Tuesday, November 26, 2013

နိုင်ငံရေးပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များက ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားများအား ရှင်းပြ

Tuesday, November 26, 2013 
နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်ပရောက် နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံကာ ပြန်လည် ရောက်ရှိလာသည့် ပြည်တွ င်းနိုင်ငံရေးပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များက သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း နှင့် နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ တိုင်းရင်းသား လက်န က်ကိုင်များက မှာကြားလိုက်သည့် သတင်းစကားများအား ရှင်းပြခဲ့သည်။
ချင်းမိုင်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံရာ၌ အာဏာခွဲဝေရေး ဆိုင်ရာ ကိစ္စရပ်များ၊ သယံဇာတ ခွဲဝေရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ လူမျိုးစု အခွင့်အရေး များဆိုင်ရာ ကိစ္စရပ်များ၊ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ဖက်ဒရယ် ပြည်ထောင်စုနှင့် ဖက်ဒရယ်ပြည်ထောင်စု တပ် မ တော်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းကိစ္စရပ်များနှင့် ပတ် သက်ပြီး နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များက ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံစဉ် ပြန်လည် ရှင်းပြ ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ချင်းမိုင်ကို သွားတယ်။ ချင်းမိုင်မှာ UNFC အဖွဲ့ နောက် ABSDF၊ RCSS၊ ရှမ်းလူငယ် အဖွဲ့ နောက်ပြီးတော့ အမျိုးသမီး အဖွဲ့တွေနဲ့ တွေ့ခဲ့တယ်။ ကျွန်တော်တို့ ကလည်း ကျွန်တော်တို့ ထင်မြ င်တာ တွေကို ပြောခဲ့တယ်။ ဟိုဘက်က လူတွေရဲ့ ပြောကြားချက်တွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းကို ပြန်ပြီးတော့ ပြောပြတယ်။ ပြည်ပရောက် လက်နက်ကိုင် အဖွဲ့တွေရော လက်နက်မကိုင်ဘဲနဲ့ လူမှုေ ရး လု ပ်နေတဲ့ အဖွဲ့တွေရော သူတို့ရဲ့ အမြင်တွေ သူတို့ရဲ့ မှာလိုက်တဲ့ သတင်းလွှာတွေကို ဒီဘက်က လ ည်း သိ အောင် လုပ်စရာရှိတာ ပြန်လုပ်လို့ရအောင် ကျွန်တော်တို့က ပြန်ပြီးတင်ပြတာ'' ဟု ရခိုင်တိုင်း ရ င်းသား ရေး ရာဝန်ကြီး ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ''ဒီနေ့ ဦးအောင်မင်းက ပြောတယ်။ ဖက်ဒရယ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကိစ္စ၊ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေအတွက် ယုံကြည်မှုတွေ ခိုင်မာေ စချင် ပါတယ်လို့ ပြောတယ်။ ဒီဟာတွေဟာ ငြိမ်းချမ်းရေး မူဘောင်တွေထဲမှာ အကုန်ပါဝင်ပြီး ဖြစ်တယ် လို့ ဆိုတယ်။ အပစ်အခတ် ရပ်စဲပြီး လက်မှတ်ထိုးပေးပြီးရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆက်လုပ်မယ်။ အမှန် တော့ ဒါကလည်း နှစ်ဦးနှစ်ဖက် နားလည်မှုတွေ မတူညီပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သွားနေတာ ပါ ပဲ'' ဟု ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရီးစဉ်သို့ သွားရောက်ခဲ့သည့် နိုင်ငံရေးပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များမှာ ဦးခ င်မောင် ဆွေ (ဥက္ကဋ္ဌ) အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒေါ်သန်းသန်းနု (အတွင်းရေးမှူး ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဦးမျိုးညွန့် (အတွင်းရေးမှူး) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဦးစိုင်းအို က်ေ ပါင်း (ဥက္ကဋ္ဌ) ရှမ်းတို ဘင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်း သားေ ရးရာဝန်ကြီး) ရန်ကုန် တို င်း၊ ဦးစောထွန်းအောင်မြင့် (ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး) ရန်ကုန်တိုင်း၊ ဦးနိုထန်ခပ် (ချင်းတိုင်းရင်း သား ရေးရာဝန်ကြီး) စစ်ကိုင်းတိုင်း၊ ဦးဇိုဇမ် (ဥက္ကဋ္ဌ) ချင်းအမျိုးသားပါတီ၊ ဦးစိုင်းညွန့်လွင် (အတွင်းရေးမှူး) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဦးနေမျိုးဝေ မတူကွဲပြာြး ခင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒေါ်နန်းခင် ထွေးမြင့်(စီအီးစီ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List