Tuesday, December 31, 2013
မြန်မာနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ သွားရောက်၍ ပါတီတွင်းစည်းရုံးရေး လုပ်ငန်းစဉ်များအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီဆန်းမှစတင်၍ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ရန် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲပါ ပါတီတွင်းဖြန့်ဝေသောစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အဆင့်ဆင့်သော စည်းရုံးရေးအဖွဲ့များ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ပြည်နယ်/ တိုင်းဒေသကြီးအလိုက် တာဝန်ပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။