Monday, February 29, 2016

ဒုသမ္မတလောင်းနှစ်ဦးအဖြစ် တင်သွင်းမည့်ပုဂ္ဂိုလ်များကို ရွေးချယ် ဆုံးဖြတ်ခြင်း မပြုရသေးဟုဆို


ဒုသမ္မတ လောင်းနှစ်ဦးအဖြစ် တင်သွင်းမည့်ပုဂ္ဂိုလ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးချယ် ဆုံးဖြတ်ခြင်းမပြုရသေး ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော် ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နှင်း ဆီစံအိမ်၌ ပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီအစည်း အဝေး ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ မှ တင်မြှောက်မည့် ဒုတိယသမ္မတလောင်း နှစ်ဦး အမည်စာရင်းကို ပါတီတွင်း ဆုံးဖြတ် ခဲ့ခြင်းရှိ၊ မရှိ မေးမြန်းမှုအပေါ် ဦးဉာဏ် ဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒုသမ္မတနှစ်ဦးနေရာအတွက် မဆုံး ဖြတ်၊ မရွေးချယ်ရသေးပါဘူး။ အဓိက ဒီနေ့မှာ ပါတီတွင်းကိစ္စတွေ ဆွေးနွေးဆောင် ရွက်တာပါ''ဟု ဦးဉာဏ်ဝင်းက ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြောသည်။

ယခုပြုလုပ်ခဲ့သည့် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဒုသမ္မတလောင်းရွေးချယ်ရေးကိစ္စများပါ ဝင်သော် လည်း ဆုံးဖြတ်ချက် ချခြင်းမရှိ ကြောင်း ဦးဝင်းထိန်က ဆိုသည်။

''ဗဟိုအလုပ်အမှုဆောင်အစည်းအ ဝေးမှာ နိုင်ငံတော်သမ္မတရွေးတဲ့ ကိစ္စ တွေ၊ ပါတီစည်းရုံးရေးကိစ္စတွေ၊ တိုင်ကြား စာကိစ္စတွေဆွေးနွေးတာပါ။ အစိုးရဖွဲ့ဖို့ကိစ္စတွေ၊ ဆွေးနွေးဖို့ကိစ္စတွေ မပြီးပြတ်သေးဘူး။ ကျောင်းသား ကိစ္စတွေလည်း ထည့် မဆွေးနွေးဖြစ် ဘူး။ အရေးကြီးဆုံး ဖြတ်ချက်ချတာ မပါဝင်ပါဘူး'' ဟု ဦးဝင်းထိန်က အစည်းအဝေးအပြီး တွင် ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကာ ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးဝင်းမြင့်၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်၊ ဦးထွန်းထွန်းဟိန်၊ ဦးဟံသာမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်ခင်ဌေး ကြွယ်၊ ဒေါက်တာ အောင်မိုးညို၊ ဒေါက်တာဇော်မြင့်မောင်အပါအဝင်ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်အား လုံးတက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ယင်းလွှတ်တော်နှစ် ရပ်ရှိတပ်မတော်သားကိုယ်စားလှယ်များစသည့် အစုအဖွဲ့သုံးခုမှဒုတိယ သမ္မတလောင်းရွေးချယ်ရေးကိုမတ်လ ၁၇ ရက်နေ့တွင် စတင်ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြေညာ ထား သည်။

DT
Yangon Media Group

No comments:

Post a Comment

My Blog List