Thursday, February 25, 2016

တိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှု၊ တပ်မတော်အပေါ် သစ္စာမဲ့မှုများကြောင့် နိုင်ငံ့အရေးကိစ္စများတွင် များစွာရှုပ်ထွေးခဲ့ဟု တပ်ချုပ်ပြော


တိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှု၊ တပ်မတော် အပေါ်သစ္စာမဲ့မှုများကြောင့် နိုင်ငံ့အ ရေးကိစ္စများတွင် များစွာ ရှုပ်ထွေးခဲ့ ကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားလိုက်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂ဝ၁၆ခုနှစ် ဖေဖော်ဝါရီ ၂၃ရက် က တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး)စစ်ရာထူးခန့်ထားရေး ခန်းမဆောင်တွင် ဗထူးတပ်နယ်မှသင် တန်းသားအရာရှိများအား တွေ့ဆုံအ မှာစကားပြောကြားရာ၌ ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
'မင်းမှာသစ္စာ၊ လူမှာကတိ'ဆိုသည့် စကားရပ်ရှိကြောင်း၊ သမိုင်းရာဇဝင်တွင် သစ္စာမဲ့သည့်လုပ်ရပ်များကြောင့် လွတ် လပ်ရေးဆုံးရှုံးခဲ့ပြီး သူ့ကျွန်ဘဝ ကျ ရောက်ခဲ့ကြောင်း၊ လွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်းတွင်လည်း သစ္စာမဲ့သည့် လုပ်ရပ်ဖြစ်သည့်လုပ်ကြံမှုကြောင့် နိုင်ငံ့ ခေါင်းဆောင်များ ဆုံးရှုံးခဲ့ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

''လွတ်လပ်ရေးရပြီးနောက်ပိုင်း သစ္စာမဲ့သည့်လက်နက်ကိုင်များကြောင့် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်မှ တပ်မ တော်က ပေးဆပ်မှုများစွာဖြင့် ထိန်း သိမ်းကာကွယ်ခဲ့ရကြောင်း၊ ယင်းသစ္စာ မဲ့မှု၏အကျိုးဆက်အဖြစ် ပဋိပက္ခများ ကို ယနေ့တိုင်ဖြေရှင်းနေရဆဲဖြစ်ကြောင်း၊ အတိတ်သမိုင်းအရ မိမိတိုင်းပြည်အ ပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ်သစ္စာ ခံမှု၊ တပ်မတော်အပေါ်သစ္စာမဲ့မှုများ ကြောင့် နိုင်ငံ့အရေးကိစ္စများတွင် များစွာ ရှုပ်ထွေးခဲ့ကြောင်း၊ ထိုသို့ ထပ်မံမဖြစ် လာစေရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် သတ်မှတ်ချက်တချို့ ထည့် သွင်းထားခြင်းဖြစ်တယ်''ဟု ¤င်းက ပြောသည်။

ထို့ပြင် တပ်တစ်တပ်တွင် လုပ်ငန်း တာဝန်များကို ဆင့်ကဲဆင့်ကဲကြီးကြပ် တာဝန်ထမ်းဆောင်ရခြင်းဖြစ်၍ ခေါင်း ဆောင်များစွာလိုအပ်ပြီး ခေါင်းဆောင် ၏စွမ်းပကားသည် လွန်စွာကြီးမားကြောင်း၊ စစ်ခေါင်းဆောင်များဖြစ်သည့်အတွက် အကျိုးရှိသည့်လုပ်ငန်းများတွင် ပိုမို၍ ဦးဆောင်မှုပေးနိုင်ရမည်ဖြစ်ကြောင်း၊ သားသမီးများသည် မိဘကိုအားကိုး ကြသကဲ့သို့ လက်အောက်ငယ်သားများ သည်လည်း မိမိတို့ခေါင်းဆောင်ကိုအား ကိုးမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ခေါင်း ဆောင်များသည် ဖခင်စိတ်နှင့်တပ်မှူး စိတ်နှစ်ခုယှဉ်ပြီး လက်အောက်မှမိမိ အပေါ်ယုံကြည်အားကိုးသည့်စိတ်ရှိ လာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အောင်မြင်သောလုပ်ဆောင်ချက်များ ပြသနိုင်ခြင်းဖြင့် လက်အောက်၏ ယုံ ကြည်မှုကိုရနိုင်မည်ဖြစ်ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ဗထူးတပ်နယ် မှ သင်တန်းသားအရာရှိများကို တိုက် တွန်းပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာ ကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အ ရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဗထူးတပ်နယ်မှအရာရှိ ကြီးများနှင့် နည်းပြအရာရှိများ၊ သင် တန်းအသီးသီးမှ သင်တန်းသားအရာရှိ စုစုပေါင်း ၉၇၂ ဦး တက်ရောက်ခဲ့ကြ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

Yangon Times Journal

No comments:

Post a Comment

My Blog List