နောင်အစိုးရတက်လာမှ စီမံလုပ်ဆောင်နိုင်ဖို့ အချို့ကိစ္စရပ်များကို လက်ရှိအစိုးရက ဆိုင်းငံ့ထားတယ်ဆိုပြီး လုပ်ငန်းပေါင်း ၆၈ ခု စာရင်းကို အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြလာ တဲ့ ကိစ္စရပ်များအနက်မှ အချို့ကိစ္စရပ်များကို နောင်အစိုးရ တာဝန်ယူစဉ် စဉ်းစားစီမံ ဆောင်ရွက်နိုင်ရန်အတွက် အကြောင်းအရာများအလိုက် ဆိုင်းငံ့ထားတယ်ဆိုပြီး ဆိုင်းငံ့ထားတဲ့ လုပ်ငန်းတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်က ပြည်သူ့လွှတ်တော်မှာ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင် က အစိုးရတာဝန် လွှဲပြောင်းဖို့ ပြင်ဆင်နေချိန်အတွင်း စီမံကိန်းတွေ တက်သုတ်ရိုက်လုပ်နေတာ စိစစ်လုပ်ဆောင်ပေးဖို့ အရေးကြီးအဆို တင်ခဲ့ပြီးတဲ့နောက် အခု ဆိုင်းငံ့စာရင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွဋ်က အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်မှာ သွားရောက် ရှင်းလင်းဖြေကြားတာ မလုပ်ဘဲ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ထားပြီး ပြည်သူတွေ သိသသင့်တာကို ဆိုင်ရာဌာနတွေက သတင်းထုတ်ပြန်ပေးမယ် လို့ ထုတ်ပြောထားပါတယ်။
DVB

No comments:
Post a Comment