Tuesday, February 23, 2016

RCSS/SSA နှင့် အစိုးရအဖွဲ့ ထိုင်းနိုင်ငံတွင်တွေ့ဆုံ








ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) တို့ ယနေ့တွေ့ ဆုံဆွေးနွေးကြသည်။

ယင်းအစည်းအဝေးကို UPWC မှ ဝန်ကြီး ဦးအောင်မင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဦးလှမောင်ရွှေနှင့် အဖွဲ့ဝင်များ တက်ရောက်ပြီး RCSS/ SSA မှ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် တိုက်ပွဲများ ရပ်တန့်ရေးဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ၏ အနာဂါတ်နှင့် ပတ်သက်၍ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က မေးမြန်းခဲ့သည်ဟု RCSS/SSA ဘက်ကပြောသည်။

PSLF/TNLA နှင့် တိုက်ပွဲဖြစ်ပွားနေသည့် RCSS/SSA သည် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် စာချုပ်ကို လိုက်နာခြင်းမရှိကြောင်း ဝေဖန်မှုများလည်းရှိနေ သည်။

သတင်း၊ ဓာတ်ပုံ - ကျော်ခ
ဧရာဝတီ


No comments:

Post a Comment

My Blog List