Wednesday, December 25, 2013

ကေအိုင်အေ ဖမ်းသည်ဆိုသော ရှမ်းများအရေး ဆွေးနွေးရန် စီစဉ်

25-12-2013
ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းရှိ ရွာများမှ ရှမ်းနီနှင့် ကချင်လူမျိုး ၇၀ ခန့်ကို ဖမ်းဆီးထားသည်ဟူ သောကိစ္စနှင့်စပ်လျဉ်း၍ ကေအိုင်အေနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု ရှမ်းရေးရာအဖွဲ့ (ကချင် ပြည်နယ်) ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ဒီဇင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဖမ်းဆီးခံရသည့် ရှမ်းများ ပြန်လွတ်ဖို့အတွက် ရှမ်းရေးရာအဖွဲ့က ကေအိုင်အေနဲ့ တွေ့ဆုံဆွေးနွေးသွား မယ်၊ အေအိုင်အေနဲ့တွေ့ဖို့ရက်အတွက် အဖွဲ့တွင်း အစည်းအဝေးလုပ်မယ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်းမှာ တွေ့သွားနိုင်ဖို့ လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။ ယနေ့အချိန်အထိ အမျိုးသမီး ရှစ်ဦး အပါ အ၀င် စုစုပေါင်း ၂၄ ဦးသာ ပြန်လည်လွတ်မြောက်သေးသည်ဟု ရှမ်းရေးရာအဖွဲ့ (ကချင်ပြည်နယ်) ၏ မှတ်တမ်းများက ဆိုသည်။

ကေအိုင်အေ၏ အဆိုအရမူ ဒီဇင်ဘာ ၁၆ ရက်ကတည်းက ခေါ်ဆောင်ခဲ့သည့် ကျေးရွာသား ၃၀ ဦးကို လွှတ်ပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ ထိုသို့ အငြင်းပွားရန် ဖြစ်လာခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်တွင် ကေအိုင်အေကို မကောင်းသောပုံရိပ်အဖြစ် ပုံဖော်နေသကဲ့သို့ဖြစ်သည်ဟု မြစ်ကြီးနားမြို့တွင် ရုံးစိုက်သည့် ကေအိုင်အေ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်ကူပြု အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောသည်။

“ကျွန်တော်တို့ဆီကို လာပြီးပြောလာတာတွေဆိုရင် ကေအိုင်အေကို တင်ပြပေးတယ် တင်ပြပေးလာတာတွေကို အကုန် လွှတ်ပေးနေတာပဲ သူတို့သဘောနဲ့သူတို့ တပ်တွင်း တာဝန်ထမ်းဆောင်ချင်လို့ နေခဲ့သူ တွေပဲ ရှိတော့တယ်”ဟု ၎င်းက ဆိုသည်။ သူ၏အဖွဲ့အနေဖြင့်မူ ဆုံးဖြတ်ချက်ချနိုင်သူများ မဟုတ်ကြသ ဖြင့် ယင်းနှင့်စပ်လျဉ်း၍ တင်ပြလာမှုများရှိပါက ကေအိုင်အေ ဗဟိုသို့ ဆက်လက် တင်ပြပေးခြင်းကိုသာ ဆောင်ရွက်နိုင်သည်ဟု ပြောသည်။

ရှမ်းရေးရာအဖွဲ့ (ကချင်ပြည်နယ်)၏ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ကြေညာချက်တွင် ကေအိုင်အေက ဒီဇင် ဘာလ အစောပိုင်းကာလအတွင်း ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားပြီး နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ကို ရှမ်းရေးရာအဖွဲ့ (ကချင်ပြည်နယ်)က အကြောင်းကြားစာပေးပို့ အကူအညီတောင်းခံ ထားသည်ဟု ပါရှိသည်။

အဆိုပါကိစ္စအပေါ် ကန့်ကွက်သည့်အနေဖြင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်၊ မြစ်ကြီးနားမြို့တို့တွင် နေထိုင်သည့် ရှမ်းလူမျိုး နှစ်သောင်းကျော်က ဒီဇင်ဘာ ၂၀ ရက်တွင် မြစ်ကြီးနားရှိ ကေအိုင်အေ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်ကူပြုအဖွဲ့ရုံးရှေ့တွင် ဖမ်းဆီးထားသူ များ အမြန်လွှတ်ပေးရေးစသဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List