Saturday, January 04, 2014

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား တက်ရောက်

Saturday, January 04, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင် သည် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သော ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည် အရာရှိ/ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ် များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဂုဏ်ထူးဆောင် တံဆိပ်နှင့်လက်မှတ် လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ သည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာတွင် အမိနိုင်ငံတော်ရဲ့ အချုပ်အခြာပိုင်နက်နယ်မြေ၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားတို့ကို ကာကွယ် စောင့်ရှောက် ကြရာတွင် တပ်မတော်ရဲ့ အစဉ်အလာကောင်း တစ်ဆယ့်နှစ်ရပ်နှင့်အညီ တို့တပ်မတော်ရဲ့ ရဲရဲဝံ့ဝံ့ စွန့်လွှတ် စွန့်စား ဆောင်ရွက်သည့် ဂုဏ်အင်များကို ပိုမိုတောက်ပြောင် ထယ်ဝါလာအောင် မိမိတို့ရဲ့ အသက်ခန္ဓာကို မဆုတ် မတွန့် နှင်းဆက်စွန့်လှူပြီး၊ ပေးအပ်ထားသည့် ရည်မှန်းချက် တာဝန်ဝတ္တရားများကို ပြီးမြောက်အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်မှု၊ ကြံ့ခိုင်သောစိတ်ဓာတ်၊ ခိုင်မြဲသောသန္နိဌာန်၊ စွန့်လွှတ်စွန့်စားသောစိတ်၊ ရဲဝံ့ပြောင် မြောက်သော သူရသတ္တိတို့ဖြင့် တာဝန်ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်မှ တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊ ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့်အပ်နှင်း ပေးလျက်ရှိကြောင်း။
တပ်မတော်ဆိုင်ရာ စွမ်းရည်ဘွဲ့/ တံဆိပ်(၁၂)မျိုးကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ်(၄၈/၂၀၀၉)ဖြင့် ပြဌာန်းခဲ့ပြီး ချီးမြှင့်ပေးလျက်ရှိပါကြောင်း။ ထို့အပြင် ကာကွယ်ရေးဌာနကောင်စီအထူး အမိန့် ထုတ်ပြန်ပြီး တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ် (၄၁)မျိုးကိုလည်း ချီးမြှင့်လျက် ရှိကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ(၂၅)ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူ(၄)ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ (၅)ဦးတို့ကို ချီးမြှင့်ပေးသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ (၅၄)ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ (၂၃၈)ဦးတို့ကို လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှာ တိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမှာ ဖြစ်ကြောင်း။
“တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ နိုင်ငံတော် အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၃၇ နဲ့ ၃၃၉ တို့တွင် အတိအလင်းပြဌာန်းထားကြောင်း။ နိုင်ငံတော်ကာကွယ်ရေးကို ဦးစီးဦးဆောင်ပြုလုပ်မည့် တို့တပ်မတော်မှာ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် စစ်သည်များလိုအပ်ကြောင်း။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ရဲစွမ်းသတ္တိရှိရှိဖြင့် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြဖို့ ဒို့တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ် ဆောင်ဆန်းက ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ တစ်တိုင်းပြည်လုံးသို့ အသံလွှင့်မိန့်ခွန်း ပြောကြားရာမှာ နောက်ဆုံး လူတစ်ယောက်၊ သေနတ် တစ်လက်၊ ဓားတစ်ချောင်း ကျန်သည်အထိ မြန်မာနိုင်ငံတော်ကို ကာကွယ် ရမယ်၊ သေမြေကြီး၊ ရှင်ရွှေထီး ဆိုသော မြန်မာစကားပုံအတိုင်း အစွမ်းကုန်ကြိုးစားကြရမယ်။ မြန်မာနိုင်ငံတော် သည် သစ်ပင်၊ ဝါးပင် မပေါက်နိုင်တော့ တဲ့ မြေပြင်ဖြစ်သွားပေမယ့် လွတ်လပ်ရေးကိုတော့ လက်လွတ်မခံနိုင်ဘူး၊ အလျှော့ပေးဖို့လည်း မဖြစ်နိုင်ဘူး၊ စစ်နိုင်ကြတဲ့အခါ ကျွန်တော်တို့ ပြန်လည်ထူထောင်ကြဖို့လိုတယ် လို့ပြောကြား ခဲ့ကြောင်း။
ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူအတွက် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကြရာတွင် မိမိတို့ကျရာ တာဝန် ဝတ္တရားများကို မဆုတ်မနစ်သည့် ဇွဲလုံ့လဖြင့် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သူများကို နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့ အခါသမယများမှာ ယခုကဲ့သို့ နှစ်စဉ်အမြဲ ချီးမြှင့်ဂုဏ်ပြုပေးနေမှာ ဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကြရာတွင် တပ်မတော်သားတိုင်း၏ ပင်မရေသောက်မြစ် ငါးသွယ်ဖြစ် သည့် အခြေခံအရည်အချင်း ငါးပါးကတစ်ဆင့် တပ်မတော်၏စိတ်ဓာတ်၊ သဘောတရားနှင့် လက်တွေ့ ပိုင်းဆိုင်ရာများ တွင် ပြည့်စုံပိုင်နိုင်ပြီး စွန့်လွှတ်စွန့်စား ပြောင်မြောက်ထက်သန်သော သူရစိတ်ဓာတ်ဖြင့် မိမိကျရာ လုပ်ငန်းတာဝန်များ ကို ကျေပွန်အောင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်သူများ၊ ပြည့်စုံမွန်မြတ်သည့် မှတ်တမ်းကောင်း ချန်ရစ် သူ ယောက်ျားကောင်း ယောက်ျားမြတ်များဖြစ်အောင် အစဉ်သဖြင့် ပြုစုတည်ဆောက် သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ရရှိသူများဖြစ်ကြသည့် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၇၅၁၈၊ ဒုတိယဗိုလ်မှူးကြီး တင်မောင်ဦး (ကိုယ်စား) ဇနီး ဒေါ်မာမာထွေး အားလည်းကောင်း၊ ပြန်တမ်းဝင်အမှတ် ကြည်း ၃၀၂၇၈ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ် အားလည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ နခတ-၁၀၀၁၆ ဗိုလ်မှူး စောမြခိုင် အား လည်းကောင်း၊ ပြန်တမ်းဝင် အမှတ်၊ ကြည်း ၃၅၀၈၇ ဗိုလ်ကြီး သန်းကျော် အား လည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၃၉၃၂၂ ဗိုလ်ကြီး ခင်လှဝင်း အား လည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၃၉၇၁၀ ဗိုလ်ကြီး ချစ်ကိုကို အား လည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၄၀၃၂၇ ဗိုလ်ကြီး အောင်ထွေးဝင်း အား လည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၄၀၅၉၉ ဗိုလ်ကြီး ရန်နောင်မိုး အား လည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၄၁၅၅၆ ဗိုလ်ကြီး တင်ဦး (ကိုယ်စား) မိခင် ဒေါ်ခင်စန်းဝင်း အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် ၅၂၇၇၈၈ တပ်ခွဲတပ်ကြပ်ကြီး စောမာရှယ် အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် ၆၁၂၅၉၆ တပ်ကြပ်ကြီး စိုးနိုင် အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် ၆၁၉၈၇၀ တပ်ကြပ်ကြီး ဆန်းဝင်း အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် ၆၃၁၅၁၆ တပ်ကြပ်ကြီး ရဲမြင့်အောင် အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် ၇၇၂၃၀၁ တပ်ကြပ်ကြီး ဌေးမောင် အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် ၈၆၇၂၉၆ တပ်ကြပ်ကြီး တင်ငွေ အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် ၇၇၂၂၆၅ တပ်ကြပ် လှမြင့်(ကိုယ်စား) ဇနီး ဒေါ်အေးအေးလွင် အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် ၉၁၇၀၈၄ ဒုတိယတပ်ကြပ် ရွှေဌေး(ကိုယ်စား) ဇနီး ဒေါ်လှလှမျိုးရီ အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် တ-၃၇၄၀၅၁ ဒုတိယတပ်ကြပ် လှိုင်မင်းသူ အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် တ-၃၇၆၂၄၀ ဒုတိယတပ်ကြပ် သော်တာအောင် အား လည်းကောင်း၊ ကိုယ်ပိုင် အမှတ် တ-၂၃၁၅၂၆ တပ်သား သူအောင်(ကိုယ်စား) မိခင် ဒေါ်မာမာရွှေအား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် တ-၃၂၀၂၉၅ တပ်သား မောင်စိုး အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် တ-၃၆၅၃၁၉ တပ်သား မျိုးသန့်(ကိုယ်စား) ဇနီး ဒေါ်အေးသန္တာစိုးအား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် တ-၄၀၄၀၅၃ တပ်သား မင်းသူ အား လည်းကောင်း၊ ကိုယ်ပိုင်အမှတ် တ-၄၀၆၅၄၆ တပ်သား ငြိမ်းချမ်းအောင်(ကိုယ်စား) ဇနီး ဒေါ်မေမိုးဝေ အား လည်းကောင်း သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့် လက်မှတ်များပေးအပ်သည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူများဖြစ်ကြည့် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၃၄၅၈၀ ဗိုလ်ကြီး ပြည့်ဖြိုးတင်ဖေ (အငြိမ်းစား) အားလည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၄၇၈၁၃ ဗိုလ်ကြီး သော်တာထွန်း အား လည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၄၇၈၁၇ ဗိုလ်ကြီး သက်အောင်ဇော်(အငြိမ်းစား) အား လည်း ကောင်း၊ ပြန်တမ်းဝင်အမှတ် ကြည်း ၅၆၆၂၈ ဗိုလ်ကြီး မင်းမင်းစိုး(အငြိမ်းစား) အား လည်းကောင်း သူရဲကောင်း လက်မှတ်များပေးအပ်သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ရရှိသူများ ဖြစ်ကြသည့် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၃၀၁၆၁ ဒုတိယ ဗိုလ်မှူးကြီး ဇော်မင်းအား လည်းကောင်း၊ ပြန်တမ်းဝင်အမှတ်အမှတ်၊ လေ ၂၄၅၁ ဗိုလ်မှူး ကျော်စိန်ဦး (အငြိမ်းစား)အား လည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၅၇၉၇၆ ဗိုလ် သန်းဌေးအောင် အားလည်းကောင်း၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၅၈၁၉၃ ဗိုလ်ကြီး ပေါ်လွင်ကျော် (အငြိမ်းစား)အားလည်းကောင်း ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ သည် တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခြင်း ခံရသူများနှင့် အခမ်းအနား တက်ရောက်လာကြသူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံ သည်။
ဂုဏ်ပြု လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံစဉ် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ မြ၀တီတေးဂီတအဖွဲ့မှ လွတ်လပ်ရေးနေ့ ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေသီဆိုပေးခဲ့ကြောင်း သတင်းရရှိသည်။

Senior General Min Aung Hlaing facebook

No comments:

Post a Comment

My Blog List