Sunday, December 29, 2013

ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာဆောင်ရွက်ရန် အရေးကြီးဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

၂၉.၁၂.၂၀၁၃၊ တနင်္ဂနွေနေ့

ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲ့ဝံ့စွာဆောင်ရွက်ရန် အရေး ကြီးကြောင်း အာဏာရပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အစည်းအဝေး၌ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပြည်တွင်းသာမက ကမ္ဘာ့နိုင်ငံများကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ မလုပ်တတ်၊ မကိုင်တတ်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သွေးစည်းရေးတွင်လည်းကောင်း၊ မှန်ကန်စွာ မဖော်ဆောင်နိုင်လျှင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်လည်းကောင်း များစွာအခက်အခဲ ရှိနိုင်ပါတယ်။ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တယ်။ မမျှော်မှန်းနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအဖြစ်မျိုးများမဖြစ်ရလေအောင် အစဉ်အလာရှိသော မိမိတို့ပါတီ၊ အနိုင်ရထားသောပါတီ၊ အနိုင်ရအစိုးရတို့က ဆင်ခြင်တုံတရားအပြည့်၊ ဥာဏ်ပညာ အမြော်အမြင်အပြည့် စိတ်ကောင်းစေတနာအမှန်တို့ဖြင့် ဆောင်ရွက်ပေးရန်လိုပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရေးမှာ ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ တင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည်လည်းကောင်း၊ ပြည်သူများ၏ ဆုံးဖြတ်ချက်များသည် လည်းကောင်း အလွန်အရေးကြီးပါတယ်။ ဒီအခွင့်အရေးကို မိမိတို့ပါတီ မိမိတို့အစိုးရနှင့် လုပ်ဖော်ကိုင်ဖက် ညီနောင်ပါတီများက မှန်မှန်ကန်ကန် ကျင့်သုံးနိုင်လျှင် မိမိတို့အမှန်တကယ် မျှော်လင့်လိုလားသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်လာမှာဖြစ်ပါတယ်"ဟု ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက တိုင်းရင်းသား စည်းလုံးညီညွတ်မှုမရှိဘဲ အမျိုးသားပြန်လည်သင့်မြတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်း ပြောကြားသည်။

"ဒီအချိန်၊ ဒီကာလအတွင်း တည်ငြိမ်အေးချမ်းမှု မရှိခြင်းများကြောင့် မမျှော်မှန်းနိုင်သော ကိစ္စရပ်များဖြစ်ပေါ်လာပါက တိုင်းပြည်နာမည်နဲ့ ပြည်သူများ နစ်နာဆုံးရှုံးမှုများ ဖြစ်လာမယ်။ ဒါ့ကြောင့် ပြည်သူမျက်နှာကို ကြည့်ရမယ်။ တိုင်းပြည်မျက်နှာကို ကြည့်ရမယ်။ လူတစ်စု၊ လူတစ်ဖွဲ့၊ ပါတီတစ်ခုအတွက် ကြည့်၍မဖြစ်ပါ။ ဒါ့ကြောင့် ပြည်သူ့မျက်နှာကိုကြည့်၊ တိုင်းပြည်မျက်နှာကိုကြည့်၊ ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ပြင်ဆင်ခြင်းအပါအ၀င်န နိုင်ငံတော်နှင့်ဆိုင်သော အခြားသောကိစ္စရပ်များကို ဆောင်ရွက်ရာမှာ သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းစေဖို့အတွက် ပြောင်းလဲသင့်တာတွေကို ရဲဝံ့စွာ ဆောင်ရွက်သွားရန်လည်း အရေးကြီးပါတယ်"ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသူများအား ပါတီသို့ရောက်ရှိလာသည့် နိုင်ငံရေးဆိုင်ရာ အကြံပြုစာများအားချပြခဲ့ပြီး အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက်တွင် ဆက်လက်ပြုလုပ်မည်ဟု သိရသည်။

ထို့ပြင် အရေးကြီးဆုံးဖြတ်ရန်ရှိသည့် အချက်များကိုလည်း ဒီဇင်ဘာ ၂၉ ရက် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည်ဟု သိရသည်။

EMG

No comments:

Post a Comment

My Blog List