Wednesday, April 22, 2020

မြန်မာပလာဇာမှ MPT အရောင်းစာရေးအမျိုးသမီး ကိုဗစ်ရောဂါ စစ်တွေ့ရှိရမှု မည်သို့မည်ပုံ ကူးစက်ခံရမှန်းမသိရှိရသေး

Image may contain: people sitting, table and indoor
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယမန်နေ့ ညက ကိုဗစ်လူနာသစ် ၂ ဦးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ရာတွင် တစ်ဦးမှာ ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှဖြစ်ပြီး မြန်မာပလာဇာမှ MPT အရောင်းစာရေး အမျိုးသမီး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာပလာဇာတွင် အလုပ်လုပ်သော အသက် ၂၁ နှစ်အရွယ် MPT အရောင်းစာရေးမ အမျိုးသမီးသည် မည်သို့မည်ပုံ ရောဂါကူးစက်ခံရသည်ကို မသိရှိရသေးကြောင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ဆိုသည်။
"မြန်မာပလာဇာမှာ MPT က အရောင်းစာရေးမပါ။ သူက ခရီးသွားရာဇဝင်လည်းမရှိ ကိုဗစ်လူနာနဲ့လည်း ထိတွေ့တာမရှိဘူး။ ဘာမှ မရှိဘူး။ အခု ကျနော်တို့ လိုက်နေတယ်။ အခုက သူက ကျန်းမာရေးကောင်းတယ်။ အရမ်းဆိုးဆိုးဝါးဝါး မဖြစ်ဘူး။ သူနေတာက အရှေ့ဒဂုံ၊ ၇ ရပ်ကွက်၊ ဖျာပုံလမ်းပါ" ဟု ဦးကျော်ကျော်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ အမျိုးသမီးသည် လူနာအမှတ်စဉ် ၁၂၀ ဖြစ်ပြီး ယခုအခါ တောင်ဥက္ကလာပအထူးကုဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး မြန်မာနိုင်ငံတွင် စုစုပေါင်း ကိုဗစ်လူနာ ၁၂၁ ဦးရှိလာပြီဖြစ်သည်။

Photo - မြန်မာပလာဇာရှိ MPT အရောင်းဆိုင်။ Credit-sumitomocorp
Khit Thit Media

No comments:

Post a Comment

My Blog List