Thursday, February 25, 2016

မွန်အမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် သ၀ဏ်လွှာပေးပို့



(၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပထမဆုံး အကြိမ်ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့ ခဲ့ကြောင်း မွန်အမျိုးသားကျင်းပ ရေးကော်မတီမှ သတင်းရရှိသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို မွန်အမျိုးသား နေ့တွင် ဂုဏ်ပြုသ၀ဏ် လွှာပေးပို့ရန် ဖေဖော်ဝါရီ တတိယပတ်ကတောင်းဆို ခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ရောက်ရှိခဲ့ခြင်းမရှိကြောင်း မွန်အ မျိုးသားနေ့ ကျင်းပရေးကော်မတီ မှ တာဝန်ရှိသူက ပြောသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ အမျိုးသားနေ့အတွက် ဂုဏ်ပြု သ၀ဏ်လွှာကို ဖေ ဖော်ဝါရီ ၂၂ ရက်က ကြိုပို့ထား တယ်။ ဒီနေ့အထိ ကျွန်တော်တို့ကသမ္မတ သ၀ဏ်လွှာကို စောင့်မျှော်ခဲ့တယ် မရောက်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေ အများကြီးဝမ်းသာတယ်’’ဟု မွန် အမျိုးသားကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ နိုင်တလညီက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် မွန်အမျိုးသားနေ့အတွက် ဂုဏ်ပြုသ၀ဏ်လွှာ ကို ပထမဆုံးအကြိမ် ပေးပို့ခဲ့ခြင်း ဖြစ်သည်။‘‘ဟံသာဝတီမင်း နေပြည် တော်ကြီးထူထောင်တဲ့ အထိမ်း အမှတ်အနေနဲ့ မွန်အမျိုးသားနေ့ ကို သတ်မှတ်ကျင်းပခဲ့တာ မြန်မာ ပြည်ရဲ့ လွတ်လပ်ရေးသက်တမ်း တမျှဖြစ်နေပါပြီ။ မွန်အမျိုးသား တွေဟာ သမိုင်းမှာ ကိုယ်ပိုင်စာ ပေ၊ စကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနဲ့ တစ်ထီး တစ်နန်းနေခဲ့ကြတာ ဖြစ်ပါတယ်။ရှင်စောပုလို သမိုင်းမှာ တစ်ဦး တည်းသော အမျိုးသမီး ဘုရင်မ ပေါ်ထွက်ခဲ့သလို ဓမ္မစေတီမင်း လို ဘာသာရေးကို အလေးထား ပြီး သာသနာပြုခဲ့တဲ့ မင်းကောင်း မင်းမြတ်တွေလည်း ပေါ်ထွန်းခဲ့ တာ ဖြစ်ပါတယ်။ အခုလို တိုင်း ပြည်ရဲ့ အရေးကြီးတဲ့အသွင်ကူး ပြောင်းရေး ကာလမှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ဖို့ ပြည်ထောင်စုတိုင်းရင်း သားတွေ ရည်ရွယ်ထားတာ အား ရကျေနပ်စရာပဲ ဖြစ်ပါတယ်’’ ဟု ဖေဖော်ဝါရီ ၂၂ ရက်က ပေးပို့ထားသည့် ဒေါ်အောင်ဆန်း စုကြည်၏ သ၀ဏ်လွှာတွင် ရေးသားထား သည်။

‘‘ချင်းအမျိုးသားနေ့တုန်းက နိုင်ငံတော်သမ္မတက ဂုဏ်ပြုသ ၀ဏ်လွှာပေးပို့ ခဲ့တယ်။ ကျွန်တော် တို့ အမျိုးသားနေ့ကိုတော့ ဂုဏ်ပြု သ၀ဏ်လွှာမပို့ခဲ့ တော့ မွန်တိုင်း ရင်းသား တစ်ယောက် အနေနဲ့ စိတ်မကောင်းတော့ ဖြစ်မိတယ်’’ ဟု မော်လမြိုင်မြို့ရှိ မွန်တိုင်းရင်း သားတစ်ဦးက ပြောသည်။

မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်၊ ကရင်ပြည်နယ်ရှိ ဘုရား သုံးဆူမြို့နှင့် ရန်ကုန်တိုင်းဒေသ ကြီးတွင် (၆၉) ကြိမ်မြောက် မွန်အ မျိုးသားနေ့ကို ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

7Day News Journal




No comments:

Post a Comment

My Blog List