Friday, December 27, 2013

ယင်းလတ်အစိုးရ ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ငြင်းဆို


27-12-2013

ယခု သောကြာနေ့သည် လက်ရှိဖြစ်ပွားနေသည့် ထိုင်းနိုင်ငံဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုအများဆုံးဖြစ်ခဲ့ သည့်နေ့ ဖြစ်ခဲ့သည်။ ခဲများနှင့် ပစ်ခတ်တိုက်ခိုက်သူအချို့နှင့် ထင်ထင်ရှားရှားလက်နက်ကိုင်ဆောင်သော သူများလည်းပါဝင်သော သဘောထားတင်းမာသူအုပ်စုသည် ကိုယ်စားလှယ်လောင်းများကို မှတ်ပုံတင်နေသည့် ရွေးကောက်ပွဲကော်မရှင်ရုံးစိုက်ရာ အားကစားကွင်းထဲသို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားနေကြသည်။ ရဲတပ်ဖွဲ့ဝင်များကလည်း မျက်ရည်ယိုဗုံးများကို သုံးကာလူစုခွဲရန် ကြိုးစားနေကြသည်။

အခင်းဖြစ်ပွားရာတွင် သေနတ်ဒဏ်ရာနှင့် ရဲအရာရှိတစ်ဦးသေဆုံးခဲ့ရကာ သူနာပြုတစ်ဦးလည်း ဒဏ်ရာရခဲ့သည်။ အခြားရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူ ဒါဇင်များစွားလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ ကော်မရှင်က မံဆွယ်စည်းရုံးရာတွင် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးကို စိုးရိမ်ရသည့်အတွက်
လာမည့်ဖေဖော်ဝါရီလအတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းရန်အစိုးရကို တိုက်တွန်းထားသည်။

ပါလီမန်ကို ဖျက်သိမ်းထားပြီဖြစ်သောကြောင့် ရွေးကောက်ပွဲကို ဥပဒေကြောင်းရာဆိုင်းငံ့၍မရကြောင်း ပြောဆိုခဲ့သည်။ ဆန္ဒပြသမားများက အစိုးရ၏နေရာတွင် ရွေးကောင်ခံမဟုတ်သော " ပြည့်သူ့ကောင်စီ " နှင့် အစားထိုးချင်ကြသည်။ ယခုအားကစားကွင်းနှင့် ဆန္ဒပြသူများက အစိုးရရုံးဌာနများကို တိုက်ခိုင်နေစဉ်တွင် စစ်တပ်လုံခြုံရေးတပ်ဖွဲ့ဝင် များရှိနေသော်လည်း ယင်းတို့က ဘေးမှာကာနေပြီး ရဲတပ်ဖွဲ့ကိုသာ အဓိကနှိမ်နှင်းမှုများလုပ်စေကြောင်းကို ဘန်ကောက်ဘီဘီစီမှ
Jonathan head က သုံးသပ်ပြထားသည်။

အထပ်ပါဖြစ်ရပ်များက စစ်တပ်မှထောက်ခံမှုရရန် လက်ရှိအစိုးရက မလုပ်ဆောင်နိုင်သည့်အခြေအနေကို ပြနေပြီး ထိုင်းနိုင်ငံရေးတွင် စစ်တပ်သည် အရေးကြီးနေရာတွင် ရှိနေသေးကြောင်းနှင့် သြဇာကြီးနေဆဲဖြစ်ကြောင်းကို Head က ဆက်လက်ပြောဆိုခဲ့သည်။

ယခုအစိုးရသည် လာမည့်ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရနိုင်သော်လည်း
ထိုင်းနိုင်ငံ၌ သြဇာအကြီးဆုံး ဘုရင်အင်စတီကျူးရှင်းအပေါ်တွင်မူ သစ္စာစောင့်သိမှု မရှိနိုင်သောကြောင့် ၎င်းအတွက် အကန့်အသတ်များရှိနေသည်။

Ref : BBC News Asia
LYT အကျဉ်းပြန်ဆိုသည်။

No comments:

Post a Comment

My Blog List