

Monday, September 23, 2013
မန္တ လေး-မူဆယ် ကုန်သွယ်ရေးလမ်း ကြောင်း မှ ယခုလတစ်ပတ်အတွင်း တရားမဝင် ကုန်ပစ္စည်း တင်သွင်း တင်ပို့မှုများအား ဖမ်းဆီးခဲ့ရာတွင် ကျပ် ၂၁၇၅ သိန်းဖိုး ဖမ်းဆီးရ မိခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သိရသည်။ယင်းသို့ ဖမ်းဆီးရမိရာတွင် မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း တွင် ပိတောက်သား သစ်ခွဲသားများ လေးတုံး၊ ခန့်မှန်း တန်ဖိုးကျပ် ၂၅ သိန်းခန့် ဖမ်းဆီး ရမိခဲ့ပြီး တီးတိန်မြို့နယ် ရိဒ်ထုတ် နုတ်အင်အားစခန်းတွင် သင်းခွေ ချပ်အခွံခြောက် ဆိုက်စုံ ၁၅ ကီ လို ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀ နှင့် တမူးမြို့များတွင် နံ့သာနီ ၂၂၆ ချောင်း၊ ၃၅၃၀ ဒသမ ၆ ပိဿာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အ ကောက်ခွန်ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ယင်းက''တားမြစ်ထားတာတွေကိုတရားမဝင်ကုန်သွယ်မှုလုပ်နေတယ်လို့ သတင်းရရင်ပဲ ဖြစ်ဖြစ်၊ စစ်ဆေးမှု လုပ်ရင်းနဲ့ တွေ့ ရင် ဖမ်းဆီးမှာပါ''ဟု ပြောသည်။ ဖမ်းဆီးရမိမှုများမှာ တရားမဝင် ကုန်သွယ်မှုများ ပြု လုပ် ပြီးတရားဝင်အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲသယ်ဆောင်လာခြင်းများကြောင့် ဖမ်းဆီးအ ရေးယူမှု များ ပြုလုပ်ရခြင်းဖြစ် ကြောင်း ယင်းက ဆက်လက်ပြော ကြားသည်။ တရားမဝင် ကုန်သွယ်မှုများ ပပျောက်အောင် သက်ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီးမှ တားဆီး ထိန်းချုပ်မှုများ ပြုလုပ်သော်လည်း တရားမဝင် ကုန်သွယ်မှုများမှာ ဖမ်း ဆီးရမိနေကြောင်း တီးတိန်မြို့ နယ် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တီးတိန်မြို့နယ် ရိဒ်(OSS) စစ်ဆေးရေးစခန်းတွင် ခရီးသည် တင်ယာဉ်ပေါ်၌ တင်ဆောင် လာသည့် ခရီးဆောင်အိတ် နှစ် လုံးအတွင်း တားမြစ်ထားသည့် သင်းခွေချပ်များ ဖမ်းဆီးရမိခဲ့ပြီး တမူးမြို့နယ် ပန်းသာရွာအနီးတွင် သတင်းရရှိမှုကြောင့် စစ်ဆေးခဲ့ ရာ နံ့သာနီချောင်းများ ဖမ်းဆီးရ မိခဲ့ကြောင်း ယင်းကဆက်လက် ပြောကြားသည်။ မန္တလေး-မူဆယ် ကုန်သွယ် ရေးလမ်းကြောင်းပေါ်ရှိ ၁၆ မိုင် ကျောက်ချော ပူးပေါင်းစစ်ဆေး ရေးစခန်း၌ မန္တလေးမှ လားရှိုးမြို့ သို့ ထွက်ခွာလာသည့် နစ်ဆန်း ယူဒီ ၁၀ ကားပေါ်တွင် နောက် ချေးများဖြင့် ဖုံးအုပ်သယ်ဆောင် လာသည့် သစ်ခွဲခြမ်းများအား တွေ့ ရှိခဲ့ကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment

My Blog List