Thursday, February 25, 2016

နီဗားဒါးပြည်နယ် သမ္မတလောင်း ပဏာမရွေးပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရ

ရီပတ်ဘလီကန်ပါတီမှာ သမ္မတလောင်း ဒေါ်နယ်ထရမ့် (Donald Trump) ဟာ နီးဗားဒါးပြည်နယ် သမ္မတလောင်း ပဏာမရွေးပွဲမှာလည်း အသာအယာပဲ အနိုင်ရရှိသွားပြီး ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ဆက်ပြီးဦးဆောင်နေပါတယ်။ဒေါ်နယ်ထရမ့်ဟာ ဒီအရင် နယူးဟမ်းရှိုင်းယားပြည်နယ်နဲ့ တောင်ကယ်ရို လိုင်းနားပြည်နယ်တို့မှာပါ အနိုင်ရရှိထားပြီးဖြစ်လို့ ပြည်နယ် ၃ ခု ဆက်တိုက် အနိုင်ရရှိခဲ့တာပါ။
တခြား ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းတွေဖြစ်တဲ့ မာကိုရူဘီယို (Marco Rubio) ကတော့ ဒုတိယနေရာနဲ့ တက်ခရုစ် (Ted Cruz) ကတော့ တတိယ ရရှိထားပါတယ်။

လူ ၁ ဦး၊ မဲ ၂ ကြိမ်ပေးတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ မဲနယ်မြေတခုမှာ လုံလောက်တဲ့ မဲအရေအတွက် မရဘူးဆိုတဲ့ စွပ်စွဲမှုတွေကို ပါတီ ရွေးကောက်ပွဲအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

နီဗားဒါးပြည်နယ်ဟာ စပိန်ဘာသာ စကားပြောသူ အများအပြားနေထိုင်တဲ့ ပြည်နယ်တခုဖြစ်ပြီး ရီပတ်ဘလီကန်ပါတီကို ထောက်ခံသူ ၄၅ ရာခိုင်နှုန်းလောက်ဟာ ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့ကြတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ နီဗားဒါးပြည်နယ် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာတော့ ဟီလာရီ ကလင်တန်က အနိုင်ရရှိခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List