Friday, November 29, 2013

သဘာဝမကျတဲ့ UNFC ၏ စိတ်ကူးအိမ်မက်များ

Friday, November 29, 2013 
ယခုဆိုရင် ၂၀၁၃ ခုနှစ်ကုန်ပြီး ၂၀၁၄ ခုနှစ်ကို ရောက်ဖို့အချိန်ကလည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပါ တယ်။ ၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံ သားအားလုံး အလိုချင်ဆုံးဆန္ဒတစ်ခု ပြည့်ဝတဲ့နှစ်ဖြစ်မလား ဆို တာကို တော့ စောင့်ကြည့်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၄ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပ်မ တော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်တဲ့ အပစ်ရပ်စဲရေး လက်မှတ်ထိုးမယ်လို့ အစိုးရ ကကြေညာထား လို့ပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအပစ်ရပ်စဲရာ မြန်မာနိုင်ငံသားအားလုံးရဲ့ ရင်ထဲက အဖြစ် ချင်ဆုံးဆန္ဒတစ်ခုဆိုတာ မှားမယ်မထင်ပါဘူး။ ဒါ့ကြောင့် ပြည်သူအားလုံးက ၂၀၁၄ ခုနှစ်မှာအစိုးရနဲ့ တိုင်း ရင်းသားလက်နက် ကိုင်အဖွဲ့များ အပစ်ရပ်ဆဲရေး တကယ်လုပ်နိုင်မလားဆိုတာကို စိတ်ဝင် တစားနဲ့ စောင့် ကြည့်နေကြမှာ အသေအချာပါ။ 
သတ်မှတ်ထားသည့် အချိန်ကာလ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သဖြင့် အစိုးရနှင့်တိုင်းရင်းသား လက်န က်ကိုင်အဖွဲ့များက တစ်နိုင်ငံလုံးအပစ် ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းများကို အပြန်အလှန်ပေး ပို့ထား ပြီး ဖြစ်ပါတယ်။ အစိုးရပေးပို့ထားတဲ့ အပစ်ရပ်ရေးစာချုပ်မူကြမ်းကိုတော့ UNFC ၏ အတွင်းရေးမှူး နိုင်ဟံ သာက ဤစာချုပ်မူကြမ်းက တိုင်းရင်းသားတွေ အနေနဲ့ လက်မခံနိုင်ပါဘူးလို့ ဆိုခဲ့ပါတယ်။ စာချုပ်ရဲ့ ၃၀ % ခန့်သာလက်ခံ နိုင်ပြီး အများစုမှာ လက်မခံနိုင်တဲ့အကြောင်းတွေ ဖြစ်နေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အဲ ဒီစာချုပ်မူကြမ်းကို တိုင်းရင်းသားလက်ကိုင်အ ဖွဲ့တွေအားလုံး ကိုယ်စားလား၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ် ခု ကိုယ်စားလား၊ သို့မဟုတ် တစ်ဦးတစ်ယောက်ခံစားချက်နဲ့ တုန့်ပြန်တာလားဆိုတော့ စဉ်းစားစရာပါပဲ။ ယခုရက်ပိုင်းတွင် UNFC အဖွဲ့၏ လှုပ်ရှားမှု ပိုမိုများလာတာ ကို တွေ့ရပါတယ်။ MPC အနေဖြင့် လွတ်လပ် စွာဆွေးနွေးနိုင်ရန်အတွက် UNFC နှင့် နိုင်ငံရေးပါတီ ၁၁ ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းမိုင်မှာ တွေ့ဆုံပွဲပြု လုပ်ပေးခဲ့သလို ရန်ကုန်သို့လာရောက်ရန် ဖိတ်ခေါ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မဆိုတွေ့ဆုံဖို့လဲ ခွ င့်ပြု ပေးခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်လာပြီးလို့ ဆိုနိုင်ပါ တယ်။

UNFC အနေဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရရှိရန်အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့လား။ UNFC ခေါ င်းဆောင်တွေကလည်း အမှန်တကယ်ငြိမ်း ချမ်းရေးကို လိုချင်တဲ့သူတွေလား။ အစိုးရက ဘာလုပ်လုပ် ကန့် ကွက် နေမယ်၊ တစ်ဖက်သတ်အပြစ်တွေကိုသာ ပြောနေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရဖို့ ဆို တာ ဝေး သာ ဝေးဖြစ်နေဦး မှာပဲ။ တကယ်ငြိမ်းချမ်းရေး လိုချင်ရင် မတူတာတွေ ခဏဘေးဖယ်ထားပြီး ရှေ့ဆက် သွားမှ သာ ငြိမ်းချမ်းရေး ရရှိနိုင်မယ်လို့ ထင်မိပါတယ်။ UNFC ခေါင်းဆောင်များအနေဖြင့် မိမိဖြစ်ချင်တာ ထက် ဖြ စ်သင့်တာကို ဦးစားပေး သင့်ပါတယ်။ အပြောကသာ ငြိမ်းချမ်းရေးရေ အာင် ဆောင် ရွက်နေတယ် လို့ နားေ ထာင်ကောင်းအောင် ပြောနေမည့် အစား လက်တွေ့မှာ အမှန်တကယ် ပူးပေါင်းညှိနှိုင်းဆောင် ရွက်ဖို့ လိုပါ လိမ့်မယ်။ 

အစိုးရ၏ အပစ်ခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို ကန့်ကွက်သလို ၎င်းတို့တင်ပြထားသည့် စာချုပ်မူကြမ်း ကို လည်း ပြန်လည်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ စာချုပ်ပါ အချက်တွေက တကယ်ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူး လားဆိုတာ သိသာပါတယ်။ ပြည်ထောင်စုတပ်မတော်မှာ တိုင်းရင်းသားတွေ အချိုးကျ ပါဝင်ရေး၊ တိုင်းရင်း သား တပ်ရင်းတွေ ဖွဲ့စည်းရေး၊ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို တိုင်းရင်းသားအဖွဲ့တွေထဲမှ အလှည့်ကျ တာဝန် ထမ်းဆောင်ဖို့ စသည့်တောင်းဆိုချက်များကို တွေ့ရှိရပါတယ်။ ကာကွယ်ရေးဦးစီးချုပ် အလှည့်ကျ လုပ်ဖို့၊ တိုင်းရင်းသားတပ်ရင်းတွေဖွဲ့ဖို့၊ (ကြည်း၊ရေ၊လေ)တပ်များမှာ အချိုးကျ တာဝန်ထမ်း ဆောင်ဖို့ဆို တာတွေက ပြောသလောက် လွယ်ကူလိမ့်မည်ဟု မထင်မိပါဘူး။ UNFC ၏ တောင်းဆိုချက်တွေက သ ဘာ ၀မကျတဲ့ တောင်းဆိုချက်တွေပဲလို့ ထင်မိပါတယ်။ မဖြစ်နိုင်မှန်းသိလျက်နဲ့ တောင်းဆိုနေတာဟာ ငြိမ်းချမ်း ရေးကို မလိုချင်လို့ လားဟု ထင်မိပါတယ်။ UNFC အနေဖြင့် ငြိမ်းချမ်းရေး ရဖို့တကယ်ကြိုး ပမ်းနေ တာလား၊ ဒါမှမဟုတ် ၎င်းတို့ အာဏာရဖို့ ကြိုးစားနေတာလားဆိုတာတော့ ဝေခွဲမရ ဖြ စ်နေပါတ ယ်။ နိုဝင် ဘာ ၂၅ ရ က်နေ့ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်က လည်း အပြန်အလှန်အာဏာ ရေ ရးကိစ္စတွေ ကို သဘောတူကြသေးတယ်။ ဒေါ်စုကြည်က ဖက်ဒရယ်တပ်မတော်တည်ထောင်ဖို့ သဘော တူသလို UNFC က လည်း ဒေါ်စုကြည် သမ္မတဖြစ်ဖို့ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်သင့်တယ် လို့ပြောခဲ့ပါတယ်။ 

UNFC အနေဖြင့် တိုင်းရင်းသားလက်နက်အဖွဲ့အားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်သလား၊ ငြိမ်း ချမ်းရေးကို အမှန်လိုချင်သလား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုပြီး ငြိမ်း ချမ်းရေးကို အမှန်တကယ်လိုလားပါက UNFC အဖွဲ့၏ သဘာဝမကျသော တောင်းဆိုချက်များနဲ့ အာဏာ လိုချင်သော စိတ်ကူးအိမ်မက်များကိုဘေးဖယ်ထားပြီး တိုင်းရင်းသားပြည်သူ အားလုံးမျှော်လင့်နေတဲ့ စစ်မှန် သည့် ငြိမ်းချမ်းရေးရရှိအောင် ၀ိုင်းဝန်းဆောင်ရွက်သွားဖို့ လိုပါလိမ့်မည်ဟု ထင်မြင်မိပါတယ်။

ညီနောင်ဘွား

No comments:

Post a Comment

My Blog List