Friday, April 24, 2020

အဆိုးရွားဆုံးခံစားနေရသည့် ဥရောပ ငါးနိုင်ငံတွင် ကူးစက်မှုပေါင်း ရှစ်သိန်းခွဲကျော်နှင့် သေဆုံးသူ ကိုးသောင်းကျော်ရှိနေ

Image may contain: text
ကမ္ဘာကပ်ရောဂါ အဆိုးရွားဆုံးခံစားနေရသည့် ဥရောပရှိ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန် ငါးနိုင်ငံပေါင်း၏ စုစုပေါင်း ကူးစက်မှုအရေအတွက်သည် ၈၅၂၃၈၇ ဦးအထိ မြင့်တက်နေပြီး သေဆုံးသူဦးရေမှာ ၉၃၈၇၅ ဦး ရှိကြောင်း နောက်ဆုံးအချက်အလက်များအရ သိရသည်။

ဥရောပတွင် ကူးစက်မှု အရေအတွက် အများဆုံးနိုင်ငံမှာ စပိန်နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၂၁၃၀၂၄ ဦးနှင့် သေဆုံးသူ ၂၂၁၇၅ ဦးရှိသည်။ ပြန်လည် ကျန်းမာလာသူဦးရေမှာ ၈၉၂၅၀ ဦးရှိသည်။ ယမန်နေ့တစ်ရက်တည်းတွင် ၄၆၃၅ ဦး အသစ်ထပ်မံကူးစက်ခံရပြီး သေဆုံးသူ ၄၄၀ ဦး ရှိခဲ့သည်။
အီတလီနိုင်ငံသည် ကမ္ဘာနိုင်ငံများအနက် ဒုတိယအများဆုံး သေဆုံးသည့် နိုင်ငံဖြစ်ပြီး ကူးစက်မှုပေါင်း ၁၈၉၉၇၃ ဦးနှင့် သေဆုံးသူ ၂၅၅၄၉ ဦးရှိသည်။ ယမန်နေ့က အသစ် ထပ်မံကူးစက်သူ ၂၆၄၆ ဦးနှင့် သေဆုံးသူ ၄၆၄ ဦးရှိရာ ယခင်အပတ်ထက် နေ့စဉ် ကူးစက်မှုနှင့် သေဆုံးနှုန်း လျော့နည်းလာသည်။
နောက်ဆုံး အချက်အလက်များအရ ပြင်သစ်နိုင်ငံတွင် စုစုပေါင်း ကူးစက်သူ ၁၅၈၁၈၃ ဦးနှင့် သေဆုံးသူ ၂၁၈၅၆ ဦးရှိသည်။ ယမန်နေ့က အသစ်ထပ်မံကူးစက်သူ ၂၂၃၉ ဦးနှင့် သေဆုံးသူ ၅၁၆ ဦးရှိသည်။
အဆိုးရွားဆုံးခံစားနေရသည့် ဥရောပ ငါးနိုင်ငံအနက် ဂျာမနီနိုင်ငံမှာမူ သေဆုံးသူ အနည်းဆုံးဖြစ်ပြီး ကူးစက်မှုပေါင်း ၁၅၃၁၂၉ မှုတွင် ၅၅၇၅ ဦးသာ သေဆုံးထားသလို ပြန်လည်ကျန်းမာလာသူ ဦးရေမှာလည်း ၁၀၃၃၀၀ ဦးအထိ ရှိလာပြီ ဖြစ်သည်။ ယမန်နေ့က အသစ်ထပ်မံကူးစက်သူ ၂၄၈၁ ဦးနှင့် သေဆုံးသူ ၂၆၀ ဦး ရှိသည်။
ဗြိတိန်နိုင်ငံတွင် နေ့စဉ် လူပေါင်း ၄၀၀၀ နှင့်အထက် ကူးစက်မှုသည် ၁၆ ရက်ဆက် တိုင်ခဲ့ပြီး နိုင်ငံအတွင်း စုစုပေါင်း ကူးစက်မှု ၁၃၈၀၇၈ ဦးနှင့် သေဆုံးသူ ၁၈၇၃၈ ဦးအထိ မြင့်တက်လာပြီ ဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း ကူးစက်မှုပေါင်း ၂.၇ သန်းကျော်နှင့် သေဆုံးသူ ၁၉၁၀၆၁ ဦးရှိပြီး ပြန်လည်ကျန်းမာလာသူ ၇၄၅၉၀၅ ဦးရှိသည်။
Image may contain: text
No photo description available.
No photo description available.
No photo description available.
AS
Ref; worldmeters

No comments:

Post a Comment

My Blog List