Friday, April 24, 2020

ဖိလစ်ပိုင်နိုင်ငံတွင် မြို့တော်မနီလာ၏ Lockdown ကာလကို မေလ(၁၅)ရက်အထိ သက်တမ်းတိုး


Image may contain: 1 person, standing
ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့ မြို့တော်မနီလာရဲ့ lockdown ကာလကို မေလ(၁၅)ရက်အထိ သမ္မတဒူတာတေးက သက်တမ်းတိုးချမှတ်လိုက်တယ်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူက အခုလ(၂၄)ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
မနီလာမြို့တော်ဟာ အနည်းဆုံးလူဦးရေ (၁၃)သန်းလောက်ရှိပြီး လူဦးရေထူထပ်တဲ့မြို့လည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု အများဆုံးနေရာဟာလည်း မြို့တော်မနီလာက ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ(၁၂)ရက်နေ့ကစပြီး လူအဝင်အထွက်ထိန်းချုပ်တာတွေ၊ ခရီးသွားလာမှုကန့်သတ်တာတွေ၊စီးပွားရေးလုပ်ငန်းတွေပိတ်ပစ်စေတာတွေနဲ့ လူစုလူဝေးတွေမလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။ ဒီလိုပြုလုပ်ခဲ့တာဟာ ပြည်တွင်းမှာ တစ်ဦးကတစ်ဦးကိုကူးစက်နေတယ်ဆိုတာကို သိရှိခဲ့ရပြီး ငါးရက်အကြာမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ မတ်လ(၁၆)ရက်နေ့မှာ ပိတ်ပင်မှုတွေကို တိုးချဲ့ခဲ့ပြီး၊ ပြည်တော်ပြန်ဖိလစ်ပိုင်နိုင်ငံသားတွေမှအပ နိုင်ငံတွင်းဝင်ရောက်မှုအားလုံးကို ပိတ်ပင်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ (၆၉၈၁)ဦးရှိပြီး၊ သေဆုံးသူဟာ (၄၆၂)ဦးရှိသွားပြီလို့ အခုလ(၂၄)ရက် worldometers စာမျက်နှာမှာဖော်ပြထားပါတယ်

PHOTO: EPA-EFE

No comments:

Post a Comment

My Blog List