Thursday, January 02, 2014
အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစီတယ်လို့ သံသယဖြစ်ခံရတဲ့ စစ်သွေးကြွအုပ်စုတစုကို အင်ဒိုရဲက ပစ်ခတ် နှိမ်နင်း ဖမ်းဆီးခဲ့ရာမှာ ၆ ဦး အသေဖမ်းမိပြီး ၁ ဦး အရှင် ဖမ်းမိတယ်လို့ အင်ဒိုနီးရှားသတင်းတွေက ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ နှစ် မေလက မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးထားသူတွေဆီက ရတဲ့ သတင်းအချက်အလက်နဲ့ အင်ဒို ရဲတပ်ဖွဲ့က ဂျကာတာ မြို့ပြင်တနေရာက အစွန်းရောက်အုပ်စု နေထိုင်ပုန်းအောင်းနေ တယ် လို့ ယူဆရတဲ့နေရာတခုကို နှစ်သစ်ကူးည သန်းခေါင်လောက်က သွားရောက်နှိမ်နင်းစဉ် အပြန်အလှန် ပစ်ခတ်မှု ၉ နာရီကြာ ဖြစ်ခဲ့ရာက အခုလို ဖမ်းဆီးရမိတာဖြစ်တယ်လို့ အင်ဒို ရဲတပ်ဖွဲ့ တာဝန်ရှိသူက မနေ့က ပြောပါတယ်။
အခုလို နှိမ်နင်း ဖမ်းဆီးရာမှာ လက်လုပ်ဗုံးတွေ၊ သေနတ် ၅ လက်အပါအဝင် ရူပီးငွေ သန်း ၂ဝဝ ကျော်နဲ့ အခြား ဖောက်ခွဲ ရေး ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆီးရမိတယ်လို့ အင်ဒို ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုလို စစ်သွေးကြွ အကြမ်းဖက် အစွန်းရောက်အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် အင်ဒို ရဲတဦးလည်း ဒဏ်ရာ ရခဲ့ တယ်လို့လည်း သိရပါတယ်။
The Irrawaddy (Burmese Version)

No comments:
Post a Comment