Wednesday, April 22, 2020

ငှက်ဖျားကုသဆေး hydroxychloroquine က ကိုရိုနာဗိုင်းရပ်စ်အတွက် ထိရောက်မှုမရှိဟု လေ့လာတွေ့ရှိ

No photo description available.

Covid-19 ကုသရေးမှာ အလားအလာရှိတဲ့ ဆေးဝါတစ်ခုအဖြစ်အမွှမ်းတင်နေကြတဲ့ hydroxychloroquine ဆေးဟာ တကယ်လက်တွေ့စမ်းသပ်ကြည့်ရာမှာ ထိရောက်မှုမရှိဘူးလို့ အခုလ(၂၂)ရက် နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
Hydroxychloroquine ဆေးကို ငှက်ဖျားကုသဆေးအဖြစ်အသုံးပြုလာတာဟာ ဆယ်စုနှစ်များစွာရှိနေပြီဖြစ်ပြီး၊ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကုသရေးအတွက် အလားအလာရှိတဲ့ဆေးဝါးအဖြစ် အစောပိုင်းက ထင်ကြေးတွေ အမြောက်အများထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန် Veterans Health Administration ဆေးဘက်ဆိုင်ရာစင်တာတွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာပေါင်းရာပေါင်းများစွာကို လက်တွေ့ကုသပြီးလေ့လာကြည့်ရာမှာတော့ ဘာမှထိရောက်မှုမရှိဘူးလို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်လူနာ (၃၆၈)ဦးကို လက်တွေ့လေ့လာကြည့်ရာမှာ hydroxychloroquine ဆေးနဲ့ကုသပေးခဲ့တဲ့ လူနာ(၉၇)ဦးမှာ (၂၇.၈)ရာခိုင်နှုန်းသေဆုံးမှုရှိတယ်လို့ဆိုပါတယ်။ ဒီဆေးနဲ့ မကုသပေးတဲ့လူနာ (၁၅၈)ဦးကတော့ သေဆုံးနှုန်း (၁၁.၄)ရာခိုင်နှုန်းပဲရှိတယ်လို့ တွေ့ရှိရကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။

source photo : CNN

No comments:

Post a Comment

My Blog List