Wednesday, April 22, 2020

ပြည်သူများမှာ ဥပဒေနှင့်ပတ်သက်ပြီး အမြင်စောင်းကာ ဖိနှိပ်ဖို့ပဲ ထင်ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပြောဆို

Image may contain: 1 person, sitting and indoor

ပြည်သူများမှာ ဥပဒေနှင့်ပတ်သက်ပြီး အမြင်စောင်းကာ ဖိနှိပ်ဖို့ပဲထင်ကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် COVID-19 ကာလတွင် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်သမားများ၏အရေး ကိစ္စများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်၊ အလုပ်သမားကိစ္စနှင့်ပတ်သက်ပြီး ဥပဒေဆိုတာဟာ ကျွန်မတို့နိုင်ငံမှာဆိုရင် ဥပဒေနဲ့ပတ်သက်ပြီး အမြင်စောင်းနေတာကြာပါပြီ။ ဘာလို့လည်းဆိုရင် ဒီမိုကရေစီမရခဲ့တဲ့ ခေတ်ကတည်းကစပြီးတော့ သိပ်ကြာတဲ့အခါကျတော့ ဥပဒေဆိုတာ ပြည်သူလူထုကို ဖိနှိပ်ဖို့လို့ပဲ ထင်ကြတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ ဟိုဘက်ဒီဘက်မျှတအောင်လို့။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မတို့ညွှန်ကြားချက် ထုတ်ထားပါပြီ။ ဥပဒေချိုးဖောက်ရင် ထိထိရောက်အရေးယူပါမယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြော သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်းမှ NLD ကိုစပြီးတော့ ထူထောင်ကတည်းက ပါတီရဲ့မူဝါဒတစ်ခုကိုက တရားဥပဒေ စိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးလို့ ဘာလို့ပြောခဲ့လည်းဆိုရင် ဒီနိုင်ငံမှာ အေးချမ်းသာယာဖို့၊ ဒီနိုင်ငံမှာ တည်ငြိမ် တိုးတက်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးလိုတယ်။ တရားဥပဒေနော် တရားတဲ့ဥပဒေပဲဖြစ်ရမယ်။ တရားမျှတတဲ့ ဥပဒေပဲဖြစ်ရမယ်။ ဥပဒေမတရားရင် ဘယ်လိုလုပ်မလဲ၊ ပြန်ပြင်ယူရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
၎င်းအနေနှင့် အစိုးရမှ ထုတ်ပြန်ချက်များ မရှင်းလင်းသည့်ကိစ္စနှင့် COVID 19 ကြောင့် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများအား စစ်ဆေးပြီးမှ ခွင့်ပြုပေးမည့်ဆိုသည့် ကြေညာချက်အား အချိန်ကပ်ပြီးမှ အစိုးရမှထုတ်ပြန် သည့်အပေါ် တောင်းပန်ကြောင်း ဆွေးနွေးရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ အလားတူ COVID 19 ရောဂါနှင့်ပတ်သက်ပြီး ဧပြီ ၂၁ ရက်နေ့သည် တစ်လပြည့်ပြီဖြစ်ပြီး ရောဂါဖြစ်ပွားမှု သည် ရန်ကုန်မြို့သည် အများဆုံးဖြစ်ကာ နယ်စပ်မှပြန်လာသူများမှာ အထူးစိုးရိမ်ရကြောင်းနှင့် နိုင်ငံတော် အနေနှင့် တတ်နိုင်သမျှစီစဉ်ထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
#PeopleMedia
Photo – Credit
(Unicode)
ပြည်သူများမှာ ဥပဒေနှင့်ပတ်သက်ပြီး အမြင်စောင်းကာ ဖိနှိပ်ဖို့ပဲ ထင်ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပြောဆို
………………………………………………………

ရန်ကုန်၊ ဧပြီ - ၂၂
ပြည်သူများမှာ ဥပဒေနှင့်ပတ်သက်ပြီး အမြင်စောင်းကာ ဖိနှိပ်ဖို့ပဲထင်ကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် COVID-19 ကာလတွင် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်သမားများ၏အရေး ကိစ္စများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အလုပ်ရှင်၊ အလုပ်သမားကိစ္စနှင့်ပတ်သက်ပြီး ဥပဒေဆိုတာဟာ ကျွန်မတို့နိုင်ငံမှာဆိုရင် ဥပဒေနဲ့ပတ်သက်ပြီး အမြင်စောင်းနေတာကြာပါပြီ။ ဘာလို့လည်းဆို ရင် ဒီမိုကရေစီမရခဲ့တဲ့ ခေတ်ကတည်းကစပြီးတော့ သိပ်ကြာတဲ့အခါကျတော့ ဥပဒေဆိုတာ ပြည်သူလူထုကို ဖိနှိပ်ဖို့လို့ပဲ ထင်ကြတယ်။ တရားဥပဒေစိုးမိုးရေးဆို တာ ဟိုဘက်ဒီဘက်မျှတအောင်လို့။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မတို့ညွှန်ကြားချက် ထုတ်ထားပါပြီ။ ဥပဒေချိုး ဖောက်ရင် ထိထိရောက်အရေးယူပါမယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြော သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်းမှ NLD ကိုစပြီးတော့ ထူထောင်ကတည်းက ပါတီရဲ့မူဝါဒတစ်ခုကိုက တရားဥပဒေ စိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးလို့ ဘာလို့ပြောခဲ့လည်းဆိုရင် ဒီနိုင်ငံမှာ အေးချမ်းသာယာဖို့၊ ဒီနိုင်ငံမှာ တည်ငြိမ် တိုးတက်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးလိုတယ်။ တရားဥပဒေနော် တရားတဲ့ဥပဒေပဲဖြစ်ရမယ်။ တရားမျှတတဲ့ ဥပဒေပဲဖြစ်ရမယ်။ ဥပဒေမတရားရင် ဘယ်လိုလုပ်မလဲ၊ ပြန်ပြင်ယူရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
၎င်းအနေနှင့် အစိုးရမှ ထုတ်ပြန်ချက်များ မရှင်းလင်းသည့်ကိစ္စနှင့် COVID 19 ကြောင့် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများအား စစ်ဆေးပြီးမှ ခွင့်ပြုပေးမည့်ဆိုသည့် ကြေညာချက်အား အချိန်ကပ်ပြီးမှ အစိုးရမှထုတ်ပြန် သည့်အပေါ် တောင်းပန်ကြောင်း ဆွေးနွေးရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ အလားတူ COVID 19 ရောဂါနှင့်ပတ်သက်ပြီး ဧပြီ ၂၁ ရက်နေ့သည် တစ်လပြည့်ပြီဖြစ်ပြီး ရောဂါဖြစ်ပွားမှု သည် ရန်ကုန်မြို့သည် အများဆုံးဖြစ်ကာ နယ်စပ်မှပြန်လာသူများမှာ အထူးစိုးရိမ်ရကြောင်းနှင့် နိုင်ငံတော် အနေနှင့် တတ်နိုင်သမျှစီစဉ်ထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
Photo – Credit

No comments:

Post a Comment

My Blog List