Friday, February 26, 2016

ရက္ခိုင့်တပ်မတော်''ရန်ကုန်''ကို ထိုးဖောက်နေ ပြီလား


မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်ဟာ ၂ဝဝ၅ခုနှစ် နိုဝင်ဘာ၆ရက် တနင်္ဂနွေ နေ့ နံနက်၆နာရီ ၃၇မိနစ်မှာ ဝန်ကြီးဌာနတွေရဲ့ ပထမဦးဆုံးသော ယာဉ်တန်းတွေ ''အောင်ပြီ''လို့ ကြွေးကြော်ပြီး ထွက်ခွာခြင်းနဲ့ အတူ နေပြည် တော်ကိုမြို့တော် အဖြစ်လွှဲပြောင်းပေးခဲ့ရပါတယ်။ အစိုးရ မင်းတွေ ရုံးစိုက်ရာမြို့ဖြစ်တဲ့နေပြည်တော်ဟာ မြို့တော်လို့ ခေါ်ဝေါ် သမုတ်ခဲ့ပေ မယ့်လည်း နိုင်ငံတကာ သံရုံးတွေ အခြေစိုက်ရာမြို့၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်း ကြောင်းတည်ရှိရာမြို့ဖြစ်တဲ့ ရန်ကုန်ဟာမြန်မာ့ စီးပွားရေးရဲ့ အသည်းနှလုံးပါပဲ၊ လူဦးရေ(၆)သန်းကျော်ရှိပြီး မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဒေသတစ်ခုဖြစ်ပါတယ်။ Mega City ဖြစ်တဲ့ ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံးရဲ့ရွှေ့ပြောင်းလုပ်သား တွေအများဆုံး အခြေချနေထိုင်ရာမြို့တစ်မြို့ဖြစ်နေပါတယ်။
ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ ရန်ကုန်မြို့ စည်ပင်သာယာ ရေးကော်မတီ စသည်ဖြင့်ဝန်ကြီးဌာနကြီး တွေလိုလည်ပတ်နေတဲ့မြို့တော် ယန္တရားတွေကလည်း အစီအရီပါပဲ။

တစ်ဆက်တည်းမြို့ရဲ့ပတ်ဝန်းကျင်တွေမှာ တည်ရှိနေတဲ့စက်မှုဇုန်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေဟာနိုင်ငံ ရဲ့အဓိကကျတဲ့အင်အားစုကြီးပါ။ နေ့တဓူဝ မြေယာ ပြဿနာတွေ၊ ကျူးကျော်အိမ်ရာတွေ၊ အလုပ်သမားဆန္ဒပြ ပွဲတွေ၊ ကျပ်တည်းပိတ်ဆို့နေတဲ့ မော်တော်ယာဉ်ပြဿနာ ပေါင်းသောင်းခြောက် ထောင်နဲ့ ''ရန်ကုန်''ဟာ လှုပ်ရှား သက်ဝင်နေပါတယ်။ တရုတ်၊ အိန္ဒိယ ရဲ့ ယဉ်ကျေးမှု အငွေ့အသက်တွေ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ရြော>ွပမ်းနေတဲ့ ''ရန်ကုန်''ဟာ မတူညီ တဲ့အလှတရားတွေနဲ့ ဆင်ယင်ထားပြန်တယ်။ ဒီမြို့''ရန်ကုန်'' ရဲ့အတိတ်သမိုင်းမှာတော့ သင်ခန်းစာယူစရာ အားကျစရာ တွေနဲ့ ပြည့်နှက်နေပါတယ်။

''ကရင်တွေကရန်ကုန်တက်သိမ်းတာမဟုတ်ဘူး။ ရန်ကုန်ကလူထုက လာကယ်ပါဦး ကွန်မြူနစ်တွေက ပြည်သူတွေကိုနှိပ်စက်နေတယ်ဆိုလို့ အမျိုးသားရေးအရ၊ ကွန်မြူနစ်ရန်က ဗမာပြည်သူတွေကို အကာအကွယ်ပေးခဲ့ရ သေးတယ်၊ ရန်ကုန်ရောက်ဖို့ (၇)မိုင်ပဲ လိုတော့တယ်၊ နောက်တော့ ကရင်တွေရန်ကုန်မှာမနေနိုင်လို့ ပြန်ကြတာ၊ တကယ် သိမ်းရင် အဲဒီကတည်းက သိမ်းပြီးပြီပေါ့။ မြန်မာပြည်သမိုင်း မှာကရင်တွေက ရန်ကုန်ကိုတက်သိမ်းတယ်၊ ကရင်သူပုန် တွေအရမ်းဆိုးတယ်လို့သာ သမိုင်းမှာဆိုးဆိုးရွားရွားဖုံးဖိ ထားကြတာ'' အထက်ပါ စကားတွေကို ပြောကြားခဲ့သူက တော့ KNU-KNLA (ထော့ကိုကိုး)က ဗိုလ်ချုပ်ကြီးထိန် မောင်ပါ။The Hot News ဂျာနယ် Vol-4 No.163 မှာ ပါ။ တကယ်တော့ သူပြောတာ သမိုင်းထဲက အမှန်တရား တွေမဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ တပ် မတော်ကပုန်ကန်သွားတဲ့ ကချင်တပ်ရင်း(၁)က ဗိုလ်နော် ဆိုင်းနဲ့ ကရင်တပ်တွေပေါင်းပြီး (၇)မိုင်လောက်သာဝေး တဲ့အင်းစိန်၊ ခဝဲခြံကိုရောက်နေပါပြီ။ မြောက်ဘက် စစ်မျက် နှာကို ဖွင့်တိုက်နေပါပြီ။ တောင်ဘက်မှာ ဒလ၊ ခနောင်တို၊ အနောက်ဘက်-အေးရွာ၊ အရှေ့ဘက်-တိုးကြောင် ကလေး၊ ဒါးပိန်၊ သင်္ဃန်းကျွန်း၊ သံလျင်ကိုသိမ်းပြီးဝိုင်းလာလိုက်တာ ထိုစဉ်က ဦးနုအစိုးရကို ''ရန်ကုန်အစိုးရ''လို့ ခေါ်ဝေါ်တဲ့ အထိဖြစ်သွားခဲ့ပါတယ်။ နိုင်ငံခြားက အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားတို့က လက်နက်၊ ငွေကြေးအကူအညီနဲ့ ဗမာ့တပ်မတော်ဟာ၊ ရဟန်း၊ ရှင်၊ လူကျောင်းသားတွေ ဝိုင်းရံပြီး ပြန်တိုက်ခဲ့ပါတယ်။ ရန်ကုန်- အင်းစိန်တိုက်ပွဲဟာ မြန်မာ့သမိုင်းရဲ့တစ်ဆစ်ချိုး အဆုံးအဖြတ် တိုက်ပွဲပါ။ ပြည်သူလူထုကြီးကလည်း စားသောက်စရာ၊ ရိက္ခာ၊ ထမင်းထုပ်၊ ရေ စသည်ဖြင့် ကူညီပေးကြပါတယ်။ ရန်ကုန်မြို့တော်ကြီးဆီက ပြည်သူတွေဟာလူမျိုး၊ ဘာသာ တွေခွဲခြားမှုမရှိဘဲ အသက်သွေးချွေးတွေကိုပေးဆပ်ရင်း၊ ရင်ကိုမြေကတုတ်ခံစစ်ပြုလို့ လှေခွက်ချည်းကျန် အလံမလဲ စတမ်းတိုက်ခိုက်ခဲ့ကြတာပါ။ ဒီသူရဲကောင်းစိတ်ဓာတ်ကို မကျော်လွှားနိုင်လို့၊ စစ်ကျွံနေတဲ့ကရင်တပ်ဦး ဆုတ်ခွာ သွားရတာပါ။ မည်သို့ပင်ဖြစ်စေကာမူ ကရင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဟာ ရန်ကုန်တိုင်အောင်ထိုးဖောက်နိုင် ခဲ့ပြီး ရန်ကုန်မြို့တော်က ပြည်သူလူထုဟာလည်း အရှုံး မပေးခဲ့ဘူးဆိုတာ သမိုင်းတင်တဲ့သမိုင်းဝင်ရလဒ်တစ်ခုပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ရက်နေ့မှာ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ဦးထွန်းမြတ်လမ်း Vitoria International School ရဲ့အရှေ့ဘက်မှာရပ်ထားတဲ့ မော်တော်ယာဉ်ကို အမှတ်မထင်ဘဲ ဝင်ရောက်စစ်ဆေးခဲ့ရာ မှ ရက္ခိုင်တပ်မတော်(AA) ရဲ့ ဒုတိယဗိုလ်မှူးကြီး အဆင့် ရှိတယ်ဆိုတဲ့ အောင်မြတ်ကျော်(ခ)ညီညီစိုးကိုလက်နက်ခဲ ယမ်းမီးကျောက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ကွင်း ဆက်ဖော်ထုတ်ချက်အရ ဆက်နွယ်သူ ဦးဝေသာထွန်း(ခ) မျိုးဇော်နေထိုင်သည့် ဒဂုံမြို့သစ်မြောက်ပိုင်း(၄၂)ရပ်ကွက်၊ ကင်းဝန်(၄) လမ်းရှိ၊ နေအိမ်ကိုဖေဖော်ဝါရီ၉ရက် မွန်းလွဲ ၁နာရီခွဲမှာ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ၊ ပြောက်ကျားယူနီဖောင်းများ၊ စစ်အသုံးအဆောင်ပစ္စည်း များ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ပါတယ်။

ဆက်လက်ပြီး မြောက်ဥက္ကလာပမြို့နယ်(ဈ)ရပ်ကွက် ဘုမ္မာ(၂)လမ်းရှိနေအိမ် တစ်လုံးကို ဖေဖော်ဝါရီ ၁ဝရက်နေ့ နံနက်၉နာရီမှာ ဝင်ရောက်ရှာဖွေခဲ့ရာ ကျပ်သိန်း(၁၆၅၄ဝ)ဖိုး ရှိ Wy နှင့် R စာတန်းပါ စိတ်ကြွဆေးဝါး(၃၃ဝ၈ဝဝ) ကို သိမ်းဆည်း ရမိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။ အဲဒီနေ့မွန်းလွဲ ၁နာရီခွဲမှာလှိုင်သာယာမြို့နယ်အတွင်း ၊ ပဒံကျေးရွာ ရွှေကမ်းသာယာ အိမ်ရာဝင်းရှိ ဦးဝေသာထွန်း(ခ)ဦးမျိုးဇော် ပိုင်ဆိုင်သည့် နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ ပီနံ အိတ်တစ်လုံးဖြင့် ထုပ်ပိုးထားသည့် လေ့ကျင့်ရေး ကျည်ဆန်၊ လက်နက်ကြီး ကျည်ဆန်နှင့် ယမ်းထုပ်များကို ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေဟာ ရက္ခိုင်တပ် မတော်(AA) နဲ့ ဆက်နွယ်နေသူတွေဖြစ်ပြီး၊ ထပ်မံဖမ်းဆီး နိုင်ဖို့ စစ်ဆေးမှုများပြုလုပ်နေပြီး၊ အသေးစိတ်ကို ထုတ်ပြန်လို့ မရသေးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားပါတယ်။

ဒီဖြစ်စဉ်တွေအရ ရန်ကုန်မြို့ထဲကို လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ခိုးသွင်းနေတယ်ဆိုတာ ထင်ရှားနေပါတယ်။ မကြာသေးခင်က ဖမ်းဆိးရမိတဲ့ ကွန်တိန်နာ ကားအစီး လိုက်မိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာလည်း စစ်တွေအခြေစိုက် လူတချို့နဲ့ ပတ်သက်မှုရှိနေတာကို တွေ့ရှိရပါတယ်။

ယခုတိုင်အောင် ဖမ်းဆီးရမိခြင်းမရှိသေးတဲ့ တရားခံပြေး တွေအများကြီးရှိနေပါတယ်။ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်တွေဟာ လည်းအမှတ်မထင် ဖမ်းမိတာမျိုးဖြစ်နေတော့ ပိုပြီးတော့ စိုးရိမ်စရာဖြစ်နေရပါတယ်။ ရန်ကုန်မြို့ကြီးထဲကို ကြိုတင် ရည်ရွယ်ချက်တွေနဲ့ အကွက်ကျကျခိုးဝင်၊ ခိုးသွင်းနေတာ တွေမရှိနိုင်ဘူးလို့ ပြောမရနိုင်ပါဘူး။

ရက္ခိုင်တပ်မတော် (ဗဗ) ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို ဝင်ရောက်ထိုးဖောက် နေတဲ့ကြံစည်မှုတွေကိုဖော်ထုတ်သင့်ပါပြီ။ ဒါဟာပေါ့ပေါ့ဆဆကိစ္စ တစ်ရပ်မဟုတ်ပါဘူး။

ပြီးခဲ့တဲ့လောက်ကိုင်ဒေသစစ်ပွဲမှာ ဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့နဲ့အတူ တအာင်းနဲ့ ဗဗ တို့ပါဝင်ဆင်နွှဲ ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်ကို အရှုံးကြီးရှုံး ခဲ့ပါတယ်။

ရခိုင်ဒေသကို ခြေကုတ်ယူဖို့ကြိုးစားနေတဲ့ ရက္ခိုင်တပ်မတော် (AA) ဟာ ပြီးခဲ့တဲ့ လထဲမှာ ကျောက်တော် နယ်တစ်ဝိုက်မှာ မြန်မာ့တပ်မတော်နဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ မြန်မာ့ တပ်မတော်ဟာ အရာရှိ တချို့အပါအဝင် စစ်သည်တွေ အများအပြားကျဆုံးခဲ့တယ် လို့ Arakan Army ကထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလည်း ''ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားသော်လည်း၊ နယ်မြေအချုပ်အခြာ ထိပါးမှုမှန်သမျှ ပြတ်သားစွာ ကာကွယ်သွားရမယ်''ဆိုတဲ့ မိန့်ခွန်းမျိုးပြောကြားခဲ့ပါတယ်။ တကယ်တော့ AA ဟာ အခြားသော အင်အားကြီးတဲ့ လက်နက်ကိုင်အဖွဲ့တွေလိုပဲ၊ငြိမ်းချမ်းရေးစားပွဲဝိုင်းမှတစ်ဆင့် ဂုဏ်သိက္ခာရှိတဲ့ အခွင့်အရေးတွေရဖို့၊ စစ်ရေးနည်းနဲ့ ဖိအားပေးနိုင်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတချို့ရဲ့ သုံးသပ် ချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။
ဒါကြောင့် တခြားဗျူဟာတွေပြောင်းပြီး ထိုးနှက်လာလေသလားလို့ အတွေးဆန့်မိပါတယ်။ ရန်ကုန်ဟာ ဈေးကွက် အကြီးမားဆုံးမြို့တော်တစ်ခု၊ သန်းချီတဲ့လူဦးရေ၊ မြန်မာပြည်ရဲ့ အပြောင်းအလဲတိုင်းကို အစပြုရာမြို့၊ သံတမန်တွေ အခြေစိုက်ရာဒေသတစ်ခု၊ ကမ္ဘာကြီးထံ ထွက်ပေါက် တစ်ခုစသည်ဖြင့် ထင်ရှားကျော်ကြားလှတဲ့ ''ရန်ကုန်မြို့''ကို သိမ်းဖို့အတွက် ''ကရင်''တွေရဲ့ အိပ်မက် ပျက်ခဲ့ဖူးပါတယ်။ ယခုလည်း လက်နက်ကြီး ကျည်ဆန်တွေ ဖမ်းဆီးရမိခြင်းဟာ အလွန်စိုးရိမ်ဖွယ်ရာပါ။ လျှပ်စစ်ဓာတ် အားတွေပြတ်တောက်၊ ရေပေးဝေမှုဖြတ်တောက်ပစ်ရင် လူဦးရေ သန်းချီတဲ့မြို့ကြီး၊ တည်ငြိမ်မှုတွေပျက်ပြားသွားရင် အလွန်အန္တရာယ်ရှိလာနိုင်ပါတယ်။ တိုင်းပြည်ရဲ့ တည်ငြိမ် စွာလျှောက်လှမ်းနေတဲ့ ကံကြမ္မာဟာပြောင်းလဲသွား နိုင်ပါတယ်။

ဒါကြောင့်မပြေးသော်လည်း ကန်ရာရှိဆိုသလို၊ ဒီလိုမူးယစ်ဆေးဝါးတွေ၊ လက်နက်ခဲယမ်းမီးကျောက်တွေ အများအပြား ဖမ်းဆီးရမိခြင်းရဲ့ နောက်ကွယ်ကရည်ရွယ်ချက်တွေကို သိဖို့ဟာ အရေးကြီး ကိစ္စရပ်တစ်ခုအဖြစ် ၊ ဆောင်ရွက်စေချင်ပါတယ်။ လက်နက်နဲ့မူးယစ်ဆေးဟာ လူသားမျိုးနွယ်အတွက် အကြီးမားဆုံး အန္တရာယ်ပါပဲ။ မှတ်မိကြမယ်ထင်ပါတယ်။ ၂ဝ၁၃အောက်တိုဘာလမှာ ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေမှာပါဝင်ခဲ့တဲ့ သူတွေ နဲ့ပတ်သက်ပြီးတော့ ကရင်အမျိုးသား အစည်းအရုံး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်ရဲ့ ပြောစကား လေးကို အမှတ်ရနေမိပါတယ်။ E Net Web ရဲ့မေးခွန်းက ပြန်လည်ဖြေကြားရာမှာ''အခုကာလက ဘာသာရေး ပဋိပက္ခ၊ လူမှုရေးပဋိပက္ခတွေငြိမ်သက်မှုမရှိပါဘူး။

လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့ တစ်ခုအကြားမှာ၊ တစ်ဦးနဲ့တစ်ဦး အထင် လွဲမှားအောင်၊ ပြန်လည်ပြီး ပဋိပက္ခဖြစ်အောင်လုပ် တာလို့တော့ထင်ပါတယ်''။ တစ်ဆက်တည်း ပဲ့တင်သံဂျာ နယ်ရဲ့အမေးကို ဖြေကြားရာမှာ ''သာသနာ့ နယ်မြေတွေ ပုဂံတို့ အာနန္ဒာဘုရားတို့ကို ပစ်မှတ်ထားတာတို့ ရွှေတိဂုံ စေတီ တော်ကိုဖောက်ခွဲမှာတို့အထိ ပဋိပက္ခတွေဖြစ်အောင် အကွက်ကျကျ ဖန်တီးခဲ့တာပါ။ နောက်ကွယ်က ကြိုးကိုင်သူတွေကိုဖော်ထုတ်ရပါမယ်''လို့ တိုက်တွန်းတောင်းဆို ခဲ့ ပေမယ့်လည်း ဘာမှမထူးဘဲ၊ ဒီလောက်နဲ့ ရပ်တန့်သွားခဲ့ရပါတယ်။

ယခုကာလကဲ့သို့ အစိုးရ အပြောင်းအလဲကာလ တစ်ရပ်ကို ကျော်ဖြတ်နေတဲ့ အချိန်မျိုးမှာ တိုင်းပြည်တည် ငြိမ်မှုဟာ အလွန်အရေးကြီးလှပါတယ်။ဒီလိုအတိမ်း အစောင်းမခံတဲ့ အရွေ့တစ်ခုကိုဖြတ်သန်းနေခိုက်မှာ ကြီးမားတဲ့အဖျက်လုပ်ငန်းတွေကို ကြိုတင်တားဆီးကာ ကွယ်ရန်စီမံချက်တွေချမှတ်သင့်ပါတယ်။ ကမ္ဘာ့အဆင့်မီ လုံခြုံရေး နည်းစနစ်တွေကို လေ့ကျင့်အသုံးပြုသင့်ပါတယ်။ အဝေးကြီးကနေ ဝင်ရောက်လာမယ့် ISIS အကြမ်းဖက် သမားတစ်ဦးအတွက် နိုင်ငံနဲ့ချီပြီး Alert သတိပေးချက်တွေ လုပ်နေပေမယ့်လည်း တကယ့်လက်နက်ကြီးတွေနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ AA တွေကို လစ်လျူရှုသလို ဖြစ်နေပါတယ်။ ဒါကြောင့် ''မလုံခြုံတော့သော မြို့ရန်ကုန် ရဲ့လုံခြုံရေး'' အတွက် ပြည်ထဲရေး သာမကဘဲ တပ်မတော်ပါ ပူးတွဲ ပါဝင်ဆောင်ရွက်သင့်လှပါတယ်။

နိဂုံးချုပ်အနေနဲ့ ''ရန်ကုန်''ဟာ မတူကွဲပြားတဲ့ အလှတရားတို့ပေါင်းဆုံရာမြို့တစ်ခုပါ။ ခေတ်သစ်မြန်မာ သမိုင်းရာဇဝင်ရဲ့အထင်ကရ ပြယုဂ်တစ်ခုပါ။ အများအားဖြင့် မြန်မာနိုင်ငံရဲ့ အရပ်ရပ်ဆီက နိုင်ငံသားတွေနဲ့ စုစည်း နေတဲ့ မြို့တစ်ခုပါ။ ဒါကြောင့် ဒေသစွဲ စိတ်နည်းပါးလှတဲ့ ရန်ကုန်ဟာနိုင်ငံချစ်စိတ် ပိုလို့တောင် ရှိနေပါတယ်။

တိုင်း ပြည်ရဲ့အန္တရာယ်ဒုက္ခတွေကျရောက်တိုင်း၊ ရန်ကုန်ဟာစု စည်းညီညွတ်ခဲ့ပါတယ်။ အင်တိုက် အားတိုက်ကူညီခဲ့ကြ ပါတယ်။ အကြီးမားဆုံးသော NGO ပရဟိတအဖွဲ့တွေရှိ နေတဲ့မြို့၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေ အင်တိုက် အားတိုက်ကြိုးပမ်းနေတဲ့မြို့၊ နယ်ချဲ့အင်္ဂလိပ်၊ ဖက်ဆစ် ဂျပန်နဲ့မြို့တစ်ခုလုံးကို သိမ်းမယ့် ကရင်တပ်တွေကို ရွပ်ရွပ်ချွံချွံတွန်းလှန်ခဲ့တဲ့ ''သူရဲကောင်း''တို့ရဲ့ မြို့၊ ငြိမ်းချမ်း ခြင်းရဲ့ အလှအပတရားတွေပြည့်နှက်နေတဲ့ မြို့တစ်မြို့လို့ တင်စားလိုက်ပါရစေ။ ရှိရင်းစွဲနိုင်ငံသား စိတ်ဓာတ်တွေကို အခြေခံလို့ ရန်ကုန်မြို့သူမြို့သားတွေဟာ သတိဝီရိယ တွေနိုးကြားကြရပါတော့မယ်။ မြို့ကိုဖျက်ဆီးမည့် မည်သူကိုမဆို ''အကြမ်းဖက်သမား''စာရင်းသွင်းပြီး ရှာဖွေဖော် ထုတ်ကြရပါမယ်။ သက်ဆိုင်ရာကို သတင်းပေးပို့ရပါမယ်။
မသင်္ကာဖွယ်ရာတွေ့ရင်ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အတ္တတွေ ဘေးဖယ်ပြီး၊ စောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ အချင်းချင်း သွေးခွဲနေတဲ့လုပ်ရပ်တွေ၊ ပဋိပက္ခဖန်တီးမှုတွေကို ဝိုင်းဝန်း ဆန့်ကျင်ရပါလိမ့်မယ်။

ရန်ကုန်မြို့နေတွေရဲ့ဘဝကို ဖျက် ဆီးမယ့် မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းကိုမဆို၊ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးကာ ကွယ်စောင့်ရှောက်ကြရပါလိမ့်မယ်။ သမိုင်းအစဉ်အလာထဲက ညီညွတ်သောရန်ကုန်ရဲ့ ''ညီနောင်စိတ်ဓာတ်'' ကို ဆက်လက်ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်း လိုက်ရပါတယ်။

RIA

No comments:

Post a Comment

My Blog List