Monday, April 20, 2020

ပိုးတွေ့လူနာအသစ် ၃ ဦးထပ်မံတွေ့ရှိ၊ စုစုပေါင်း ၁၁၁ ဦးရှိလာ

Image may contain: text
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ယနေ့ (ဧပြီ ၁၉ ရက်)တွင် (ဒုတိယအသုတ်)အဖြစ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ည ၁၁ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်သည်။

အဆိုပါ လူနာသစ် (၃) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကျန်ရှိသော (၁၇၈) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့(ဧပြီ ၁၉ ရက်) ည ၁၁နာရီ ၁၅ မိနစ် အထိ ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၁) ဦးရှိနေပြီဖြစ်သည်။
No photo description available.
No photo description available.
သတငျး - အဉ်ဇလီသငျး / စံတောျခြိနျ
...............................................................
(Zawgyi Version)
ပိုးတွေ့လူနာအသစ် ၃ ဦးထပ်မံတွေ့ရှိ၊ စုစုပေါင်း ၁၁၁ ဦးရှိလာ
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ယနေ့ (ဧပြီ ၁၉ ရက်)တွင် (ဒုတိယအသုတ်)အဖြစ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ည ၁၁ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်သည်။
အဆိုပါ လူနာသစ် (၃) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကျန်ရှိသော (၁၇၈) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့(ဧပြီ ၁၉ ရက်) ည ၁၁နာရီ ၁၅ မိနစ် အထိ ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၁) ဦးရှိနေပြီဖြစ်သည်။
သတင်း - အဥ္ဇလီသင်း / စံတော်ချိန်

No comments:

Post a Comment

My Blog List