Friday, February 26, 2016

ကုလက မြောက်ကိုရီးယားကို ဒဏ်ခတ်မှု တရုတ်-အမေရိကန် သဘောတူ


မြောက်ကိုရီးယားနိုင်ငံပေါ် ပြစ်ဒဏ်ခတ်မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင် စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းအပေါ် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က သဘောတူကြတယ်လို့ ကောင်စီသတင်းရင်းမြစ်ကို ကိုးကားပြီး ဂျပန်ကျိုဒိုသတင်းက ဒီနေ့ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီနဲ့ အမေရိကန်လုံခြုံရေး အကြံပေး ဆူဆန်ရိုက်စ်တို့ အိမ်ဖြူတော်မှာ မြောက်ကိုရီးယားအရေးကိစ္စ ဆွေးနွေးခဲ့ ကြောင်းနဲ့ ဒီတကြိမ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ အရင်ဆုံးဖြတ်ချက်တွေနဲ့ မတူဘဲ ကွဲပြားလိမ့်မယ်လို့ အိမ်ဖြူတော်ကို ကိုးကားရေးထားပါတယ်။

ဆွေးနွေးပွဲမှာ မြောက်ကိုးရီးယား ကျူးလွန်ခဲ့တဲ့ အပြစ်အပေါ် ခိုင်မာအား ကောင်းတဲ့ နိုင်ငံတကာတုံ့ပြန်မှု အရေးကြီးသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွေကနေ တဆင့်သာဖြစ်ရမယ်ဆိုပြီး သဘောတူ ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက ဒီနှစ် ဇန်န၀ါရီလဆန်း နျူကလီးယား စမ်းသပ်မှုနဲ့ ဖေဖော်ဝါရီလဆန်းမှာ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှု ပြန်လည်မြင့်တက်ခဲ့ရသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လည်း မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မှုအနေနဲ့ တောင်ကိုရီး ယားနိုင်ငံမှာ အမေရိကန် ခေတ်မီဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ကျက်ဖို့ နှစ်နိုင်ငံ ဆွေးနွေးနေသလို တရုတ်က ဒီအစီအစဉ်ကို ကန့်ကွက်ပြီး ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေလိမ့်မယ်လို့ သတိပေးထားပါတယ်။

DVB

No comments:

Post a Comment

My Blog List