Friday, November 29, 2013

မန္တလေးမြို့လယ် ၂၆ လမ်းကို သမိုင်းဝင် အာဇာနည်လမ်း အဖြစ် ပြောင်းခေါ်ရန် အဆိုတင်သွင်းမည်

Friday, November 29, 2013
မန္တလေးတိုင်းဒေသကြီး၌ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းတွင် ကျင်းပမည့် နဝမအကြိမ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ မန္တလေးမြို့လယ် အထင်ကရ လမ်းမကြီး တစ်ခုဖြစ်သည့် ၂၆ လမ်းကို သမိုင်းဝင် မူရင်း နာမည် ဖြစ်သည့် အာဇာနည်လမ်းအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ရန် အဆိုတင်သွင်းမည် ဖြစ်ကြောင်း နိုဝင်ဘာ လ ၂၈ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်တ င်တင်မာက ပြောကြားသည်။
၁၃၀၀ ပြည့် အရေးတော်ပုံကို မန္တလေးမြို့တော်က ထောက်ခံရန် ပြသသည့် အနေနှင့် အိမ်တော်ရာ ဘုရား တွင်းရှိ ဆယ့်လေးခန်းဇရပ်မှ မန္တလေးလူထု တစ်သိန်းကျော်သည် နယ်ချဲ့အင်္ဂလိပ်တို့ကို ဆန့်ကျင်ရန် အ တွက် ၂၆ လမ်းအတိုင်း ချီတက်လာရာ ယင်းလမ်းပေါ်ရှိ မြန်မာ့ စီးပွားရေးဘဏ် (၁) ရှေ့တွင် အင်္ဂလိ ပ်စစ် တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းရာ ရဟန်းရှင်လူ ၁၇ ဦး ကျဆုံးခဲ့သဖြင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ဖဆပလခေတ်မှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်အထိ အာဇာနည်လမ်းဟု ခေါ်တွင်ခဲ့ကြောင်း၊ ၁၉ ၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်မှစ၍ ယခုအချိန်ထိ အများပြည်သူများက ၂၆ လမ်း ဟု ခေါ်တွင်နေသောကြောင့် ယနေ့ အချိန်အခါသည် ၁၃၀၀ ပြည့် အရေးတော်ပုံ၏ (၇၅) နှစ်ပြည့်သည့် အချိန် နှင့် တိုက်ဆိုင်နေသောကြောင့် အာဇာနည် ၁၇ ဦးကို ဂုဏ်ပြုသည့် အနေနှင့် (၂၆) လမ်းမကြီးကို အာဇာ နည်လမ်းဟု ပြောင်းလဲခေါ်ဆိုရန် လွှတ်တော်သို့ အဆိုတင်သွင်းရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအပြင် အထက်ပါ အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံ လိမ့်မည်ဟု ယုံကြည်သဖြင့် တင်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ဒီအဆိုက အပြုသဘောဆောင်တဲ့ အနေနဲ့ တင်သွင်းမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေ နဲ့ ပြောင်းလဲ ခေါ်ဝေါ်ပေးဖို့ သင့်တော်တဲ့ အချိန်အခါ ကောင်းလည်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အင်္ဂလိပ် အစိုးရလက်ထက်တွင် ၃၅ လမ်းကို အေလမ်းဟု ခေါ်ဆိုသတ်မှတ် ခဲ့ပြီး ၂၆ လမ်းကို ဘီလမ်း အဖြ စ်၊ ၁၉ လမ်းကို စီလမ်းအဖြစ် ခေါ်ဝေါ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ခဲ့ရသည်ဟု မြို့ခံ သမိုင်းပ ညာရှင်များက ထပ်လောင်း ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာ ကော်မတီ (MCDC) နယ်နိမိတ် အတွင်းရှိ မြို့နယ်လမ်းများကို အမည် အခေါ်အဝေါ် ပြောင်းခြင်း၊ အမည် မှည့်ခြင်းများကို စည်ပင်သာယာရေး ဥပဒေ By Law များတွင် ပြဋ္ဌာန်း ချက်များ အတိအကျ ရှိကြောင်း MCDC လမ်းတံတားဌာနမှူး ဒေါ်ခင်မေဌေးက ပြောကြားသည်။

“၂၆ လမ်း အမည်ပြောင်းမယ့် ကိစ္စကို အဖွဲ့တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးမှ ထင်မြင်ချက် ပေးနိုင်မယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်လှက ပြောကြားသည်။ 

မန္တလေးမြို့တော်တွင် မြို့နယ်ပေါင်း ခြောက်မြို့နယ် တည်ရှိပြီး လမ်း၊ ရပ်ကွက်များ၏ အခေါ်အဝေါ် အများ စုသည် မင်းတုန်းမင်းကြီး လက်ထက်မှ စတင်ခေါ်ဝေါ်ခဲ့သည့် အမည်အများစုအတိုင်း ဆက်လက် သုံးစွဲနေ ကြောင်း MCDC ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List