Wednesday, April 22, 2020

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မနက်ဖြန်မှာ လူတွေနဲ့ စတင်စမ်းသပ်မယ်

Image may contain: 3 people, people standing
ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်ဖော်တဲ့ကိုရိုနာဗိုင်းရပ် Covid-19 ရောဂါကာကွယ်ဆေးကို ဧပြီ ၂၃ (ကြာသပတေးနေ့) နေ့ကစပြီး လူတွေနဲ့ စမ်းသပ်မယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ မနေ့က သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားသွားပါတယ်။

ဝန်ကြီးချုပ်ရဲ့ နေအိမ် အမှတ် (၁၀) ဒေါင်းနင်းလမ်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ အောက်စဖို့ဒ်တက္ကသိုလ် နဲ့ လန်ဒန် အင်ပီးရီးရယ်တက္ကသိုလ် နှစ်ခုက ဉီးဆောင်ပြီး ကာကွယ်ဆေး ထုတ်လုပ်နေရာ အစိုးရကလည်း စတာလင်ပေါင် ၄၂.၅ သန်းကို ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ဆေးအပြင် အစိုးရကို ဝေဖန်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေး ဝတ်စုံ (PPE) လုံလောက်မရှိတာနဲ့ ပတ်သတ်ပြီးလည်း ဝန်ကြီးက ကာကွယ်ပြောဆိုသွား ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ကုသရေးအတွက် ရှေ့တန်းမှ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံတွေကို ကူညီပြီးချုပ်လုပ်ပေးရန် ဗြိတိန်နို်ငငံရှိ ကုမ္ပဏီပေါင်း ၈,၀၀၀ ကျော်ကို အကူအညီတောင်းထားကြောင်းနဲ့ နိုင်ငံရှိကျန်းမာရေးပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံ ၁၅၉ ခုနဲ့လည်း အစိုးရက ပြောဆိုနေကြောင်း ကျန်းမာရေးဝန်ကြီး ဟန်းကော့က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံခြားမှ မှာယူတင်သွင်းရန်လည်း ဆက်သွယ်ထားကြောင်း အထူးသဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူရန် ဆောင်ရွက်နေကြောင်း၊ တူရကီနိုင်ငံကနေ ဝယ်ယူထားတဲ့ ကာကွယ်ရေးဝတ်စုံကို သွားရောက်သယ်ယူဖို့အတွက် ဗြိတိန်နိုင်ငံရဲ့ တော်ဝင်လေတပ်(RAF) ရဲ့ လေယာဉ်တစ်စင်းက သွားရောက်ပြီ ပစ္စည်းသယ်ယူနေကြောင်းပါ ထည့်သွင်းပြောဆိုသွားပါတယ်။
သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်မှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၈၂၈ ဦးရှိရာ သေဆုံးသူ စုစုပေါင်း ၁၇,၃၃၇ဦးရှိသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
Image may contain: 1 person
MDN
ကိုးကား -AFP

No comments:

Post a Comment

My Blog List