Wednesday, April 22, 2020

ညွှန်ကြားချက်ထုတ်ပြန်ခြင်း အချိန်ကပ်သွားသဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် တောင်းပန်


Image may contain: 4 people, people sitting
တစ်နိုင်ငံလုံးက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသည် အစိုးရစစ်ဆေးပြီး ခွင့်ပြုမှသာ ဖွင့်လှစ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းမှာ အချိန်ကပ်သွားသဖြင့် တောင်းပန်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ကိုဗစ်ကာလ စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်သမားများအရေးနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးပြင်သစ်ညွန့်ဝေ (ခေါ်) ဦးမောင်မောင်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့နှင့် အွန်လိုင်းမှတစ်ဆင့် ရုပ်သံမှတ်တမ်းဖြင့် ဆွေးနွေးစဉ် ၎င်းက ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

သင်္ကြန်ပိတ်ရက်ရှည်ကာလအပြီး ရုံးဖွင့်ရက်ဖြစ်သည့် ဧပြီလ ၂၀ ရက်နေ့တွင် စတင်မည့် အထက်ပါ ညွှန်ကြားချက်ကို ဧပြီလ ၁၉ ရက်နေ့ ည ၈နာရီအချိန်မှသာ ထုတ်ပြန်သောကြောင့် စက်ရုံလုပ်ငန်းများ ပြင်ဆင်ချိန် အလွန်နည်းပါးသွားကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

“ပြင်ဆင်ချိန်အတော်နည်းတဲ့အတွက် (လုပ်ငန်းများကို) ပြောရဆိုရ အကြောင်းကြားရတာ ကသောင်းကနင်း တော်တော်ဖြစ်တယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ အများကြီးကြုံရပါတယ်” ဟု ၎င်းက တင်ပြသည်။

ယင်းအပြင် ထုတ်ပြန်ချက်တွင် ပါဝင်သည့် အသုံးအနှုန်းများ ဥပမာ အလုပ်ဌာနဆိုသည့် အသုံးအနှုန်းမှာ မည်သည့်လုပ်ငန်းများကို ဆိုလိုသည်ကို ဝေးဝါးစေကြောင်း၊ အလုပ်ဌာနမှာ ဆိုင်များ၊ ကုမ္ပဏီများကို ရည်ညွန်းခြင်းလည်း မဟုတ်သော်လည်း အကျူံးဝင်သည်ဟု ယူဆကာ ကုမ္ပဏီအချို့ အလုပ်ပိတ်သွား သည်များကိုလည်း တွေ့ရကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ မရှင်းလင်းသဖြင့် ကုမ္ပဏီများ၊ စက်ရုံများစသဖြင့် မြို့နယ်၊ ရပ်ကွက်အတွင်းရှိသည့် လုပ်ငန်းများကို ယင်းနေရာတွင် နေထိုင်သည့် ရပ်မိရပ်ဖများက ဖိအားပေး ပိတ်ခိုင်းခြင်းများနှင့်လည်း ကြုံရကြောင်း ဒေါ်ခိုင်ခိုင်နွယ်က တင်ပြသည်။

“မရှိမဖြစ်ဖွင့်ရမယ့် စားသောက်ကုန်လုပ်ငန်းတွေ ဖွင့်ရမယ်လို့ အမ (အတိုင်ခံ) ပြောသွားတယ်။ ကြေညာချက်က မရှင်းတဲ့အခါကျတော့ စားသောက်ကုန်လုပ်ငန်းတွေ၊ ရေသန့်စက်ရုံတွေတောင် ပိတ်လိုက်ရတာတောင် ကြုံရပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် အစိုးရ၏ အမိန့်၊ ကြေညာချက်များ၊ ညွှန်ကြားချက်များသည် ပြည့်စုံရှင်းလင်းပြီး ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်အောင် ထုတ်ပြန်ပေးနိုင်ရန် လိုအပ်သည်ဟု ၎င်းက တိုက်တွန်းသည်။

ယင်းသို့ တင်ပြချက်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ကမူ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် အချိန်ကပ် သွားသည်ကို လက်ခံကြောင်း၊ အခြေအနေအရ မြန်မြန်ဆန်ဆန် ထုတ်ပြန်ရန် လိုအပ်သဖြင့် ထုတ်ပြန် လိုက်ခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။

“တကယ်တော့လည်း စောစာစီးစီးကတည်းက စီစဉ်ပြီး ထုတ်သင့်တယ်ဆိုတာကိုလည်း သဘောပေါက် ပါတယ်။ နောက်ဆိုရင်တော့ အချိန်မီပြင်ဆင်နိုင်အောင်လို့ ကြိုတင်ထုတ်ပြန်ဖို့ စီစဉ်ပါမယ်။ နောက်မဖြစ်အောင် သတိထားပါမယ်” ဟု ၎င်းက ပြောဆိုသည်။

ကြေညာချက်တွင် မရှင်းမလင်းဖြစ်သည့် အချက်များကို သုံးသပ်ကာ ရှင်းရှင်းလင်းလင်းဖြစ်အောင် တစ်ရက်၊ နှစ်ရက်အတွင်း ချက်ချင်းပြင်ဆင်ပေးမည်ဟုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိပေးခဲ့သည်။
ညွှန်ကြားချက်ထုတ်ပြန်ခြင်း အချိန်ကပ်သွားသဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် တောင်းပန်

ရန်ကုန်၊ ဧပြီ ၂၂

တစ်နိုင်ငံလုံးက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသည် အစိုးရစစ်ဆေးပြီး ခွင့်ပြုမှသာ ဖွင့်လှစ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းမှာ အချိန်ကပ်သွားသဖြင့် တောင်းပန်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကိုဗစ်ကာလ စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်သမားများအရေးနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးပြင်သစ်ညွန့်ဝေ (ခေါ်) ဦးမောင်မောင်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့နှင့် အွန်လိုင်းမှတစ်ဆင့် ရုပ်သံမှတ်တမ်းဖြင့် ဆွေးနွေးစဉ် ၎င်းက ယင်းသို့ပြောဆိုခြင်းဖြစ်သည္။

သင်္ကြန်ပိတ်ရက်ရှည်ကာလအပြီး ရုံးဖွင့်ရက်ဖြစ်သည့် ဧပြီလ ၂၀ ရက်နေ့တွင် စတင်မည့် အထက်ပါ ညွှန်ကြားချက်ကို ဧပြီလ ၁၉ ရက်နေ့ ည ၈နာရီအချိန်မှသာ ထုတ်ပြန်သောကြောင့် စက်ရုံလုပ်ငန်းများ ပြင်ဆင်ချိန် အလွန်နည်းပါးသွားကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

“ပြင်ဆင်ချိန်အတော်နည်းတဲ့အတွက် (လုပ်ငန်းများကို) ပြောရဆိုရ အကြောင်းကြားရတာ ကသောင်းကနင်း တော်တော်ဖြစ်တယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ အများကြီးကြုံရပါတယ်” ဟု ၎င်းက တင်ပြသည်။

ယင်းအပြင် ထုတ်ပြန်ချက်တွင် ပါဝင်သည့် အသုံးအနှုန်းများ ဥပမာ အလုပ်ဌာနဆိုသည့် အသုံးအနှုန်းမှာ မည်သည့်လုပ်ငန်းများကို ဆိုလိုသည်ကို ဝေးဝါးစေကြောင်း၊ အလုပ်ဌာနမှာ ဆိုင်များ၊ ကုမ္ပဏီများကို ရည်ညွန်းခြင်းလည်း မဟုတ်သော်လည်း အကျံူးဝင်သည်ဟု ယူဆကာ ကုမ္ပဏီအချို့ အလုပ်ပိတ်သွား သည်များကိုလည်း တွေ့ရကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ မရှင်းလင်းသဖြင့် ကုမ္ပဏီများ၊ စက်ရုံများစသဖြင့် မြို့နယ်၊ ရပ်ကွက်အတွင်းရှိသည့် လုပ်ငန်းများကို ယင်းနေရာတွင် နေထိုင်သည့် ရပ်မိရပ်ဖများက ဖိအားပေး ပိတ်ခိုင်းခြင်းများနှင့်လည်း ကြုံရကြောင်း ဒေါ်ခိုင်ခိုင်နွယ်က တင်ပြသည်။

“မရှိမဖြစ်ဖွင့်ရမယ့် စားသောက်ကုန်လုပ်ငန်းတွေ ဖွင့်ရမယ်လို့ အမ (အတိုင်ခံ) ပြောသွားတယ်။ ကြေညာချက်က မရှင်းတဲ့အခါကျတော့ စားသောက်ကုန်လုပ်ငန်းတွေ၊ ရေသန့်စက်ရုံတွေတောင် ပိတ်လိုက်ရတာတောင် ကြုံရပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် အစိုးရ၏ အမိန့်၊ ကြေညာချက်များ၊ ညွှန်ကြားချက်များသည် ပြည့်စုံရှင်းလင်းပြီး ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်အောင် ထုတ်ပြန်ပေးနိုင်ရန် လိုအပ်သည်ဟု ၎င်းက တိုက်တွန်းသည်။

ယင်းသို့ တင်ပြချက်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ကမူ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် အချိန်ကပ် သွားသည်ကို လက်ခံကြောင်း၊ အခြေအနေအရ မြန်မြန်ဆန်ဆန် ထုတ်ပြန်ရန် လိုအပ်သဖြင့် ထုတ်ပြန် လိုက်ခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။

“တကယ်တော့လည်း စောစာစီးစီးကတည်းက စီစဉ်ပြီး ထုတ်သင့်တယ်ဆိုတာကိုလည်း သဘောပေါက် ပါတယ်။ နောက်ဆိုရင်တော့ အချိန်မီပြင်ဆင်နိုင်အောင်လို့ ကြိုတင်ထုတ်ပြန်ဖို့ စီစဉ်ပါမယ်။ နောက်မဖြစ်အောင် သတိထားပါမယ်” ဟု ၎င်းက ပြောဆိုသည်။

ကြေညာချက်တွင် မရှင်းမလင်းဖြစ်သည့် အချက်များကို သုံးသပ်ကာ ရှင်းရှင်းလင်းလင်းဖြစ်အောင် တစ်ရက်၊ နှစ်ရက်အတွင်း ချက်ချင်းပြင်ဆင်ပေးမည်ဟုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိပေးခဲ့သည်။

No comments:

Post a Comment

My Blog List