
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ကျန်းမာရေးအသိပေးမှုများကို Drone Speaker များဖြင့် နှိုးဆော်နိုင်ရန် ပညာရေးဝန်ကြီးဌာနှနှင့်ပူးပေါင်း၍စီစဉ်နေပြီဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့(ဧပြီ ၂၄ ရက်) တွင်ပြုလုပ်သည့် ချင်းပြည်နယ်မှ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
“နေရာတိုင်းမှာ လိုက်ပြီးအော်တာအကောင်းဆုံးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လိုက်အော်လို့ရှိရင် သုံးလေးငါးခါလောက်အော်တဲ့အခါကျတော့ နားထဲဝင်သွားတာပဲ။ နားထဲကနေပြီးတော့ ခေါင်းထဲဝင်သွားတာ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက တစ်နေ့ကို ငါးကြိမ်လောက်အော်ပေးဖို့ဆိုပြီးတော့ ညွှန်ကြားထားပါတယ်။ နောက်တစ်ခု သူတို့လုပ်နေတာက Drone Speaker တွေနဲ့လွှတ်ပြီး အော်လို့ရတယ်။ အဲဒီဟာတွေလည်း ပညာရေးဝန်ကြီးဌာနကနေ တတ်နိုင်သမျှ အမြန်ဆုံးလုပ်နေပါတယ်။ နိုင်ငံတော်ကလိုအပ်တဲ့ ငွေရေးကြေးရေးလည်း ပံ့ပိုးပေးမှာပါ။ ဒီ Drone Speaker ဆိုတာ အထူးသဖြင့် ချင်းတို့လို သွားရလာရခက်ခဲတဲ့ နေရာတွေမှာ သုံးလို့ဖြစ်မလားဆိုတာ လေ့လာရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များ၊ သုတေသနလုပ်နေသည့် လူငယ်များမှ Robot Trolley များ ထွင်နေသည်ဟု သိရကြောင်း၊ Robot Trolley များအပြင် Robot Container ၊ Robot Washing Machine များကဲ့သို့ လိုအပ်သည့်အရာများကိုလည်း ပညာရေးဝန်ကြီးဌာနက တတ်နိုင်သမျှအမြန်ဆုံးလုပ်ဆောင်နေကြောင်း၊ ယင်းအတွက် နိုင်ငံတော်မှ လိုအပ်သည့် ငွေရေးကြေးရေးများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ချင်းပြည်နယ်တွင် ဘာသာစကား ၅၃ မျိုး ခန့်ရှိသည့်အတွက် ကျန်းမာရေးအသိပညာပေးရာတွင် ဘာသာစကားအခက်အခဲရှိနေကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကိုလည်း ချင်းပြည်နယ်တွင်သုံးသည့် ဘာသာပေါင်းစုံဖြင့် ဘာသာပြန်နိုင်ရန် ကြိုးစားပေးမည်ဖြစ်ကြောင်း၊ ချင်းတိုင်းရင်းသားများအနေနှင့်လည်း ဘာသာပြန်ရာတွင် ဝိုင်းဝန်းကူညီစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။
ပုံစာ - ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ပြည်သူများအား ဆောင်ရန်/ရှောင်ရန် သတိပေးရန် နယ်သာလန်နိုင်ငံကအသုံးပြုနေသည့် Drone Speaker
သတင်း - စွမ်းရည်တိုး/စံတော်ချိန်
ဓာတ်ပုံ - EPA-EFE/MARCEL VAN HOORN
(Zawgyi Version)
ကျန်းမာရေးအသိပေးမှုများကို Drone Speaker များဖြင့် နှိုးဆော်ရန်စီစဉ်နေဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ကျန်းမာရေးအသိပေးမှုများကို Drone Speaker များဖြင့် နှိုးဆော်နိုင်ရန် ပညာရေးဝန်ကြီးဌာနှနှင့်ပူးေပါင်း၍စီစဉ်နေပြီဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့(ဧပြီ ၂၄ ရက်) တွင်ပြုလုပ်သည့် ချင်းပြည်နယ်မှ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
“နေရာတိုင်းမှာ လိုက်ပြီးအော်တာအကောင်းဆုံးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လိုက်အော်လို့ရှိရင် သုံးလေးငါးခါလောက်အော်တဲ့အခါကျတော့ နားထဲဝင်သွားတာပဲ။ နားထဲကနေပြီးတော့ ခေါင်းထဲဝင်သွားတာ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက တစ်နေ့ကို ငါးကြိမ်လောက်အော်ပေးဖို့ဆိုပြီးတော့ ညွှန်ကြားထားပါတယ်။ နောက်တစ်ခု သူတို့လုပ်နေတာက Drone Speaker တွေနဲ့လွှတ်ပြီး အော်လို့ရတယ်။ အဲဒီဟာတွေလည်း ပညာရေးဝန်ကြီးဌာနကနေ တတ်နိုင်သမျှ အမြန်ဆုံးလုပ်နေပါတယ်။ နိုင်ငံတော်ကလိုအပ်တဲ့ ငွေရေးကြေးရေးလည်း ပံ့ပိုးပေးမှာပါ။ ဒီ Drone Speaker ဆိုတာ အထူးသဖြင့် ချင်းတို့လို သွားရလာရခက်ခဲတဲ့ နေရာတွေမှာ သုံးလို့ဖြစ်မလားဆိုတာ လေ့လာရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များ၊ သုတေသနလုပ်နေသည့် လူငယ်များမှ Robot Trolley များ ထွင်နေသည်ဟု သိရကြောင်း၊ Robot Trolley များအပြင် Robot Container ၊ Robot Washing Machine များကဲ့သို့ လိုအပ်သည့်အရာများကိုလည်း ပညာရေးဝန်ကြီးဌာနက တတ်နိုင်သမျှအမြန်ဆုံးလုပ်ေဆာင်နေကြောင်း၊ ယင်းအတွက် နိုင်ငံတော်မှ လိုအပ်သည့် ငွေရေးကြေးရေးများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ချင်းပြည်နယ်တွင် ဘာသာစကား ၅၃ မျိုး ခန့်ရှိသည့်အတွက် ကျန်းမာရေးအသိပညာပေးရာတွင် ဘာသာစကားအခက်အခဲရှိနေကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကိုလည်း ချင်းပြည်နယ်တွင်သုံးသည့် ဘာသာပေါင်းစုံဖြင့် ဘာသာပြန်နိုင်ရန် ကြိုးစားပေးမည်ဖြစ်ကြောင်း၊ ချင်းတိုင်းရင်းသားများအနေနှင့်လည်း ဘာသာပြန်ရာတွင် ဝိုင်းဝန်းကူညီစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။
ပုံစာ - ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ပြည်သူများအား ဆောင်ရန်/ရှောင်ရန် သတိပေးရန် နယ်သာလန်နိုင်ငံကအသုံးပြုနေသည့် Drone Speaker
သတင်း - စွမ်းရည်တိုး/စံတော်ချိန်
ဓာတ္ပုံ - EPA-EFE/MARCEL VAN HOORN
No comments:
Post a Comment