Thursday, February 25, 2016

ကျောင်းသားများ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခွင့်ရရေးတင်ပြမည်


ရန်ကုန်မြို့တွင် ရုံးထုတ်စစ်ဆေးနေသောကြောင့် သာယာဝတီထောင်၌ ဖမ်းဆီးခံ ထားရသည့် ကျောင်းသားနှင့်ဝန်းရံ ပြည်သူများကို အင်းစိန် ထောင်သို့ ပြောင်းရွှေ့နိုင်ရန် တင်ပြမည်ဖြစ် ကြောင်း သတင်းရရှိသည်။ သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည့် ကျောင်းသား များအနက် ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင်၊ မဖြိုးဖြိုးအောင် အပါအ၀င် ကျောင်းသား အချို့ကို ရန်ကုန်မြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့ များက အမှုဖွင့်တရားစွဲဆိုမှုများ ရှိပြီး တစ်ပတ်လျှင် လေးရက်ခန့် ရန်ကုန်မြို့သို့ ရုံးထုတ်စစ်ဆေးမှု များရှိနေခြင်း ကြောင့် အင်းစိန် ထောင်သို့ ပြောင်းရွှေ့နိုင်ရန် တင်ပြမည်ဖြစ်ကြောင်း ကျောင်းသား ခေါင်းဆောင်များကပြောသည်။
‘‘ဒီရက်ပိုင်းတွေမှာ တရားစွဲ တာတွေများတဲ့အတွက် ရုံးချိန်း ထွက်ရတာ စိပ်လာတယ်။ ကျွန် တော်တို့ကို ထပ်ထပ်ပြီးတရားစွဲ နေတာက ကျွန်တော် တို့ရဲ့ အင် အားစုတွေ၊ မိဘဆွေမျိုးတွေကို ပြဿနာမတက်တက်လာအောင် ပိုဖိနေတဲ့သဘောဖြစ်နေတယ်။ ထောင်ပြောင်းဖို့အတွက်က ကျွန်တော်တို့ရဲ့ အကျိုးဆောင်ရှေ့ နေတွေ၊ ဒေါ်ညိုညိုသင်းနဲ့ မိဘ တွေ၊ လိုက်ပြီးဆောင် ရွက်ပေးနေ တယ်။ လာမယ့် နှစ်ပတ်အတွင်း အင်းစိန်ထောင်ကို ပြောင်းချင် တယ်’’ဟု ကျောင်းသားခေါင်း ဆောင် ကိုမင်းသွေးသစ်က ပြော သည်။

သပိတ်မှောက်ကျောင်းသား နှင့် ကျောင်းသားမိဘများ စုပေါင်း လက်မှတ် ရေးထိုး၍ အင်းစိန် ထောင်သို့ ပြောင်းရွှေ့နိုင်ရန် ပြည် ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ရှိ တရားသူကြီးချုပ်နှင့် ရဲမှူးချုပ် ထံသို့ တင်ပြမည်ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သိရ သည်။

‘‘သာယာဝတီကနေ သူတို့ က တစ်ပတ်မှာ ငါးရက်ရှိတာကို လေးရက် ရန်ကုန်မှာ ရုံးချိန်းလာ နေရတယ်။ သူတို့ကိုအခြားအချုပ် သားတွေနဲ့လည်း အတူတူလာဖို့ မဖြစ်နိုင်ဘူး။ ရဲတပ်ဖွဲ့က ကား ငှားပြီးစီစဉ်ရတာများတယ်။ အဲဒီ တော့ ရဲတပ်ဖွဲ့လည်း အဆင်မပြေ ဘူး။ ကျောင်းသားတွေကလည်း ရုံးချိန်အတွင်းမှာ တစ်နေ့ကို ခြောက်နာရီကားစီးပြီး လာနေရ တယ်။ ကျန်တဲ့အချိန် နှစ်နာရီ လောက်နဲ့ တရားရုံး နှစ်ရုံး၊ သုံးရုံး သွားနေရတာ အဆင်မပြေဘူး လေ။ အဲဒါကြောင့် အင်းစိန် ထောင်ကို ပြောင်းခွင့်ရဖို့ ကျောင်း သားတွေနဲ့ ကျောင်းသားမိဘတွေ လက်မှတ်ထိုးပြီး နောက်အပတ် ထဲမှာ တင်ဖြစ်မယ်’’ဟု ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER) မှ ဒေါက်တာညိုညိုသင်းက ပြော သည်။

ပြီးခဲ့သည့် ၂၀၁၅ မတ်လ ၁၀ ရက်က အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင် သပိတ်မှောက် ဆန္ဒပြသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူ များအား လက်ပံတန်းမြို့ ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြမ်း ဖက်ဖြိုခွင်းပြီး နောက် ၎င်းတို့ကို သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း၍ ၁၁ လကျော် ကြာမြင့်ချိန်အထိ သာယာဝတီမြို့ နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေး လျက်ရှိသည်။

ထို့ပြင် သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲများ၌ ပါဝင်မှု များဖြင့် ကျောက်တံတား၊ ဗိုလ်တ ထောင်၊ ပန်းဘဲတန်း၊ မင်္ဂလာ တောင်ညွန့်၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းနှင့် သန်လျင်မြို့နယ် များက စီတန်းလှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ပြီး ရုံး ထုတ်စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

သာယာဝတီမြို့နယ် တရား ရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသား များအပါအ၀င်ဝန်းရံပြည်သူများ၊ ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ကိုနန္ဒစစ် အောင်တို့ကို ဥပဒေနှင့်ဆန့်ကျင် သော အစုအဝေး၌ ပါဝင်မှုပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီး နောက် ဆက်လက်ပါဝင်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ် စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင် နေသော ၀န်ထမ်းကိုနာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ ဖြင့် တရားစွဲဆိုထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List