Monday, December 30, 2013

ဆိုင်ကယ်ဦးထုပ်မပါသူများကို ချက်ချင်းဝယ်ဆောင်းစေကာ ပညာပေး

Monday, December 30, 2013

မြင်းခြံမြို့ပေါ်တွင် ယာဉ် စည်းကမ်းထိန်းသိမ်းရန်အတွက် ပညာပေးကာလအဖြစ် ဆိုင်ကယ် ဦးထုပ်မဆောင်းသူများကို မြင်းခြံ ခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ ဒုရဲမှူးခင်မောင်ချို ဦးဆောင်သော ခရိုင်စည်း/ထိန်း အဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူး ပေါင်းအဖွဲ့က ခြင်းခြံ-မိတ်္ထီလာ လမ်း (အောင်ဆန်းလမ်း) တွင် တစ်နေ့နှစ်ကြိမ် မော်တော်ဆိုင် ကယ်စီးနင်းသူများကို စစ်ဆေးနေ သည်။
“ဆိုင်ကယ်စီးလျှင် ဦးထုပ် ဆောင်းပါ”ဆောင်ပုဒ်နှင့်အညီ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများ ကို စစ်ဆေး၍ ချက်ချင်းဦးထုပ် ၀ယ်ဆောင်းစေသော ပညာပေး စနစ်ဖြင့် ဦးထုတ်ဆောင်းစေရာ ဒီဇင်ဘာ ၂၆ ရက်က ဦးထုပ် မဆောင်းသူ ၅၆ ဦးကို ပညာပေး ၍ဦးထုပ်ဝယ်ဆောင်းစေကြောင်း သိရသည်။

မြင်းခြံတွင် ဦးထုပ်မဆောင်း သူအများစုမှာ မြင်းခြံ ဂျီတီစီ ကျောင်းသား မြင်းခြံကောလိပ် ကျောင်းသား၊ အခြေခံအထက် တန်းကျောင်းသားများမှာ အများ ဆုံးတွေ့ရှိရပြီး ဦးထုပ်မဆောင်း သူများကိုပညာပေးကာလအတွင်း ဦးထုပ်ဝယ်ဆောင်းစနစ်၊ လှူဒါန်း စနစ်ဖြင့် ဆောင်ရွက်နေကြောင်း ဒုရဲမှူးက မီဒီယာကို ဆက်ပြော သည်။          

Hot News Journal

No comments:

Post a Comment

My Blog List