Friday, January 03, 2014

မန္တလေးတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် အငြင်းပွား လယ်မြေများသာ ထုတ်ပေးရန် ကျန်ဟုဆို

Friday, January 03, 2014

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ကို တောင်သူ ၉၈ ရာခိုင်နှုန်းကျော်ကို ထုတ်ပေးပြီး ဖြစ်၍ အငြင်းပွားမှုများ ရှိနေသည့် လယ်ယာမြေများသာ ထုတ်ပေးရန် ကျန်ရှိတော့ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းက ပြောကြားသည်။

ယင်းကျန်ရှိ လယ်မြေများသည် ပိုင်ဆိုင်မှုအတွက် အမှုရင်ဆိုင်နေရခြင်း၊ ကန့်ကွက်ခံ ထားရခြင်းနှင့် ပိုင်ရှင်အဖြစ် လိမ်လည် လျှောက်ထားမှုရှိခြင်း စသည်တို့ ဖြစ်ပွားနေသည့် လယ်ယာမြေများ ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူ ၁၆ သိန်းကျော်ရှိရာ တောင်သူ သုံးသောင်းကျော်ကို လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။“ရွာထဲမှာ တချို့မရသေးတာ ရှိတယ်။ လုပ်ငန်းမနိုင်လို့ ထင်တာပဲ။ ဦးပိုင် လေးခုလောက်ပိုင်တဲ့ သူကလက်မှတ် နှစ်ခုလောက်ပဲ ရသေးတာရှိတယ်” ဟု အမရပူရမြို့နယ် ညောင်နီပင်ကျေးရွာ ဒေသခံ တောင်သူတစ်ဦးက ဆိုသည်။

အဆိုပါ ဒေသအလိုက် လယ်ယာမြေ ပေါက်ဈေး သတ်မှတ်ရန်နှင့် ပေါင်နှံခွင့်ပြုမည့် ဘဏ်များ သတ်မှတ်ရန်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်များကို ၂၀၁၄ ခုနှစ် မတ်လအပြီး ထုတ်ပေးရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းက ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စီမံကိန်းကြောင့် သိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ တောင်သူများ လယ်ယာမြေ မှတ်ပုံတင်လက်မှတ် ရရှိရေးမှာ အမှုပြီးပြတ်မှသာ လက်မှတ် ထုတ်ပေးနိုင်မည် ဖြစ်ပြီး သိမ်းယူထားသည့် လယ်ယာမြေများကို အခြားနည်း အသုံးပြုခွင့် လက်မှတ် ရရှိပြီးပါကလည်း လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးမည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List