Wednesday, April 22, 2020

အမေရိကန်တွင် တစ်ရက်အတွင်း အမြင့်ဆုံး သေဆုံးနှုန်းအဖြစ် လူပေါင်း ၂၈၀၀ ကျော် သေဆုံး

Image may contain: one or more people and people sitting
COVID 19 ကမ္ဘာ့ကပ်ရောဂါ ဗဟိုချက်မဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် ယမန်နေ့က လူပေါင်း ၂၈၀၄ ဦး သေဆုံးခဲ့ပြီး ရောဂါစတင်ဖြစ်ပွားချိန်မှ ယခုအချိန်ထိ အများဆုံး သေဆုံးသည့် နေ့ရက်တစ်ရက် ဖြစ်လာခဲ့သည်။

အမေရိကန်တွင် ယမန်နေ့က လူပေါင်း ၂၅၉၈၅ ဦး ထပ်မံကူးစက်ခံရမှုကြောင့် လက်ရှိအချိန်ထိ ကူးစက်ခံရသူ စုစုပေါင်း ၈၁၉၁၆၄ ဦးအထိ ရောက်ရှိလာပြီဖြစ်သည်။ စုစုပေါင်း သေဆုံးသူဦးရေမှာလည်း ၇၅၂၅၄ ဦးရှိပြီး ဒုတိယအများဆုံး သေဆုံးသည့် အီတလီ၏ အရေအတွက်ထက်ပင် သုံးဆခန့် ရှိနေသည်။
နိုင်ငံအတွင်း နေ့စဉ် ကူးစက်နှုန်းသည် မတ်လ ၂၉ ရက်မှစတင်ကာ ၂၄ ရက်ဆက်တိုက် လူပေါင်း ၂၀၀၀၀ နှင့်အထက် နေ့စဉ် ကူးစက်နေခြင်း ဖြစ်ပြီး ဧပြီလ ၄ ရက်နေ့က ၃၄၄၀၃ ဦး တစ်ရက်အတွင်း စံချိန်တင် ကူးစက်ခဲ့သည်။
နယူးယောက်ပြည်နယ် တစ်ခုတည်းသည်ပင် ကူးစက်မှုပေါင်း ၂၅၆၅၅၅ ဦး ရှိရာ ယင်းအရေအတွက်သည် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ကူးစက်ခံရသည့် နိုင်ငံဖြစ်သော စပိန်နိုင်ငံ (ကူးစက်မှုပေါင်း - ၂၀၄၁၇၈ မှု) ထက်ပင် ပိုမိုများပြားနေသည်။ ယင်းပြည်နယ်တွင် လူပေါင်း ၁၉၆၃၉ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါသည် နိုင်ငံများနှင့် ဒေသပေါင်း ၂၁၀ အထိ ဆက်လက်ပျံ့နှံ့လျက်ရှိပြီး ကူးစက်မှုပေါင်း ၂၅၅၇၅၀၄ ဦးနှင့် သေဆုံးသူ ၆၉၀၆၈၁ ဦး အထိ ရောက်ရှိပြီ ဖြစ်ကြောင်း နောက်ဆုံးသတင်းအချက်အလက်များအရ သိရသည်။
AS
Ref;worldmeters

No comments:

Post a Comment

My Blog List