Thursday, February 25, 2016

အာရှပစိဖိတ်ဒေသမျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံတွင် မေဘရဏီသော်ပါဝင်ဆွေးနွေး


မြန်မာနိုင်ငံတွင် ပထမ ဆုံးအကြိမ်ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်း မာရေးနှင့် အခွင့်အရေးဆိုင်ရာညီ လာခံ၌ နိုင်ငံကိုယ် စားပြုအောင်မြင်ကျော်ကြား လူငယ်အမျိုးသမီး တစ်ဦးအနေဖြင့် တက် ရောက် ဆွေးနွေးခွင့်ရရှိခဲ့ကြောင်း မေဘရဏီသော်က ပြောသည်။
‘‘လွန်ခဲ့တဲ့ တစ်လလောက် က အဖိတ်ခံရတာပါ။ စကားပြော ဖို့ရောပေါ့။ အဓိကကတေ့ လိင် ပိုင်းဆိုင်ရာအကြမ်းဖက်တာတို့၊ ကိုယ်ဝန်ပျက်ကျတာတို့၊ အရွယ် မတိုင်ခင် လိင်ကျေးကျွန်ဖြစ်မှုတွေရယ်၊ လူကုန်ကူးခံရမှုတွေအ ကြောင်းတွေကို ပြောရတယ်။ နောက်ပြီး အဲဒါတွေကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အကြောင်း တွေ ပြောခဲ့ရပါတယ်’’ဟု မေဘရ ဏီသော်က ပြောသည်။

အဆိုပါညီလာခံကို APCRSHR(Asia Pacific Conference on Reproductive and Sexual Health and Rights) အဖွဲ့က ရှစ်ကြိမ်မြောက်ကျင်းပပြု လုပ် ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်ကျင်းပခြင်း ဖြစ်သည်ဟု မေဘရဏီသော်က ပြောသည်။

‘‘အတွေ့အကြုံတွေလည်း အများကြီးရတယ်။ ဆွေးနွေးပွဲ တွေလည်း ခဏခဏတက်ရတော့ မသိသေးတဲ့ အကြောင်းအရာ တွေလည်း အများကြီးလေ့လာခဲ့ ရပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါညီလာခံကို နေပြည် တော်၌ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ကျင်းပနေပြီး နိုင်ငံကိုယ်စားပြုအောင်မြင်ကျော်ကြားလူငယ် အမျိုးသားအနေဖြင့် စိုင်းစည်တွမ်ခမ်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

7Day News Journal


No comments:

Post a Comment

My Blog List