Monday, April 20, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်ရေး စစ်ဆေးဆောင်ရွက်စဉ် ဆိုင်ကယ် မရပ်တန့်ခဲ့သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ

Image may contain: one or more people

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်ရေးစစ်ဆေးဆောင်ရွက်စဉ် ဆိုင်ကယ်မရပ်တန့်ခဲ့သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်က ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ အနီး ကျိုက်လတ်-မအူပင် ကားလမ်း မြို့ဝင်/ထွက်ဂိတ်၌ မြို့နယ်ကျန်းမာရေးမှူး ဒေါ်တင်တင်(၅၃)နှစ် နှင့် သူနာပြုဆရာမ ဒေါ်အေးသီတာကျော်(၂၄)နှစ်တို့ပါ ပူးပေါင်းအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်ရေးစစ်ဆေးဆောင်ရွက်နေစဉ် မအူပင်မြို့ဘက်မှ ကျိုက်လတ်မြို့ဘက်သို့ အောင်မျိုးထက် (၂၉)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးရာ ဒေါ်တင်တင် နှင့် ဒေါ်အေးသီတာကျော်တို့ ၂ ဦးအား ဝင်ရောက်တိုက်မိခဲ့သည်။
ဆိုင်ကယ်တိုက်မိမှုကြောင့် ဒေါ်တင်တင် ပါ ၂ ဦးတွင် ဦးခေါင်းဖူးရောင်၊ ဝဲ/ယာ လက်/ခြေထောက် ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် အောင်မျိုးထက်(ဖမ်းမိ)အား ကျိုက်လတ်မြို့မရဲစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
The Ladies News
ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်ရေးစစ်ဆေးဆောင်ရွက်စဉ် ဆိုင်ကယ်မရပ်တန့်ခဲ့သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ
--- --- ----

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်ရေးစစ်ဆေးဆောင်ရွက်စဉ် ဆိုင်ကယ်မရပ်တန့်ခဲ့သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်က ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ အနီး ကျိုက်လတ်-မအူပင် ကားလမ်း မြို့ဝင်/ထွက်ဂိတ်၌ မြို့နယ်ကျန်းမာရေးမှူး ဒေါ်တင်တင်(၅၃)နှစ် နှင့် သူနာပြုဆရာမ ဒေါ်အေးသီတာကျော်(၂၄)နှစ်တို့ပါ ပူးပေါင်းအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်ရေးစစ်ဆေးဆောင်ရွက်နေစဉ် မအူပင်မြို့ဘက်မှ ကျိုက်လတ်မြို့ဘက်သို့ အောင်မျိုးထက် (၂၉)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးရာ ဒေါ်တင်တင် နှင့် ဒေါ်အေးသီတာကျော်တို့ ၂ ဦးအား ဝင်ရောက်တိုက်မိခဲ့သည်။
ဆိုင်ကယ်တိုက်မိမှုကြောင့် ဒေါ်တင်တင် ပါ ၂ ဦးတွင် ဦးခေါင်းဖူးရောင်၊ ဝဲ/ယာ လက်/ခြေထောက် ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် အောင်မျိုးထက်(ဖမ်းမိ)အား ကျိုက်လတ်မြို့မရဲစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List