Sunday, November 24, 2013
နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေခြင်းကြောင့် ဝေဖန် ခံနေရသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေလေ့ ရှိသော်လည်း မည်သည့် ပါတီကိုမျှ ဘ က်လိုက်မည် မဟုတ်ကြောင်း ပြောကြားသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော် ရှင် မဟာဗျူဟာ စီမံကိန်းအတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြ စ်သည်။
“ပုဂ္ဂိုလ်ရေးအရ ခင်မင်တာပါ။ ခင်မင်တာနဲ့ ဘက်လိုက်တာနဲ့ တခြားစီပဲ။ အားလုံး ဥပဒေအောက်ကပဲ သွား နေတာပါ” ဟု ၎င်းကဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နီးကပ်စွာ နေခြင်းသည် မိတ်ဆွေအဖြစ် ခင်မင်ခြင်း ဖြစ်ပြီး ပါတီနိုင်ငံရေး လုပ်ခြင်း မဟုတ်သောကြောင့် ဘက်လိုက်စရာ အကြောင်း မရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။
“နိုင်ငံရေး ခေါင်းဆောင်ပိုင်းတွေရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို ကြည့်ပြီး ဘက်လိုက်ခြင်းရှိ မရှိ ပြောလို့မရဘူး။ အဲလို ပြောစတမ်းဆို ဘယ်သူမှလွတ်မှာ မဟုတ်ဘူး” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖု န်းမြင့် အောင်က ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ၂၀၁၀ ပြည့်နှစ် ရွေးေ ကာက် ပွဲတွ င် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း အနေနှင့် ဝင်ရော က် ယှဉ် ပြိုင်ခဲ့ပြီး အနိုင် ရရှိခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတက ရွေးကောက် ပွဲ ကော် မရှင် ဥ က္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းပြီး လွှတ်တော်က ထောက်ခံ ခဲ့သောကြောင့် ကော်မ ရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment