Friday, April 24, 2020

COVID 19 ကပ်ရောဂါ အကျပ်အတည်းများအတွက် ဒေါ်လာ ၄၈၄ ဘီလီယံ ထပ်မံသုံးစွဲရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု

Image may contain: 1 person, sitting
COVID 19 ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများကို ကုစားရန်အတွက် အမေရိကန်ဒေါ်လာ ၄၈၄ ဘီလီယံ ထပ်မံသုံးစွဲရေး ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က ကြသပတေးနေ့က အတည်ပြုလိုက်ကြောင်း သိရသည်။

အသေးစားလုပ်ငန်းများနှင့် ဆေးရုံများအတွက် ရန်ပုံငွေကို ထပ်မံတိုးမြှင့်လိုက်မှုသည် အကျပ်အတည်းများကို တုန့်ပြန်ရန် စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃ ထရီလီယံ နီးပါး ရှိလာမည်ဖြစ်သည်။
အောက်လွှတ်တော်က အတည်ပြုထားသော ကယ်ဆယ်ရေးဥပဒေကြမ်း နောက်ဆုံး လေးခုကို အိမ်ဖြူတော်သို့ ပေးပို့ခဲ့ပြီး သမ္မတ ထရမ့်က ကြသပတေးနေ့ ညနေပိုင်းတွင် အဆိုပါ ဥပဒေကို လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်အား အမေရိကန်၏ တုန့်ပြန်မှုကို စုံစမ်းဆေးသွားရန်အတွက်လည်း ကော်မတီ တစ်ရပ်ကို အောက်လွှတ်တော်က အတည်ပြုခဲ့သည်။ အဆိုပါ ကော်မတီသည် ငွေကြေးသုံးစွဲမှု၊ ကြိုတင်ပြင်နေမှုများနှင့် ထရမ့်၏ မည်သို့ စီမံအုပ်ချုပ်နေမှုများကို ကျယ်ကယ်ပြန်ပြန် စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။
အဆိုပါ ရန်ပုံငွေများသည် အမှန် လိုအပ်သသူများထံသို့ ရောက်ရှိရန်နှင့် လိမ်လည်မှုများကို ကာကွယ်သွားရန် မရှိမဖြစ်လိုအပ်မည်ဖြစ်ကြောင်း ဒီမိုကရက်တစ် ဥက္ကဌ နန်စီပါလိုစီက ပြောကြားခဲ့သည်။
လက်ရှိ အောက်လွှတ်တော်က အတည်ပြုလိုက်သည့် အမေရိကန်ဒေါ်လာ ၄၈၄ ဘီလီယံ သုံးစွဲရေးသည် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ဖြေရှင်းရန် စတုတ္ထမြောက် ရန်ပုံငွေထပ်မံသတ်မှတ်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လက ကိုရိုနာဗိုင်းရပ်အကျပ်အတည်း ဖြေရှင်းရန် အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်ကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုခဲ့ပြီး အကြီးမားဆုံးသော ရန်ပုံငွေပမာဏ ဖြစ်ခဲ့သည်။
လက်ရှိ အမေရိကန်နိုင်ငံတွင် ရောဂါကူးစက်မှုပေါင်း ရှစ်သိန်းကျော်နှင့် သေဆုံးသူ ငါးသောင်းနီးပါးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
AS
Ref; straitstimes

No comments:

Post a Comment

My Blog List