Monday, September 23, 2013

ဘုရားကျောင်းဗုံးကွဲမှုကြောင့်လူ ၈၀ သေဆုံးခဲ့ရခြင်းအပေါ် ပါကစ္စတန်ခရစ်ယာန်များဆန္ဒပြ

Monday, September 23, 2013
ဘုရားကျောင်းတစ်ခုအတွင်း လူရှစ်ဆယ်ကျော်သေဆုံးခဲ့ရသည့် အသေခံဗုံးနှစ်လုံးခွဲမှုဖြစ်ပွားပြီးနောက် ခရစ်ယာန်ဘာသာဝင်များသည် ပိုမိုကောင်းမွန်သည့် ကာကွယ်မှုကိုတောင်းဆိုရန် ယနေ့တွင် ပါကစ္စတန်နို င်ငံ တဝှမ်း ဆန္ဒပြကြသည်။ ပါကစ္စတန်နိုင်ငံ၏ မြောက်ပိုင်းမြို့ပက်ရှဝါရှိ သူတော်စင်များ ဘုရားကျောင်း တွင် တနင်္ဂနွေနေ့က တိုက်ခိုက်ခံရခြင်းသည် ပါကစ္စတန်နိုင်ငံတွင်း လူနည်းစုခရစ်ယာန်တို့အပေါ် ပစ်မှတ် ထား တိုက်ခိုက်သည့် တိုက်ခိုက်မှုများထဲတွင် သေဆုံးမှုအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ခရစ်ယာန်ဘာသာဝင်များသည် အစ္စလာမ္မဘတ်၊ လာဟိုး၊ ကရာချီနှင့် ပက်ရှဝါအပါအဝင် မြို့ငယ်များနှင့် မြို့ကြီး များတွင် အကြမ်းဖက်ခြင်းကို ဆန့်ကျင်ရန်နှင့် အာဏာပိုင်များအနေနှင့် လူနည်းစုများကို ပိုမို ကာကွယ်ပေး ရန်တောင်းဆို ပြခဲ့ကြခြင်းဖြစ်သည်။ယနေ့ကားလမ်းများရှုတ်ချိန်နံနက်ပိုင်းတွင် အစ္စလာမ္မာဘတ်အဓိကအဝေးပြေးလမ်းကြီးကို ဆန္ဒပြသူ ၆၀၀ ကျော် နာရီပေါင်းများစွာပိတ်ဆို့ထားခဲ့သည်။ ပက်ရှဝါတွင် ဆန္ဒပြသူ ၂၀၀ ခန့်သည် လမ်းများပေါ် ထွက်ကာ ပေါက်ကွဲမှုမှဒဏ်ရာရရှိသည့် လူနာများအား ကုသနေသည့် ဆေးရုံပြတင်းပေါက်များကို ရိုက်ခွဲခြင်းနှင့် လမ်းမကြီးကို ပိတ်ဆို့ခြင်းများပြုလုပ်ခဲ့သည်။
တိုက်ခိုက်ခံရသည့် ဘုရားကျောင်းရှေ့တွင်လည်း လူတရာကျော်စုဝေးကာ တရားမျှတမှုကိုတောင်းဆိုပြီး ခရစ်ယာန်များကို ကာကွယ်ရန်ပျက်ကွက်ခဲ့သည့် အမျိုးသားအစိုးရကိုလည်း တိုက်ခိုက်သည့်ကြွေးကြော် သံများ အော်ဟစ်ခဲ့ကြသည်။ပါရှဝါရှိဘုရားကျောင်းများကို လုံခြုံရေးတိုးမြှင့်ထားပြီးဖြစ်ကြောင်း အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။ပါကစ္စတန်တာလီဘန်နှင့်ဆက်နွယ်နေသည့် အဖွဲ့တစ်ဖွဲ့က အမေရိ ကန်တို့ အာဖဂန်နယ်စပ်ရှိ တာလီဘန်နှင့် အယ်လ်ကိုင်ဒါတို့ကို လေကြောင်းဖြင့် ပစ်ခတ်နေခြင်း များအတွက် တုံ့ပြန်သည့်အနေဖြင့် ၎င်းလုပ်ရပ်ကို လုပ်ဆောင်ကြောင်း ပြောကြားခဲ့သည်။ပါကစ္စတန် ခရစ်ယာန်များသည် လူဦးရေသန်း ၁၈၀ရှိသည့် ပါကစ္စတန်လူဦးရေတွင် နှစ်ရာခိုင်နှုန်းသာရှိသည်။
Ref:AFP
မြန်မာ့ခေတ်

No comments:

Post a Comment

My Blog List