Monday, December 30, 2013

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပမည်

30-12-2013
ရန်ကုန် အနောက်ပိုင်းခရိုင် အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း (အထက-၁ ဘောလုံး ကွင်း) ကရင်အမျိုးသား ရပ်ကွက်၌ ၂၇၅၃ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲတွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်သွားမည် ဖြစ်ကာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီတွင် အလံတော် အလေးပြုခြင်း၊ ဟောပြောပွဲ ကျင်းပခြင်း၊ သက်ကြီး ပူဇော်ပွဲနှင့်သြဝါဒပေးခြင်း များ ဆောင်ရွက်မည် ဖြစ်သည်။

ပျော်ပွဲရွှင်ပွဲများတွင် ပတ်လမ်း ပြေးပြိုင်ပွဲ၊ မီတာ ၁ဝဝ နှင့် မီတာ ၅ဝ အပြေးပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ ပိုက်ကျော် ခြင်းတို့ကို ကစားကြမည် ဖြစ်ပြီး ညနေ ၆ နာရီတွင် ရိုးရာအက၊ ဒုံးယိမ်းအကများ အပြင် ကရင်ရိုးရာ တေးသီချင်းများလည်း သီဆိုဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List