Monday, December 30, 2013

လျော်ကြေးငွေ မယူထားသော မြေနေရာတွင် မြေများစုပုံမှုနှင့်ပတ်သက်၍ လက်ပံတောင်းတောင် ဒေသခံများဆန္ဒပြ

Monday, December 30, 2013

လက်ပံတောင်းတောင်ဒေသရှိ လျော်ကြေးငွေ မယူထာသော မြေနေရာများတွင် စွန့်ပစ်မြေများ လာရောက်စုပုံထားခြင်းအား
ပြေလည်အောင် မဖြေရှင်းပေးသဖြင့် ဒီဇင်ဘာ ၂၉ ရက်နေ့က ဒေသခံ ၈၀၀ ဦးခန့် ဆန္ဒပြခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
``ကျွန်တော်တို့ ပြေလည်အောင်မဖြေရှင်းနိုင်လို့ ခွင့်ပြုမိန့်တင်ပြီး မနေ့ကဆန္ဒပြခဲ့တာပါ´´ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ဒေသခံများသည် ထုံဆိပ်မှနေ၍ ညောင်ပင်ကြီးအထိချီတက်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လျော်ကြေးငွေမယူထားသော လယ်ယာမြေများပေါ်၍ ခြံစည်းသရိုးအခိုင်အမာခတ်ထားခြင်းရှိပြီး
ဒေသခံများမသိချိန် ညအခါ၌ ခြံစည်းရိုးအား အခိုင်အမာခတ်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးကပြောသည်။

``လျော်ကြေးမရတဲ့ နေရာတွေမှာ ခြံစည်းရိုးမခတ်တာတွေ အများကြီးရှိပါတယ်´´ဟု ၄င်းက ဆိုသည်။
ဒေသခံများအနေနှင့် ပြေလည်မှုရရှိသည်အထိ တိုက်ပွဲဝင်ရန်ရှိသည်ဟု ဒေသခံများထံမှသိရသည်။
မြေယာလျော်ကြေးငွေအား စက်တင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံးထုတ်ပေးခဲ့ရာ လျော်ကြေးငွေထုတ်ယူမှုမှာ ကျပ် ၃၄၅၅၂ ဒသမ ၇၄ သိန်းဖြစ်ကြောင်းသိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်
နိုင်ငံတော်အစိုးရက ၅၁ ရာခိုင်နှုန်း၊
မြန်မာ့စီးပွားရေးဦးပိုင်က ၁၉ ရာခိုင်နှုန်းနှင့် ၀မ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အကျိုးအမြတ်ရယူလုပ်ကိုင်နေခြင်းဖြစ်ပြီး အကျိုးအမြတ်ထဲမှ ၂ ရာခိုင်နှုန်းကို ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List