Wednesday, April 22, 2020

မန္တလေးသို့ ဝင်ရောက်လာသူများ (၂၈)ရက် Quarantine နေရမည့် အစီအစဉ် ယနေ့စတင်၊ နေရာ၊ဒေသ အတိအကျ မပါဘဲ မန္တလေးတိုင်း ပြင်ပ ရောဂါဖြစ်ပွားမှုများသည့် ဒေသများဟုသာ ဖော်ပြထား

Image may contain: 2 people, people standing and outdoor
မန္တလေးတိုင်း ပြင်ပ COVID-19 ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများသို့ သွားရောက်နေထိုင်ခဲ့ပြီး မန္တလေးတိုင်း အတွင်းသို့ ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် Quarantine (အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်း) (၂၈)ရက် နေထိုင်ရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ညွှန်ကြားစာ ထပ်မံထုတ်ပြန်သည်။

မန္တလေးတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဧပြီ(၂၁)ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားစာတွင် နေရာဒေသ အတိအကျ မပါရှိဘဲ မန္တလေးတိုင်း ပြင်ပ ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူများ Quarantine နေရမည်ဖြစ်ကြောင်းနှင့် ရောဂါပိုးတွေ့ရှိခြင်း မရှိသည့် ဒေသများသို့ သွားရောက်နေထိုင်ခဲ့ပြီး ပြန်လာသူဖြစ်ပါကလည်း တာဝန်ရှိသူများ၏ စစ်ဆေးမှုခံယူပြီး လိုအပ်လျှင် Quarantine နေရမည်ဟု ဖော်ပြထားသည်။
မန္တလေးတိုင်းအတွင်းသို့ ဝင်ရောက်လာသည့် မည်သူမဆို Quarantine ဝင်ရမည့်သဘောလားဟု တိုင်းအစိုးရ ဝန်ကြီးတစ်ဦးထံ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းရာ ၎င်းကိုယ်တိုင် အတိအကျ မသိရသေးဘဲ အသေးစိတ်ညွှန်ကြားချက် ထပ်မံထုတ်ပြန်ဖွယ် ရှိကြောင်းနှင့် လတ်တလောအနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားမှုများသည့် ဒေသများဖြစ်သော ရန်ကုန်တိုင်း (၇)မြို့နယ် အပါအဝင် ကလေးနှင့် တီးတိန်ကဲ့သို့ မြို့နယ်(၉)ခုမှ ပြန်လည်ရောက်ရှိလာသူများကို အဓိက ညွှန်းဆိုခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်း ထုတ်ပြန်ထားသည့် အမိန့်စာကို ဆင့်ပွားကာ မန္တလေးတိုင်းအတွက် ထုတ်ပြန်ခြင်း ဖြစ်ပြီး အဓိက ရည်ရွယ်သည်မှာ COVID-19 ရောဂါ ကူးစက်ပြန့်ပွာမှုမှ ကာကွယ်နိုင်ရေးအတွက် မည်သူမဆို အရေးတကြီး အကြောင်းကိစ္စ မရှိဘဲ ခရီးသွားလာခြင်း မပြုစေရန်အတွက် ဖြစ်သည်ဟု အထက်ပါ ဝန်ကြီးက ပြောသည်။ ယနေ့ ဧပြီ(၂၂)ရက်မှစတင်ကာ ယင်းညွှန်ကြားစာအတိုင်း ဆောင်ရွက်နေပြီဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်း ပြင်ပ ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည် ရောက်ရှိလာသူသည် Facility Quarantine (သတ်မှတ်နေရာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) (၂၁)ရက်နှင့် Home Quarantine (နေအိမ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) (၇)ရက် နေထိုင်ရမည်ဟု မန္တလေးတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ထို့အပြင် COVID-19 ရောဂါပိုး တွေ့ရှိခြင်း မရှိသည့်ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လာသူဖြစ်ပါက တာဝန်ရှိသူများ၏ စစ်ဆေးမှုခံယူပြီး လိုအပ်မှသာ Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ဆောင်ရွက်ရန်၊ မိသားစုလိုက် ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါက နေအိမ်အလွတ် (သို့မဟုတ်) သီးသန့်နေရာတွင် မိသားစုလိုက် Quarantine ပြုလုပ်လိုပါက သတ်မှတ်ရက်အတိုင်း ပြုလုပ်ခွင့်ပြုရန်၊ Hotel Quarantine ပြုလုပ်လိုပါက ခွင့်ပြုပေးရန်နှင့် မိသားစုလိုက် မဟုတ်ဘဲ တစ်ဦးချင်း ပြန်လာခြင်းဖြစ်ပါက သတ်မှတ်နေရာတွင် Facility Quarantine ခံယူရန် အထက်ပါ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
အဆိုပါ Quarantine ဝင်ရမည့် သူများအတွက် မန္တလေးမြို့ပေါ် (၅)မြို့နယ်တွင် ကန်တော်ကြီး သံဃာ့ဆေးရုံ၊ နဒီမြန်မာဟိုတယ်နှင့် မန္တလာဒီဂရီကောလိပ်တို့အား Quarantine Center များအဖြစ် ပြင်ဆင်ထားသည်ဟု မန္တလေးတိုင်းအစိုးရ ဝန်ကြီးတစ်ဦးက ပြောသည်။
လတ်တလောတွင် Quarantine ဝင်ရသူများ၏ စားသောက်ရေးအတွက် တိုင်းအစိုးရနှင့် အလှူရှင်များက လှူဒါန်းကျွေးမွေးနေသည်ဟုလည်း ၎င်းက ဆိုသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ဟုဆိုကာ မန္တလေတိုင်းအစိုးရက ဒေသန္တရအမိန့်၊ တားမြစ်မိန့်ကဲ့သို့ အမိန့်ညွှန်ကြားချက် အများအပြား ထုတ်ပြန်ထားပြီး မန္တလေးမြို့ပေါ်ရှိ အစားအသောက် အရောင်းဆိုင်များ၊ ဈေးများနှင့် ဈေးဆိုင်များ ဆိုင်ထိုင်ရောင်းချခွင့် မပြုတော့ဘဲ ပါဆယ်အနေဖြင့်သာ ရောင်ချရန် အမိန့်ထုတ်ထားသည်မှာ တစ်လနီးပါး ကြာမြင့်ပြီဖြစ်သည်။
ထို့အပြင် မန္တလေးတိုင်းအတွင်း ကုန်တင်ယာဉ်များနှင့် အိမ်စီးကားများမှအပ ခရီးသွားလာရေး ယာဉ်များ ဝင်ရောက်ခွင့် ပိတ်ပင်ထားသလို ဟိုတယ်၊မိုတယ်များနှင့် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းရန် အမိန့်ကိုလည် ဧပြီလကုန်အထိ သက်တမ်းတိုးထားသည်။ တစ်ချိန်တည်းမှာပင် မန္တလေးတိုင်းအတွင်း ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရန်နှင့် အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ရန်လည်း တိုင်းအစိုးရက အမိန့်ထုတ်ထားပြီး မလိုက်နာသူများကို အရေးယူလျှက်ရှိသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူ (၁၂၀)ကျော် ရှိပြီး မန္တလေးတိုင်းအတွင်း ယင်းရောဂါ ဖြစ်ပွားသူ (၂)ဦး ရှီသည်။ COVID-19 ရောဂါ ပိုးတွေ့သူ အများစုမှာ ပြည်တော်ပြန်များနှင့် ၎င်းတို့နှင့် ထိတွေ့မှုရှိသူများ ဖြစ်သည်။
Image may contain: tree and outdoor
Image may contain: 1 person, standing and outdoor
Image may contain: text
Image may contain: text
စစ်ကိုင်းတံတား နှာပေါက်အနီး မန္တလေးမြို့ဝင်ဂိတ်တွင် စစ်ဆေးနေမှုများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တွေ့ရစဉ်/ Photo - Saw Yan Paing.
မန္တလေးတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားစာ/ Photo – Ye Lwin FB.

#Mandalay_Indepth_News
.

မန္တလေးသို့ ဝင်ရောက်လာသူများ (၂၈)ရက် Quarantine နေရမည့် အစီအစဉ် ယနေ့စတင်၊
နေရာ၊ဒေသ အတိအကျ မပါဘဲ မန္တလေးတိုင်း ပြင်ပ ရောဂါဖြစ်ပွားမှုများသည့် ဒေသများဟုသာ ဖော်ပြထား
Mandalay In-depth News၊ ဧျပီ-၂၂
မန္တလေးတိုင်း ပြင်ပ COVID-19 ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများသို့ သွားရောက်နေထိုင်ခဲ့ပြီး မန္တလေးတိုင်း အတွင်းသို့ ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် Quarantine (အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်း) (၂၈)ရက် နေထိုင်ရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ညွှန်ကြားစာ ထပ်မံထုတ်ပြန်သည်။
မန္တလေးတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဧပြီ(၂၁)ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားစာတွင် နေရာဒေသ အတိအကျ မပါရှိဘဲ မန္တလေးတိုင်း ပြင်ပ ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူများ Quarantine နေရမည်ဖြစ်ကြောင်းနှင့် ရောဂါပိုးတွေ့ရှိခြင်း မရှိသည့် ဒေသများသို့ သွားရောက်နေထိုင်ခဲ့ပြီး ပြန်လာသူဖြစ်ပါကလည်း တာဝန်ရှိသူများ၏ စစ်ဆေးမှုခံယူပြီး လိုအပ်လျှင် Quarantine နေရမည်ဟု ဖော်ပြထားသည်။
မန္တလေးတိုင်းအတွင်းသို့ ဝင်ရောက်လာသည့် မည်သူမဆို Quarantine ဝင်ရမည့်သဘောလားဟု တိုင်းအစိုးရ ဝန်ကြီးတစ်ဦးထံ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းရာ ၎င်းကိုယ်တိုင် အတိအကျ မသိရသေးဘဲ အသေးစိတ်ညွှန်ကြားချက် ထပ်မံထုတ်ပြန်ဖွယ် ရှိကြောင်းနှင့် လတ်တလောအနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားမှုများသည့် ဒေသများဖြစ်သော ရန်ကုန်တိုင်း (၇)မြို့နယ် အပါအဝင် ကလေးနှင့် တီးတိန်ကဲ့သို့ မြို့နယ်(၉)ခုမှ ပြန်လည်ရောက်ရှိလာသူများကို အဓိက ညွှန်းဆိုခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်း ထုတ်ပြန်ထားသည့် အမိန့်စာကို ဆင့်ပွားကာ မန္တလေးတိုင်းအတွက် ထုတ်ပြန်ခြင်း ဖြစ်ပြီး အဓိက ရည်ရွယ်သည်မှာ COVID-19 ရောဂါ ကူးစက်ပြန့်ပွာမှုမှ ကာကွယ်နိုင်ရေးအတွက် မည်သူမဆို အရေးတကြီး အကြောင်းကိစ္စ မရှိဘဲ ခရီးသွားလာခြင်း မပြုစေရန်အတွက် ဖြစ်သည်ဟု အထက်ပါ ဝန်ကြီးက ပြောသည်။ ယနေ့ ဧပြီ(၂၂)ရက်မှစတင်ကာ ယင်းညွှန်ကြားစာအတိုင်း ဆောင်ရွက်နေပြီဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်း ပြင်ပ ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည် ရောက်ရှိလာသူသည် Facility Quarantine (သတ်မှတ်နေရာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) (၂၁)ရက်နှင့် Home Quarantine (နေအိမ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) (၇)ရက် နေထိုင်ရမည်ဟု မန္တလေးတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ထို့အပြင် COVID-19 ရောဂါပိုး တွေ့ရှိခြင်း မရှိသည့်ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လာသူဖြစ်ပါက တာဝန်ရှိသူများ၏ စစ်ဆေးမှုခံယူပြီး လိုအပ်မှသာ Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ဆောင်ရွက်ရန်၊ မိသားစုလိုက် ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါက နေအိမ်အလွတ် (သို့မဟုတ်) သီးသန့်နေရာတွင် မိသားစုလိုက် Quarantine ပြုလုပ်လိုပါက သတ်မှတ်ရက်အတိုင်း ပြုလုပ်ခွင့်ပြုရန်၊ Hotel Quarantine ပြုလုပ်လိုပါက ခွင့်ပြုပေးရန်နှင့် မိသားစုလိုက် မဟုတ်ဘဲ တစ်ဦးချင်း ပြန်လာခြင်းဖြစ်ပါက သတ်မှတ်နေရာတွင် Facility Quarantine ခံယူရန် အထက်ပါ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
အဆိုပါ Quarantine ဝင်ရမည့် သူများအတွက် မန္တလေးမြို့ပေါ် (၅)မြို့နယ်တွင် ကန်တော်ကြီး သံဃာ့ဆေးရုံ၊ နဒီမြန်မာဟိုတယ်နှင့် မန္တလာဒီဂရီကောလိပ်တို့အား Quarantine Center များအဖြစ် ပြင်ဆင်ထားသည်ဟု မန္တလေးတိုင်းအစိုးရ ဝန်ကြီးတစ်ဦးက ပြောသည်။
လတ်တလောတွင် Quarantine ဝင်ရသူများ၏ စားသောက်ရေးအတွက် တိုင်းအစိုးရနှင့် အလှူရှင်များက လှူဒါန်းကျွေးမွေးနေသည်ဟုလည်း ၎င်းက ဆိုသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ဟုဆိုကာ မန္တလေတိုင်းအစိုးရက ဒေသန္တရအမိန့်၊ တားမြစ်မိန့်ကဲ့သို့ အမိန့်ညွှန်ကြားချက် အများအပြား ထုတ်ပြန်ထားပြီး မန္တလေးမြို့ပေါ်ရှိ အစားအသောက် အရောင်းဆိုင်များ၊ စျေးများနှင့် စျေးဆိုင်များ ဆိုင်ထိုင်ရောင်းချခွင့် မပြုတော့ဘဲ ပါဆယ်အနေဖြင့်သာ ရောင်ချရန် အမိန့်ထုတ်ထားသည်မှာ တစ်လနီးပါး ကြာမြင့်ပြီဖြစ်သည်။
ထို့အပြင် မန္တလေးတိုင်းအတွင်း ကုန်တင်ယာဉ်များနှင့် အိမ်စီးကားများမှအပ ခရီးသွားလာရေး ယာဉ်များ ဝင်ရောက်ခွင့် ပိတ်ပင်ထားသလို ဟိုတယ်၊မိုတယ်များနှင့် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းရန် အမိန့်ကိုလည် ဧပြီလကုန်အထိ သက်တမ်းတိုးထားသည်။ တစ်ချိန်တည်းမှာပင် မန္တလေးတိုင်းအတွင်း ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရန်နှင့် အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ရန်လည်း တိုင်းအစိုးရက အမိန့်ထုတ်ထားပြီး မလိုက်နာသူများကို အရေးယူလျှက်ရှိသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူ (၁၂၀)ကျော် ရှိပြီး မန္တလေးတိုင်းအတွင်း ယင်းရောဂါ ဖြစ်ပွားသူ (၂)ဦး ရှီသည်။ COVID-19 ရောဂါ ပိုးတွေ့သူ အများစုမှာ ပြည်တော်ပြန်များနှင့် ၎င်းတို့နှင့် ထိတွေ့မှုရှိသူများ ဖြစ်သည်။
စစ်ကိုင်းတံတား နှာပေါက်အနီး မန္တလေးမြို့ဝင်ဂိတ်တွင် စစ်ဆေးနေမှုများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တွေ့ရစဉ်/ Photo - Saw Yan Paing.
မန္တလေးတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားစာ/ Photo – Ye Lwin FB.

No comments:

Post a Comment

My Blog List