Monday, April 20, 2020

ကိုဗစ်ကပ်ရောဂါအတွက် တရုတ်တွင် တာဝန်ရှိ၍ အကျိုးဆက်များ ရင်ဆိုင်ရနိုင်ဟု အမေရိကန်သမ္မတထရမ့် သတိပေး

Image may contain: 1 person, standing and suit
အမေရိကန်သမ္မတ ထရမ့်က တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုအတွက် တာဝန်ရှိသဖြင့် အကျိုးဆက်များကို ရင်ဆိုင်ရနိုင်ဟု သတိပေးပြောဆိုလိုက်ကြောင်း နိုင်ငံတကာသတင်းများတွင် ရေးသားဖော်ပြထားသည်။

"ကမ္ဘာမှာ မပြန့်ပွားခင်မှာ ကပ်ရောဂါက တရုတ်ပြည်မှာ ရပ်တန့်သွားခဲ့ပြီ။ အခု ကမ္ဘာကြီးတစ်ခုလုံး ဒီကပ်ရောဂါကြောင့် အတိဒုက္ခရောက်ခံစားနေရပြီ" ဟု သမ္မတထရမ့်က ပြောဆိုသည်။
သမ္မတထရမ့်က တရုတ်နိုင်ငံအနေဖြင့် ဝူဟန်မြို့မှ စတင်ခဲ့သော ကပ်ရောဂါအတွက် အကျိုးဆက်များအတွက် ရင်ဆိုင်ခံစားသင့်၊ မသင့် မေးခွန်းထုတ်လိုက်သည်။
"သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို သူတို့ သေသေချာချာ သိတယ်ဆိုရင် အကျိုးဆက်တွေကို ရှိသင့်ပါတယ်" ဟု ထရမ့်က ဆိုသည်။
ကမ္ဘာကြီးတစ်ခုလုံးတွင် လူပေါင်း ၂ သန်းကျော် ကူးစက်နေပြီး လူပေါင်း ၁သိန်း ၆ သောင်းသေဆုံးစေခဲ့သော ဝူဟန်မြို့မှ စတင်သည့် ကပ်ရောဂါသည် အမှားတစ်ခုလား(သို့မဟုတ်) ရည်ရွယ်ချက်ရှိသည့် အမှားလားဟု လည်း ထရမ့်က မေးခွန်းထုတ်သွားသည်။
"ဒါကမထိန်းချုပ်နိုင်တဲ့အမှားလားဒါမှမဟုတ်တမင်တကာလုပ်ခဲ့တာလား။ဒီနှစ်ခုက ကြီးမားတဲ့ကွာခြားချက်ပါ" ဟု ထရမ့်က ဆိုသည်။
တရုတ်နိုင်ငံ၊ ဝူဟန်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်က အမေရိကန်က တရုတ်နိုင်ငံတွင်း ဝင်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း တရုတ်အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း၊ တရုတ်တို့အနေဖြင့် အခြေအနေဆိုးဝါးမှုများကို သိရှိခဲ့သော်လည်း အမေရိကန်ကို အလိုမရှိခဲ့ဟု ၎င်းက ပြောဆိုသည်။
"သူတို့ပြောတာက သူတို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်။ ဆိုတော့ ကြည့်ကြတာပေါ့ သူတို့ စုံစမ်းစစ်ဆေးမှုက ဘာတွေဖြစ်နေလဲဆိုတာ။ ဒါပေမယ့် ကျနော်တို့လည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်" ဟု ထရမ့်က ပြောဆိုသည်။
အမေရိကန်သမ္မတထရမ့်၏ အုပ်ချုပ်မှု ယန္တရားက ကော်ရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံဝူဟန်မြို့ရှိ လင်းနို့များကို စမ်းသပ်နေသည့် ဓာတ်ခွဲခန်းမှ မတော်တဆ လွတ်ထွက် ကူးစက်ပြန့်ပွားလာသည်ဆိုသော အမေရိကန်မီဒီယာများ၏ ရေးသားမှုများကို ဖယ်ထုတ်ငြင်းပယ်ခြင်းမရှိပေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က အမေရိကန်စစ်တပ်က ကော်ရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံတွင်းသို့ ယူဆောင်လာခဲ့သည် ပြောဆိုခဲ့ဖူးသည်။ Zhao Lijian က အမေရိကန်မီဒီယာများတွင် ဖော်ပြသော ဝူဟန်မြို့ ဓာတ်ခွဲခန်းမှ ကော်ရိုနာဗိုင်းရပ်စ်ပြန့်ပွားသည်ဆိုသော ပြောဆိုမှုများကို ငြင်းပယ်လိုက်ပြီး ယင်းပြောဆိုမှုသည် သိပ္ပံနည်းမကျဟု ပြောဆိုသည်။
အမေရိကန်သမ္မတထရမ့်က တရုတ်အာဏာပိုင်များ ထုတ်ပြန်ထားသော ကိုဗစ်ရောဂါ အသေအပျောက်စာရင်းများနှင့်ပတ်သက်၍လည်း သံသယရှိကြောင်း ပြောဆိုလိုက်ပြီး တရုတ်နိုင်ငံတွင် ရောဂါကူးစက်သူ လူဦးရေ ၁ သိန်းတွင် ၀ ဒသမ ၃၃ သာသေဆုံးနှုန်းရှိသည်ဟု တရုတ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင်မူ လူဦးရေ တစ်သိန်းတွင် ၁၁ ဒသမ ၂ သေဆုံးမှုနှုန်း ရှိပြီး စပိန်တွင် ၄၂ ဒသမ ၈၂ သေဆုံးမှုနှုန်းနှင့် ပြင်သစ်တွင် ၂၇ ဒသမ ၉၂ သေဆုံးမှုနှုန်းရှိနေသည်။
ဓာတ္ပုံ- ေအပီ

No comments:

Post a Comment

My Blog List