Sunday, December 29, 2013

ထိုင်းတွင် ပြည်ဝင်ဗီဇာသက်တမ်းလေးနှစ်ပြည့်ပြီး တရားဝင်ဆက်လက်လုပ်ကိုင်လိုသူများအတွက် အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်

29-12-2013
ထိုင်းနိုင်ငံတွင် ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက်အလုပ်လုပ်ကိုင်လိုသူများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအနေဖြင့် ထိုင်းအလုပ်ရှင်သည် ဆက်လက်အလုပ်လုပ်ကိုင်နိုင်ရန် အတွက် Demand Letter နှင့် ထိုင်းအလုပ်ရှင် အမည်ပါဝင်သော work permit မိတ္တူ၊ အလုပ်သမား၏ ယာယီနိုင်ငံကူးလက်မှတ် မိတ္တူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားသည့်ပုံစံ၊ နိုင်ငံသားဆိုင်ရာ အထောက်အထားမိတ္တူများနှင့်အတူ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာသံရုံးသို့ အနည်းဆုံး ခြောက်လ ကြိုတင်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားဖြည့်ထားသည့် လ၀က ပုံစံအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ပေးပို့၍ မြန်မာနိုင်ငံသားဟုတ်မဟုတ် စိစစ်အတည်ပြုချက် ရယူမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ပြီးသူများအား သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်နိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး (သို့မဟုတ်)နယ်စပ်စခန်းများသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားသည့် ပုံစံနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းအဖွဲ့သို့ ကြိုတင်ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအလုပ်ရှင်၏ Demand Letter များနှင့်အတူ One stop service Centrer များဖြစ်သည့် နယ်စပ်စခန်းများ၌ ပြည်ပအလုပ်အကိုင် သတ်သေခံကတ်ပြားထုတ်ယူ၍ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဗီဇာနှင့် ယာယီ ၏ work permit ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပြီး နယ်စပ်တွင် ပြည်ဝင်ဗီဇာသက်တမ်း တိုးပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် ပြီး မိမိတို့အလုပ်ရရှိသော ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးတွင် work permit လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများအနေဖြင့် သာမန် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီနိုင်ငံကူးလက်မှတ်သက်တမ်း ရှိနေသေး၍ လဲလှယ်ရန် ဆန္ဒမရှိပါက သာမန်နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်မလိုအပ်ဘဲ သက်တမ်းကုန်ဆုံးချိန်အထိ ဆက်လက်ကိုင်ဆောင်နိုင်ပြီး သက်တမ်းကုန်ဆုံးပါက သာမန်နိုင်ငံကူးလက်မှတ်ဖြင့်သာ အသုံးပြုရမည်ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်းကောင်း၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြားထုတ်ပေးရေးကို အလုပ်သမားဝန်ကြီးဌာနမှ လည်းကောင်း အသီးသီး တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

Eleven

No comments:

Post a Comment

My Blog List