Wednesday, April 22, 2020

အစိုးရ၏ ညမထွက်ရအမိန့်များကို မြို့နယ်တချို့က ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထပ်မံ တင်းကျပ်မှု ဥပဒေအရ ကျော်လွန်နေ

Image may contain: text
ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ဟန့်တားရေးအတွက် ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် မြို့နယ်တချို့က ပုဒ်မ ၁၄၄ ထုတ်ပြန် ညမထွက်ရ အမိန့်ကို ထပ်မံတင်းကျပ်လိုက်ရာ ယင်းသို့ တင်းကျပ်မှုသည် ဥပဒေအရကျော်လွန်နေမှုအဖြစ် ဥပဒေပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ မြိတ်မြို့နယ် အပါအဝင် မြို့နယ်တချို့တွင် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများက ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ညမထွက်ရ အမိန့် ကို ထပ်မံ တင်းကျပ်လိုက်ရာ ယင်းသို့တင်းကျပ်မှုသည် ဥပဒေအရ ကျော်လွန်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"ဒီလို ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ ဥပဒေကို ကျော်လွန်တာပေါ့။ တကယ်က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အမိန့်အရ ဒီလို ညမထွက်ရ ဒေသန္တရအမိန့်ဆိုတာနဲ့တင် လုံလောက်တယ်။ ပုဒ်မ ၁၄၄ ဆိုတာက ထုတ်ထားရင် လမ်းမှာ ပစ်သတ်လို့တောင်ရတယ်။ ဒါက ပြင်းထန်လွန်းတယ်။ ဆူပူမှုတွေမှာပဲ ပုဒ်မ ၁၄၄ ထုတ်ရမှာလေ။ နောက်ပြီး ပုဒ်မ ၁၄၄ ကို ထွေ/အုပ်တွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းက အမိန့်စာနဲ့ဆိုပြီး ထုတ်နေကြတာ။ ဥပဒေကြောင်းအရ လုပ်ခွင့်မရှိဘူးဆိုပေမယ့် လုပ်နေကြတယ်" ဟု ပြည်ထောင်စုမြန်မာနိုင်ငံရှေ့နေများနှင့်ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုသည်။
တောင်ကြီးမြို့၏ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်သည် ဧပြီလ ၁၈ ရက်နေ့မှ မေလ ၁၉ ရက်နေ့ အထိလည်းကောင်း၊ ကော့သောင်းမြို့နယ်နှင့်မြိတ်မြို့နယ်တို့၏ ညမထွက်ရ ပုဒ်မ ၁၄၄ သည် ဧပြီလ ၁၈ ရက်နေ့မှ နောက်ထပ် ၂ အထိလည်းကောင်း ထုတ်ပြန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ အချို့မြို့နယ်များတွင် ပုဒ်မ ၁၄၄ ထုတ်သော်လည်း အများစုသော မြို့နယ်များမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းမရှိဘဲ ဒေသန္တအရ အမိန့်ကိုသာ ထုတ်ပြန်ကြောင်း ၊ အထက်က ချမှတ်သော အမိန့်ကို အောက်ခြေ မြို့နယ် အုပ်ချုပ်ရေးမှူးက အမျိုးမျိုးရှုမြင် သုံးသပ် အမိန့်ထုတ်ကြသည့် ပုံံစံ ရှိနေကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။
ကော့သောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ကမူ " ကော့သောင်းမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ထားတာဟုတ်ပါတယ်။ ပုဒ်မ ၁၄၄ကတော့ အချိန်ကာလ အကန့်အသတ်ပါတာပေါ့။ နှစ်လ သတ်မှတ်တယ်။ လိုအပ်ရင်လည်း ထပ်တိုးမယ်ပေါ့။ ဥပဒေသဘောမှာက " ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
Image may contain: text
No photo description available.
Unicode Version
အစိုးရ၏ ညမထွက်ရအမိန့်များကို မြို့နယ်တချို့က ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထပ်မံ တင်းကျပ်မှု ဥပဒေအရ ကျော်လွန်နေ
ရန်ကုန်၊ ဧပြီ ၂၂
ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ဟန့်တားရေးအတွက် ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် မြို့နယ်တချို့က ပုဒ်မ ၁၄၄ ထုတ်ပြန် ညမထွက်ရ အမိန့်ကို ထပ်မံ တင်းကျပ်လိုက်ရာ ယင်းသို့ တင်းကျပ်မှုသည် ဥပဒေအရ ကျော်လွန်နေမှုအဖြစ် ဥပဒေပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ မြိတ်မြို့နယ် အပါအဝင် မြို့နယ်တချို့တွင် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများက ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ညမထွက်ရ အမိန့် ကို ထပ်မံ တင်းကျပ်လိုက်ရာ ယင်းသို့တင်းကျပ်မှုသည် ဥပဒေအရ ကျော်လွန်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"ဒီလို ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ ဥပဒေကို ကျော်လွန်တာပေါ့။ တကယ်က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အမိန့်အရ ဒီလို ညမထွက်ရ ဒေသန္တရအမိန့်ဆိုတာနဲ့တင် လုံလောက်တယ်။ ပုဒ်မ ၁၄၄ ဆိုတာက ထုတ်ထားရင် လမ်းမှာ ပစ်သတ်လို့တောင်ရတယ်။ ဒါက ပြင်းထန်လွန်းတယ်။ ဆူပူမှုတွေမှာပဲ ပုဒ်မ ၁၄၄ ထုတ်ရမှာလေ။ နောက်ပြီး ပုဒ်မ ၁၄၄ ကို ထွေ/အုပ်တွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းက အမိန့်စာနဲ့ဆိုပြီး ထုတ်နေကြတာ။ ဥပဒေကြောင်းအရ လုပ်ခွင့်မရှိဘူးဆိုပေမယ့် လုပ်နေကြတယ်" ဟု ပြည်ထောင်စုမြန်မာနိုင်ငံရှေ့နေများနှင့်ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုသည်။
တောင်ကြီးမြို့၏ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်သည် ဧပြီလ ၁၈ ရက်နေ့မှ မေလ ၁၉ ရက်နေ့ အထိလည်းကောင်း၊ ကော့သောင်းမြို့နယ်နှင့်မြိတ်မြို့နယ်တို့၏ ညမထွက်ရ ပုဒ်မ ၁၄၄ သည် ဧပြီလ ၁၈ ရက်နေ့မှ နောက်ထပ် ၂ အထိလည်းကောင်း ထုတ်ပြန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ အချို့မြို့နယ်များတွင် ပုဒ်မ ၁၄၄ ထုတ်သော်လည်း အများစုသော မြို့နယ်များမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းမရှိဘဲ ဒေသန္တအရ အမိန့်ကိုသာ ထုတ်ပြန်ကြောင်း ၊ အထက်က ချမှတ်သော အမိန့်ကို အောက်ခြေ မြို့နယ် အုပ်ချုပ်ရေးမှူးက အမျိုးမျိုးရှုမြင် သုံးသပ် အမိန့်ထုတ်ကြသည့် ပုံံစံ ရှိနေကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။
ကော့သောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ကမူ " ကော့သောင်းမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ထားတာဟုတ်ပါတယ်။ ပုဒ်မ ၁၄၄ကတော့ အချိန်ကာလ အကန့်အသတ်ပါတာပေါ့။ နှစ်လ သတ်မှတ်တယ်။ လိုအပ်ရင်လည်း ထပ်တိုးမယ်ပေါ့။ ဥပဒေသဘောမှာက " ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

No comments:

Post a Comment

My Blog List