Thursday, November 28, 2013
သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်များမှ မူလပိုင်ရှင်များက ဒုတိယနေ့အဖြစ် သပိတ်စခန်း ဆက်လက်ဖွင့်ထားပြီး တောင်းဆိုနေ သည်ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ မနေနွယ်သန်းက နိုဝင်ဘာ ၂၇ တွင် မဇ္ဈိမကို ပြောသည်။
သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် တိုင်းအစိုးရမှဖြေရှင်းပေးစေလိုသဖြင့် ရန်ကုန်တိုင်းသ င်္ဃန်း ကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂ နှင့် ၃ မူလပိုင်ရှင်များက နိုဝင်ဘာ ၂၆ ရက်တွင် ယ င်း နေရာ၌ပင် သပိတ်စခန်းဖွင့်လှစ် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် သပိတ်စ ခန်းဖွင့်လှစ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ လာရောက်ညှိနှိုင်းမှုများ မရှိသေးဟုလည်း မနေနွယ်သန်း က ဆို သည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ မြေသိမ်းမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်ကော်မရှင်က အစီ ရင် ခံစာ သုံးစောင် ထုတ်ပြန်ထားပြီး မိကျောင်းကန် မြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ ခိုင်ေ ရး နှင့် ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း လင်း က “သူတို့ကိစ္စကို ကျွန်တော်တို့ရဲ့ အစီရင်ခံစာ အပိုင်းလေးမှာ ထည့်ပြီး တင်ပြသွားမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်တော်ထဲမှာ မေးခွန်းမေးထားတယ်။ အဖြေမထွက်သေးဘူး။ ဒီမြေတွေက သိမ်းထား တယ်ဆိုပေမယ့် ဘာလုပ်ငန်းမှလည်း မလုပ်ဘူးဆိုတော့ သူတို့ကို ပြန်ပေးစေချင်တယ်”ဟု ပြောသည်။
သိမ်းဆည်းမြေများ ပြန်ရရန် ၎င်းတို့က အောက်တိုဘာ ၂ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး တွ င် ပထမအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံ စမ်းေ ရးကော်မရှင်မှ ယင်းကိစ္စကို တာဝန်ယူသည်ဟု ကတိပေးခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်တွင် သပိတ်စ ခန်း ပိတ်သိမ်းခဲ့သည်။
မိကျောင်းကန် အပိုင်း ၁၊၂၊၃ မြေနေရာများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ၁၉၉၁ ခုနှစ်က ယခုဆန္ဒပြ သ ည့် မူလပိုင်ရှင်များထံမှ သိမ်းယူခဲ့ပြီး သီးပင်၊ စားပင် စိုက်ပျိုးသူများကို အငှားချထားပေးသည်။
ယင်းအငှားချထားသူများကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက နေရာပြောင်းရွှေ့ခိုင်းရာတွင် အင်အားသုံးဖြေ ရှ င်းခဲ့သည်။ ယင်းနောက် တပ်စည်ပင်က လွှဲပြောင်းယူခဲ့ပြီး ခြံစည်းရိုးများ ကာထားခဲ့ခြင်း ဖြစ်သည်။
လယ်ယာမြေ သိမ်းဆည်းခံရမှုများကြောင့် နစ်နာခဲ့ရသည့် ပြည်သူများအနေဖြင့် ပြည်ထောင်စုလွှတ် တော် က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်သို့ ဆက်သွယ် တိုင်ကြားနိုင်သည်။ ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် မြေအသုံးချ မှုစီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် အောက်ခြေကော်မတီအဆင့်ဆင့်မှ မည်သည့်အဆင့်ကိုမဆို တိုင်ကြားနိုင်သည်။
Mizzima - News in Burmese
No comments:
Post a Comment