Thursday, February 25, 2016

အနာဂတ်နိုင်ငံအတွက် ပညာတတ်များစွာလိုအပ်နေဟု ကာချုပ်ပြောကြား

မြန်မာနိုင်ငံမှာ ၂၀၀၄ မှ ၂၀၁၄ ခုနှစ် ၁၀နှစ်တာကာလအတွင်း သူငယ်တန်း ကနေ ၁၀ တန်း အောင်ပြီး တက္ကသိုလ်ပညာဆည်းပူးနိုင်သူ ၁၀၀ မှာ ၁၀ ဦးသာရှိပြီး အနာဂတ်နိုင်ငံတော်အတွက် ပညာတတ်များစွာ လိုအပ်နေတယ် လို့ မြန်မာတပ်မတော်အကြီးအကဲက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်က ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ် သင်တန်း သား အရာရှိကြီးတွေနဲ့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာလို့ သူ့ရဲ့ လူမှုကွန်ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၀၄ ခုမှာ သူငယ်တန်းတက်သူ ၁၂ သိန်းကျော်ရှိရာက ၂၀၀၉ ခုမှာ ပဉ္စမတန်း တက်ရောက်သူ ၆ သိန်း၊ ၂၀၁၃ ခုမှာ န၀မတန်းတက်သူ ၃ သိန်း ၇ သောင်းသာရှိတော့ပြီး ၂၀၁၄ခု တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၃၅၉၀၀၀ ဦးထဲက ၁၂၀၀၀၀ ဦး အောင်မြင်တဲ့အတွက် သူငယ်တန်းမှ တက္ကသိုလ်ဝင် တန်း အောင်မြင်ပြီး တက္ကသိုလ်ပညာ ဆည်းပူးနိုင်သူ ၁၀ ရာခိုင်နှုန်းခန့်ပဲ ရှိတော့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၂၀၀၅ မှာ သူငယ်တန်းတက်ရောက်သူ ၁၁၅၀၀၀၀ ဦးရှိရာက ၂၀၁၀ မှာ ပဉ္စမတန်းတက်ရောက်သူ ၆၄၀၀၀၀ ဦး၊ န၀မတန်းသို့ ရောက်ရှိချိန်မှာ ၄၁၀၀၀၀ ဦးနဲ့ တက္ကသိုလ်ဝင် တန်းရောက်ရှိသူ ၃၅၀၀၀၀ ဦး ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းပဲရှိတော့ တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အနာဂတ်နိုင်ငံတော်အတွက် ပညာတတ်များစွာ လိုအပ်နေပြီး တပ်မတော်အနေနဲ့ လည်း တပ်မတော်သားတွေကို သာမက တပ်မတော် သား မိသားစုဝင်တွေကိုပါ ပညာရည် မြှင့်တင်ရေး စီမံဆောင်ရွက်ပေး နေတယ်လို့လည်း တပ်မတော် အကြီးအကဲက ပြောသွားပါတယ်။

ဓာတ်ပုံ – Senior General Min Aung Hlaing
DVB


No comments:

Post a Comment

My Blog List