Wednesday, April 22, 2020

COVID -19 ဖြစ်စဉ်အတွက် အမေရိကန်ပြည်နယ်တစ်ခုက တရုတ်ခေါင်းဆောင်တွေကို တရားစွဲ

Image may contain: 4 people, people standing, suit and outdoor
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ်က တရုတ်နိုင်ငံ ခေါင်းဆောင်ပိုင်းကို အင်္ဂါနေ့(ဧပြီ ၂၁ ရက်)မှာ တရားစွဲလိုက်တယ်လို့သိရပါတယ်။ တရုတ်ဟာ ကပ်ရောဂါ ရပ်တန့်သွားစေဖို့ လုံလုံလောက်လောက် အရေးယူဆောင်ရွက်ခြင်းမရှိမှု၊ ရည်ရွယ်ချက်ရှိစွာ လိမ်လည်လှည့်ဖြားခဲ့မှုတွေအတွက် နစ်နာကြေးရလိုမှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
ကပ်ရောဂါဖြစ်စဉ်အပေါ် ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဗိုင်းရပ်စ်အရေးမှာ တရုတ်ရဲ့ ကဏ္ဍကို အာရုံစိုက်စစ်ဆေးဖို့လှုံ့ဆော်နေကာ တရုတ်ကို အရေးယူဆောင်ရွက်ဖို့ ကွန်ဂရက်မှာ တောင်းဆိုမှုတွေ ရှိနေစဉ် ယခုလို အမေရိကန် ပြည်နယ်တစ်ခုက တရားစွဲဆိုလာခဲ့တာဖြစ်ပါတယ်။
ထရန့်ရဲ့ ရီပတ်ဘလီကန်ပါတီ ဦးဆောင်တဲ့ မစ်ဆူရီပြည်နယ်က ထိခိုက်ဆုံးရှုံးမှုတွေအတွက် အတိအကျဖော်ပြမထားသော ပမာဏနဲ့ ရောဂါကာကွယ်ရေး ပစ္စည်းတွေ လျှို့ဝှက်သိုလှောင်ထားခဲ့မှု အပါအဝင် တရုတ်ရဲ့ ဆက်လက်လုပ်ဆောင်ချက်တွေအပေါ် ဖက်ဒရယ်တရားရုံးသို့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ “ တရုတ်အစိုးရဟာ COVID-19 ရဲ့ ကူးစက်ပုံ၊ အန္တရာယ်ကြီးပုံတို့နဲ့ပတ်သက်ပြီး ကမ္ဘာကို လိမ်ခဲ့တယ်၊ ဗိုင်းရပ်စ်အကြောင်း ဖွင့်ချတဲ့သူတွေကို အသံတိတ်စေခဲ့ပြီး ကပ်ရောဂါ ပျံ့နှံ့မှု ရပ်တန့်ရေးကို အနည်းငယ်သာ လုပ်ခဲ့ပါတယ်” လို့ မစ်ဆူရီ ရှေ့နေချုပ် အဲရစ် ဆက်ရှ်မစ် က ပြောဆိုခဲ့ပါတယ်။ “သူတို့ လုပ်ရပ်တွေအတွက် သူတို့ တာဝန်ခံရမှာပါ” လို့လည်း ၎င်းက ဆက်လက်ပြောဆိုပါတယ်။
အမေရိကန်ဥပဒေရဲ့ အချုပ်အခြာပိုင်မှုဆိုင်ရာ ကင်းလွတ်ခွင့် ဥပဒေသအရ ယခု တရားစွဲဆိုမှုရဲ့ အောင်မြင်နိုင်ခြေ အခွင့်အလမ်းက အလှမ်းဝေးပြီး ယျေဘုယအားဖြင့် နိုင်ငံရပ်ခြား အစိုးရတွေအပေါ် တရားရုံးရဲ့ အရေးယူဆောင်ရွက်ခြင်းအား တားမြစ်ထားပါတယ်။ ခန့်မှန်းတွက်ချက်မှုအရ မစ်ဆူရီပြည်နယ်အနေနဲ့ ဗိုင်းရပ်စ်ဖြစ်စဉ်နဲ့ ယင်းကို ကာကွယ်ဟန့်တားဖို့လုပ်ဆောင်ခဲ့ရတာတွေကြောင့် ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
No photo description available.
Ref : CNA
ကိုလင်း (အကုန်သိ သတင်းဌာန)

==== Unicode Version ====
COVID -19 ဖြစ်စဉ်အတွက် အမေရိကန်ပြည်နယ်တစ်ခုက တရုတ်ခေါင်းဆောင်တွေကို တရားစွဲ

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ်က တရုတ်နိုင်ငံ ခေါင်းဆောင်ပိုင်းကို အင်္ဂါနေ့(ဧပြီ ၂၁ ရက်) မှာ တရားစွဲလိုက်တယ်လို့သိရပါတယ်။ တရုတ်ဟာ ကပ်ရောဂါ ရပ်တန့်သွားစေဖို့ လုံလုံလောက်လောက် အရေးယူဆောင်ရွက်ခြင်းမရှိမှု၊ ရည်ရွယ်ချက်ရှိစွာ လိမ်လည်လှည့်ဖြားခဲ့မှုတွေအတွက် နစ်နာကြေးရလိုမှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
ကပ်ရောဂါဖြစ်စဉ်အပေါ် ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဗိုင်းရပ်စ်အရေးမှာ တရုတ်ရဲ့ ကဏ္ဍကို အာရုံစိုက်စစ်ဆေးဖို့လှုံ့ဆော်နေကာ တရုတ်ကို အရေးယူဆောင်ရွက်ဖို့ ကွန်ဂရက်မှာ တောင်းဆိုမှုတွေ ရှိနေစဉ် ယခုလို အမေရိကန် ပြည်နယ်တစ်ခုက တရားစွဲဆိုလာခဲ့တာဖြစ်ပါတယ်။
ထရန့်ရဲ့ ရီပတ်ဘလီကန်ပါတီ ဦးဆောင်တဲ့ မစ်ဆူရီပြည်နယ်က ထိခိုက်ဆုံးရှုံးမှုတွေအတွက် အတိအကျဖော်ပြမထားသော ပမာဏနဲ့ ရောဂါကာကွယ်ရေး ပစ္စည်းတွေ လျှို့ဝှက်သိုလှောင်ထားခဲ့မှု အပါအဝင် တရုတ်ရဲ့ ဆက်လက်လုပ်ဆောင်ချက်တွေအပေါ် ဖက်ဒရယ်တရားရုံးသို့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ “ တရုတ်အစိုးရဟာ COVID-19 ရဲ့ ကူးစက်ပုံ၊ အန္တရာယ်ကြီးပုံတို့နဲ့ပတ်သက်ပြီး ကမ္ဘာကို လိမ်ခဲ့တယ်၊ ဗိုင်းရပ်စ်အကြောင်း ဖွင့်ချတဲ့သူတွေကို အသံတိတ်စေခဲ့ပြီး ကပ်ရောဂါ ပျံ့နှံ့မှု ရပ်တန့်ရေးကို အနည်းငယ်သာ လုပ်ခဲ့ပါတယ်” လို့ မစ်ဆူရီ ရှေ့နေချုပ် အဲရစ် ဆက်ရှ်မစ် က ပြောဆိုခဲ့ပါတယ်။ “သူတို့ လုပ်ရပ်တွေအတွက် သူတို့ တာဝန်ခံရမှာပါ” လို့လည်း ၎င်းက ဆက်လက်ပြောဆိုပါတယ်။
အမေရိကန်ဥပဒေရဲ့ အချုပ်အခြာပိုင်မှုဆိုင်ရာ ကင်းလွတ်ခွင့် ဥပဒေသအရ ယခု တရားစွဲဆိုမှုရဲ့ အောင်မြင်နိုင်ခြေ အခွင့်အလမ်းက အလှမ်းဝေးပြီး ယျေဘုယအားဖြင့် နိုင်ငံရပ်ခြား အစိုးရတွေအပေါ် တရားရုံးရဲ့ အရေးယူဆောင်ရွက်ခြင်းအား တားမြစ်ထားပါတယ်။ ခန့်မှန်းတွက်ချက်မှုအရ မစ်ဆူရီပြည်နယ်အနေနဲ့ ဗိုင်းရပ်စ်ဖြစ်စဉ်နဲ့ ယင်းကို ကာကွယ်ဟန့်တားဖို့လုပ်ဆောင်ခဲ့ရတာတွေကြောင့် ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
Ref : CNA
ကိုလင်း (အကုန်သိ သတင်းဌာန)

No comments:

Post a Comment

My Blog List