Wednesday, November 27, 2013

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် တာဝန်ရှိသူများမစွက်ဖက်ရန် ဦးဇော်ဇော်ပြောကြား

Wednesday, November 27, 2013 
ဆီးဂိမ်းဘောလုံးပြိုင်ပွဲများတွင် တာဝန်ရှိသူများအနေဖြင့် ဒိုင်၏အဆုံးအဖြတ်ကိုကျော်လွန်ပြီး ၀င်ရောက် စွက်ဖက်ခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြားသည်။

ဘောလုံးပွဲများတွင် လုံခြုံရေးအခြေအနေအရ ဆုံးဖြတ်ရန်ရှိလာပါက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘော လုံးအဖွဲ့ချုပ်တို့၏ စည်းမျဉ်းများအတိုင်း ပွဲရပ်ခြင်း၊ ပွဲစတင်ခြင်းကို နိုင်ငံတကာအသိအမှတ်ပြု ဒိုင်လူကြီး က သာ ဆုံးဖြတ်ကြောင်း ၎င်းတို့၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း ဦးဇော်ဇော်ကရှင်းပြသည်။
“ဒီမှာကျတော့ နည်းနည်းလေးအာဏာရှိတဲ့ပုဂ္ဂိုလ် မှားတဲ့အခါကျတော့ ရပ်လိုက်ပါလား၊ ပြန်စလိုက်ပါလား ဆိုရင် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းနဲ့ ဆန့်ကျင်တာဖြစ်သွားမယ်။ ဒါကြောင့် နည်းနည်းလေး ကြိုပြော ထားချင်တာပါ”ဟု နေပြည်တော်ရှိ ဇေယျာသီရိဘောလုံးကွင်းတွင် နိုဝင်ဘာ ၂၂ ရက်က ကျင်းပခဲ့သော ညှိ နှိုင်းအစည်းအဝေး၌ ဦးဇော်ဇော်ကပြောကြားခဲ့သည်။

ထိုကဲ့သို့ ၀င်ရောက်လွှမ်းမိုးခြင်းများပြုလုပ်ပါက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်များက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ၃ ကြိမ်၊ (သို့မဟုတ်)၅ ကြိမ် စသည့်ဖြင့် ပိတ်ပင်ခြင်းမျိုး ပြုလုပ်လာနိုင် သ ည့်အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

“ဒါက ဖီဖာရဲ့ Regulation အမှန်ပါ။ ဖြစ်နိုင်တဲ့အနေအထားမျိုးလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ နောက်ဆုံး ကွန်မန့်က ဒိုင်လူကြီးရဲ့ကွန်မန့်ပဲ ဖြစ်တယ်ဆိုတာကို တစ်ခါတည်းတင်ပြတာပါ”ဟု ဦးဇော်ဇော်က ရှင်းလင်း ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List