Monday, April 20, 2020

ယနေ့နံနက်ပိုင်း မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၁၁၁) ဦး၊ သေဆုံး (၅) ဦးနှင့်သက်သာ (၂) ဦးရှိပြီး ထပ်တိုးလူနာမရှိ

No photo description available.

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၃၆၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၆၅)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း (၁၉-၄- ၂၀၂၀)ရက်နေ့၊ ည (၁၁:၁၅) သတင်းတွင် ထုတ်ပြန်ခဲ့ပါသည်။

၂။ သို့ဖြစ်ရာ (၂၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၁၁) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅)ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂)ဦး ရှိပါသည်။
၃။ လူနာများအား ဇယားတွင် ဖော်ပြထားသည့် သက်ဆိုင်ရာဆေးရုံများတွင် ကုသမှုပေးလျက်ရှိပါသည်။
<zawgyi>
ယနေ့နံနက်ပိုင်း မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၁၁၁) ဦး၊ သေဆုံး (၅) ဦးနှင့်သက်သာ (၂) ဦးရှိပြီး ထပ်တိုးလူနာမရှိ
Monday, April 20, 2020

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၃၆၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၆၅)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း (၁၉-၄- ၂၀၂၀)ရက်နေ့၊ ည (၁၁:၁၅) သတင်းတွင် ထုတ်ပြန်ခဲ့ပါသည်။
၂။ သို့ဖြစ်ရာ (၂၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၁၁) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅)ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂)ဦး ရှိပါသည်။
၃။ လူနာများအား ဇယားတွင် ဖော်ပြထားသည့် သက်ဆိုင်ရာဆေးရုံများတွင် ကုသမှုပေးလျက်ရှိပါသည်။

No comments:

Post a Comment

My Blog List